![]() ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ) |
မိုးမခ အထောက်တော် | ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်တော် မြေးဖြစ်သူ ဖိုးလပြည့်သည် နာမည်ကြီး မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည် နှင့် ယခုလ ၁၃ ရက်နေ့က ရန်ကုန်မြစ် အတွင်း သင်္ဘောဖြင့် လည်ပတ် ခဲ့သည် ဟုသိရသည်။
နေ့ဝက်ကြာ လည်ပတ်သည့် ၎င်းခရီးစဉ်တွင် မြပုဏ္ဏမီ အပျော်စီး ဇိမ်ခံ သင်္ဘောဖြင့် နန်းသီတာဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ သင်္ဘော တစ်စီးဖြင့် ရဲအရာရှိများ၊ ရဲထောက် လှမ်းရေးများ လိုက်ပါ စောင့်ရှောက် ပေးခဲ့ရသည်ဟု လုံခြုံရေး တာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသူ တဦးက ပြောသည် ။

၎င်းခရီးစဉ် အတွက် ကုန်ကျ စရိတ်များ ပေးဆောင်ခြင်း မရှိကြောင်း၊ မြပုဏ္ဏမီ သင်္ဘောကို ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ကြောင်း သိရှိရသည်။ ၎င်းသတင်း မပေါက်ကြားရေး စေရန် လိုက်ပါ ဆောင်ရွက် ပေးခဲ့သူများကို ညွှန်ကြား ထားသည်ဟု ဆိုသည်။
ဖိုးလပြည့်သည် ပြီးခဲ့သည့် သြဂုတ်လက ဗဟန်းမြို့နယ် ချင်းချောင်း နန်းတော်ရှေ့တွင် ဖွင့်လှစ် ထားသည့် ဆဲဗင်း လက်ကာ အမည်ရှိ အဆင့်မြင့်ကော်ဖီဆိုင်အား ဖျက်ဆီးရန် အမိန့်ပေး စေခိုင်းခဲ့သဖြင့် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်များနှင့် အစိုးရ အရာရှိ အသိုင်းအ၀ိုင်းကြား နာမည်ကြီးခဲ့သူဖြစ်သည်။
တချို့ကလည်း ထိုသို့ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းကို ရွံ့ရှာစွာ ဝေဘန် ပြောဆို ခဲ့ကြသည်။
source by : မိုးမခ

0 comments:
Post a Comment