အိမ်ဖော်အလုပ်ဖြင့် အသက်မွေးသူ များပြားလာ

Saturday, December 19, 2009 ·

အောင်သက်ဝိုင်း | အလုပ်အကိုင် ရှားပါး လာမှုကြောင့် နယ်ကျေးလက် ဒေသများမှ အမျိုးသမီးငယ် အများအပြားသည် ရန်ကုန်အပါအ၀င် မြို့ကြီးများတွင် အိမ်ဖော်အဖြစ် အသက် မွေးဝမ်းကျောင်းမှု များပြား လာကြောင်း သိရသည်။

အသက် ၁၂ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသမီး များသည် ရန်ကုန်မြို့သို့ လာရောက်၍ အိမ်ဖော်အလုပ်ကို လုပ်ကိုင် အသက်မွေး ၀မ်းကျောင်းလာကြကြောင်း ရန်ကုန်အခြေစိုက် အိမ်ဖော်ပွဲစား သတင်းရပ်ကွက်မှ သိရသည်။

“အိမ်ဖော် လုပ်ဖို့ ဆက်သွယ်တဲ့ နယ်က ကလေးမတွေ တော်တော်များလာတယ်။ အရင်က တလကို အိမ်ဖော် လုပ်ဖို့ ဆက်သွယ်တာ အယောက် ၂၀ ကနေ ၃၀ ကြားပဲရှိတယ်။ အခုနောက်ပိုင်း အိမ်ဖော်လုပ်ဖို့ လာဆက်သွယ်တဲ့ မိန်းကလေးဦးရေ တလကို ၁၀၀ ကျော် အထိ ရှိလာတယ်။ အသက်အရွယ်မျိုးစုံပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ဖော်ပွဲစား တဦးက ပြောသည်။

အိမ်ဖော် အလုပ်လုပ် ကိုင်ကြသည့် အမျိုးသမီးအများစုမှာ ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ ကရင်ပြည်နယ်နှင့် အညာ ဒေသများမှ ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ပျဉ်းမနား ဒေသများမှ အများဆုံး ခေါ်ယူ ခိုင်းစေသည်ဟု သိရသည်။

လသာ မြို့နယ်မှ အိမ်ဖော်ပွဲစား တဦးကလည်း “ဧရာဝတီတိုင်းက လာတာ အများဆုံးပဲ။ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ လပွတ္တာ၊ ကျိုက်လတ်၊ မော်ကျွန်း၊ ဓနုဖြူ၊ ဟင်္သာတ ဘက်က လာကြတယ်။ ပဲခူး၊ မကွေး၊ အညာဒေသတွေနဲ့ ကရင် ပြည်နယ်တွေ ဆီကလည်း လာတယ်” ဟု ဆိုသည်။

အိမ်ဖော် မိန်းကလေးများကို မြို့ပြ ဒေသများမှ ငွေကြေး တတ်နိုင်သော မိသားစုများက ခေါ်ယူ ခိုင်းစေကြ သကဲ့သို့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် ကဲ့သို့သော စားသောက်ဆိုင်များ၊ ဈေးဆိုင်များကလည်း ခေါ်ယူ ခိုင်းစေ သည်ဟု သိရှိရသည်။

အိမ်ဖော် အဖြစ် အလုပ်လုပ်သည့် နယ်ဒေသမှ မိန်းကလေးများ များပြားလာရခြင်းမှာ ကျေးလက် တောရွာများတွင် ကောက်စိုက်၊ ကောက်ရိတ် ကဲ့သို့သော အလုပ်ကြမ်း လုပ်၍ ရရှိသော ၀င်ငွေ နည်းပါး သောကြောင့် မိသားစု စားဝတ်နေရေး အဆင်မပြေခြင်း၊ ပုံမှန် အလုပ်အကိုင်မရှိခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့် လာခြင်း တို့ကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်ကြသူ အမျိုးသမီးများက ပြောသည်။

“ရွာမှာက ကောက်စိုက်၊ ကောက်ရိတ်၊ ထင်းခွေ အလုပ်ကြမ်းတွေပဲ ရှိတယ်။ အဲဒီအလုပ်တွေက ကိုယ့်ထမင်း ကိုယ်စား တနေ့ ၁၂၀၀ လောက်ပဲရတယ်။ လူဦးရေများတဲ့ မိသားစု ဆိုရင် ထမင်းတောင် နပ်မမှန်ဘူး၊ ငတ်တလှည့် ပြတ်တလှည့်ပဲ။ သမီးတို့ရွာက မိန်းကလေးတွေ အားလုံးနီးပါး ရန်ကုန်မှာ အိမ်ဖော်လာလုပ်ကြတယ်” ဟု ရန်ကုန် မြို့လယ်တွင် ဖွင့်ထားသော ထမင်းဆိုင် တဆိုင်၌ အိမ်ဖော် လုပ်နေသော အိမ်မဲ မြို့နယ် ကျေးရွာ တရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးက ရှင်းပြသည်။

အိမ်ဖော် အဖြစ် လုပ်ကိုင်ကြသူ အမျိုးသမီးများသည် တလလျှင် လစာ အနည်းဆုံး ၈၀၀၀ ကျပ်ခန့်ရရှိကြပြီး ၎င်းတို့ရရှိသော လစာများကို နယ်ရှိ မိသားစုများထံ ထောက်ပံ့ကြသည်ဟု အိမ်ဖော်ပွဲစားများက ဆိုသည်။

“အိမ်ဖော်အလုပ်လုပ်တဲ့ ကလေးမတွေက သူတို့လစာတွေကို ၂ လစာ၊ ၃ လစာ ကြိုထုတ်ပြီး နယ်က မိသားစုတွေဆီ ပြန်ပို့ကြတယ်။ သူတို့ဆီက ရတဲ့ ပိုက်ဆံနဲ့ မိသားစုက စားဝတ်နေရေး ပြဿနာကို ဖြေရှင်းကြရတယ်” ဟု ၁၂ နှစ်ခန့် အိမ်ဖော်ပွဲစားအလုပ် လုပ်ကိုင်နေသည့် လှိုင်မြို့နယ်မှ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦးက ရှင်းပြသည်။

အိမ်ဖော်အလုပ် လုပ်ကိုင်သူ များပြားလာခြင်းနှင့်အတူ အိမ်ဖော်ပွဲစားလုပ်ငန်း လုပ်ကိုင်သူလည်း များပြားလာကြောင်း သိရသည်။အိမ်ဖော်ပွဲစားများသည် အလုပ်လိုချင်သော အိမ်ဖော်မိန်းကလေးထံမှ အလုပ်ရှာပေးခ လခတလစာ ရယူသကဲ့သို့ အိမ်ဖော် လိုချင်သူ အိမ်ရှင်များထံမှလည်း ရှာပေးခအဖြစ် ပွဲစားခ ရရှိခြင်းကြောင့် အကျိုးအမြတ်များသည့် အတွက် လုပ်ကိုင်သူများပြား လာခြင်းဖြစ်သည်ဟု သိရသည်။

နယ်ဒေသများမှ အမျိုးသမီးများ အိမ်ဖော် အဖြစ် လုပ်ကိုင်ကြရာတွင် အိမ်ရှင်နှင့် အိမ်ဖော်အကြား ဥပဒေနှင့် အညီ မဟုတ်ဘဲ နားလည်မှုဖြင့်သာ ခိုင်းစေကြခြင်း ဖြစ်သောကြောင့် အိမ်ဖော်အများစုသည် အလုပ်သမား အခွင့်အရေး မရရှိကြောင်း၊ ဥပဒေ၏ အကာအကွယ်လည်း မရရှိကြောင်း ရန်ကုန်မြို့နေ တရားရုံးချုပ် ရှေ့နေတဦးက ဆိုသည်။

“အမှန်တော့ ဒီအိမ်ဖော် အလုပ် အကိုင်တွေကို အလုပ်သမား ၀န်ကြီး ဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ဥပဒေနဲ့ အညီ တရားဝင် လုပ်ကိုင်ဖို့ စိစစ်ရမှာ။ ဒါပေမယ့် အလုပ်သမား ၀န်ကြီးဌာန ဆိုတာကလည်း အမည်ခံ ၀န်ကြီးဌာန သက်သက်ပဲ ဆိုတော့ အိမ်ဖော်တွေ၊ ကလေး အလုပ်သမားတွေနဲ့ အလုပ်သမား လူတန်းစားတွေ အားလုံး ဥပဒေရဲ့ အကာအကွယ်ရဖို့ ခက်ပါတယ်” ဟု သူက ရှင်းပြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */