ဂန်ဘာရီ နေရာ အိန္ဒိယ နိုင်ငံသား တဦး လျာထားခံရ

Saturday, December 19, 2009 ·

ကိုထွေး | ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ နေရာအတွက် ကုလသမဂ္ဂ အရာရှိတဦး ဖြစ်သူ အိန္ဒိယ နိုင်သား မစ္စတာ ဗီဂျေနာဘီယာ (Vijay Nambia) ကို တာဝန်ပေး ခန့်အပ်ရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။


ပြီးခဲသည့် မေလအတွင်းက သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဗီဂျေ နာဘီယာ (ဓာတ်ပုံ - AP)
မစ္စတာ ဂန်ဘာရီကို ဆူဒန် နိုင်ငံ ဒါဖာအရေး ဖြေရှင်းရန် အတွက် ပြောင်းလဲ တာဝန်ပေး လိုက်ပြီး နောက်ပိုင်း ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Inner City Press သတင်း ဌာနက ရေးသား ထားသည်။

အိန္ဒိယ၊ အရှေ့တောင် အာရှက လာရောက်ခြင်းကြောင့် မစ္စတာ ဂန်ဘာရီ ထက်စာလျှင် မြန်မာ့ အရေးကို ပိုပြီး၍ နီးနီး ကပ်ကပ် ဆောင်ရွက် နိုင်မည့် အနေအထားမျိုး ရှိနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦး က ဆိုသည်။

“မြန်မာပြည်မှာက ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကိစ္စ၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စ ဆောင်ရွက်ပေးနိုင်မယ့် အနေအထားက အားနည်း တယ်လေ၊ ဒါကြောင့် ဘယ်သူပဲ ခန့်ခန့် ကျနော်တို့ နိုင်ငံရဲ့အနေအထားက အများကြီး အကျိုးရှိမယ် မထင်ဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်က“အဲဒီ ပုဂ္ဂိုလ်ဟာ မြန်မာပြည်ကိစ္စများ ကို လုပ်တဲ့ အခါမှာ ပထမဆုံး သူလုပ်ရမယ့် တာဝန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ဆက်ဆံ ထိတွေ့ဖို့ဟာ သူရဲ့တာဝန် ဖြစ်တယ်ဆိုတာကို ပထမဆုံး နားလည်ဖို့လိုပါတယ်၊ မစ္စတာ ဂန်ဘာရီ လက်ထက် တုန်းကလို စစ်အစိုးရ စကားတိုင်း နားထောင်မယ်၊ ခိုင်းတိုင်း လုပ်မယ်၊ ပြီးတော့ ပြန်သွားမယ် ဆိုရင်တော့ ဘာမှ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မစ္စတာ ဗီဂျေနာဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစတင်၍ တာဝန်ထမ်း ဆောင်ခဲ့သည်။

ယခင်က မစ္စတာ ဗီဂျေနာဘီယာသည် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း မစ္စတာ ဗီဂျေနာဘီယာသည် အိန္ဒိယနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန် ယူခဲ့သည်။

မစ္စတာ ရာဇာလီ အစ္စမေးလ်၊ မစ္စတာ ဂန်ဘာရီ တို့နောက် Vijay Nambiarသည် တတိယမြောက် အထူး ကိုယ်စားလှယ် ဖြစ်လာမည် ဖြစ်သည်။

ယခင်က တာဝန် ထမ်းဆောင်ခဲ့သော ကိုယ်စားလှယ် ၂ ဦး သည် မြန်မာနိုင်ငံ အရေးကို ထူးထူးခြားခြား တိုးတက် ကောင်းမွန် စေရန် ဆောင်ရွက် နိုင်ခြင်း မရှိခဲ့ကြကြောင်း လေ့လာသူများက ဆိုသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ချိန်တွင် မြန်မာ နိုင်ငံသို့ အရေးပေါ် ရောက်ရှိ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အဖွဲ့တွင် မစ္စတာ ဗီဂျေနာဘီယာလည်း ပါဝင်ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */