ဒီဇယ် ပီပါများ ဆိပ်ကမ်း ၀င်မည့် သတင်းကြောင့် ဒီဇယ်ဈေး ထိုးကျ

Wednesday, December 16, 2009 ·

စိုးမိုး | ဒီဇယ်ပီပါ (၃၀,၀၀၀) ယခုလ (၂၃) ရက်နေ့ ရန်ကုန် ဆိပ်ကမ်း ဆိုက်ရောက်မည့် သတင်းကြောင့် ဈေးကွက် အတွင်း ဒီဇယ်ဈေး ထိုးကျသွားသည်။

ပို့ကုန် ၀င်ငွေ ရှိသူ အားလုံးကို ဒီဇယ် တင်သွင်းခွင့် ပြုလိုက်ပြီးနောက် ဒီဇယ်ဈေးကွက် အတွင်း ဈေးနှုန်း အတက်အကျ မြန်ဆန်စွာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“အရင်တပတ် ဒီဇယ်တစည်ကို (၂၈၅,၀၀၀) ကျပ်ကနေ အခု ပေါက်ဈေးက (၁၃၈,၀၀၀) ကျပ်အထိ ကျသွားတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

လက်ရှိ အစိုးရ ဆီထုတ်ဈေးမှာ တစည်လျှင် (၁၅၀,၀၀၀) ကျပ်ရှိနေသဖြင့် ပြင်ပဆီဈေးက လျော့နေပြီး ဆီထုတ်သူ နည်းသွားကြောင်းလည်း သိရသည်။

ဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မြန်လွန်းနေသည့်အတွက် ဒီဇယ်တင်သွင်းခွင့်ရ စီးပွားရေးလုပ်ငန်းရှင်းများ တွက်ခြေမကိုက်ကြောင်း သိရသည်။

“အရင် ပေါက်ဈေးနဲ့ သွင်းလာတဲ့ ကျနော်တို့ တစည်ကို (၁) သိန်းကျရင် စည် (၁၀၀) ဆို ကျပ်သိန်း (၁၀၀) ရှုံးတာခင်ဗျ။ စီးပွားရေး သမားက လုပ်စရာ စီးပွားရေးနည်းတော့ လုပ်ခွင့်ရတဲ့ ပါမစ်ဆို ၀ိုင်းလုပ်ကြတော့ ဈေးကွက်က ဘယ်တော့မှ ထိန်းလုပ်လို့ မရဘူး” ဟု ကျောက်မျက်လုပ်ငန်းရှင်တဦးက ပြောသည်။

ယခင်က ကျောက်မျက် လုပ်ငန်းရှင် အပါအ၀င် သစ်နှင့် ရေလုပ်ငန်း လုပ်ကိုင် သူများကိုသာ ဒီဇယ် တင်သွင်းခွင့် ပေးထားရာမှ ယခုနောက်ပိုင်း ပို့ကုန်ဝင်ငွေရှိသူတိုင်း တင်သွင်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

စီးပွားရေး လုပ်ငန်းရှင် အများအပြားကမူ ဒီဇယ်ဈေး ကျဆင်းလာခြင်းကို ကြိုဆိုကြသည်။

“လျှပ်စစ်က တရက် (၅) နာရီတောင် ပုံမှန်လာတာ မဟုတ်တော့ အခု ဒီဇယ်၊ ဓာတ်ဆီ ဈေးကျတာတော့ ကောင်းတယ်” ဟု ဟိုတယ် လုပ်ငန်းရှင် တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */