နာဂစ် ပြန်လည် ထူထောင်ရေး ဂျပန်က (၅.၆) သန်း ကူညီ

Saturday, December 19, 2009 ·

စိုးမိုး | နာဂစ် ဒဏ်သင့် ဒေသများထဲမှ ကမ်းရိုးတန်း ဒေသများတွင် စာသင်ကျောင်း (၂၀) တည်ဆောက်ရန် အတွက် ဂျပန်အစိုးရက ထောက်ပံ့ငွေ ဂျပန်ယန်း သန်း ၅၈၀ (ကန်ဒေါ်လာ ၅.၆ သန်း) ပေးအပ်ရန် သဘောတူလိုက်ပြီဖြစ်သည်။

ဘိုကလေးနှင့် လပွတ္တာတွင် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်း (၂၀) တည်ဆောက်ရန် အတွက် စစ်အစိုးရနှင့် ဂျပန် အစိုးရတို့ နေပြည်တော်တွင် ယခုလ ပထမပတ် အတွင်း၌ သဘောတူ လက်မှတ် ရေးထိုးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက သတင်း ထုတ်ပြန်သည်။

ယင်းထောက်ပံ့ ငွေကို မည်သို့ စီမံ ခန့်ခွဲ မည်ကို အသေးစိတ် မထုတ် ပြန်သော်လည်း ပုံမှန် လုပ်ထုံးလုပ်စဉ် အရမူ အန်ဂျီအိုများမှ တဆင့် စီမံ ခန့်ခွဲ နေသည်ဟု လပွတ္တာ အခြေစိုက် အန်ဂျီအို ၀န်ထမ်းများက ပြောသည်။

“ပုံမှန်ကတော့ အန်ဂျီအိုတွေက ပရိုပိုဆယ်တင်ပြီး အလုပ်လုပ်တာပဲ။ အခု လပွတ္တာမှာတော့ ကျောင်းတွေ ဆောက်ပေးနေတာက World Concern Myanmar က ကျောင်း (၁၀) လုံးဆောက်နေတာ ရှိတယ်။ ၂၀၁၀ မတ်လမှာ ပြီးမယ်။ ကျောင်းတွေက လိုနေတုန်းပါပဲ” ဟု လပွတ္တာအခြေစိုက် အန်ဂျီအိုဝန်ထမ်းက ဆိုသည်။

လက်ရှိ တည်ဆောက်နေသည့် မုန်တိုင်းဒဏ်ခံ ကျောင်း အဆောက်အအုံ များမှာ ပေ (၃၀) ပတ်လည် (၂) ထပ် ကျောင်းဆောင်များ ဖြစ်ပြီး အန်ဂျီအိုများကတဆင့် ဆောက်လုပ်ရေးအတွက် တင်ဒါ ခေါ်ယူ ဆောက်လုပ် နေကြခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ပြောတာက အဆောက်အအုံ ငယ်ငယ်တွေက မုန်တိုင်းဒဏ်ခံနိုင်တယ်။ နောက် မူလတန်းကျောင်းတွေဆိုတော့ ကျောင်းသားကလဲ သိပ်မများလှဘူး။ လူ (၁၀၀) တောင် ပြည့်တာမဟုတ်တော့ တရွာ တကျောင်းဆောက်ရင် လုံလောက်ပါတယ်” ဟု အဆိုပါ အန်ဂျီအိုဝန်ထမ်းက ပြောကြားသည်။

ယင်းဆောက်လုပ်ရေး လုပ်ငန်ခွင်များကို ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အစားအစာအတွက် အလုပ် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နာဂစ်ဒဏ်သင့် ဒေသခံအချို့ အလုပ်ရရှိခဲ့သည်။

ယခု ဂျပန်အကူအညီဖြင့် ဆောက်လုပ်မည့် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်းများ တည်ဆောက်ရန်အတွက် ကူညီငွေ ကန်ဒေါ်လာ (၅.၆) သန်းကို မည်သို့ စီမံခန့်ခွဲမည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

NRC (Norwaygian Refugee Councial) က မုန်တိုင်းဒဏ်ခံ ကျောင်းပေါင်း (၂၀) ထပ်မံတည်ဆောက်ရန်ရှိပြီး WC (World Concern) က ကျောင်းပေါင်း (၂၀) ကို တည်ဆောက်နေသည်ဟုလည်း လပွတ္တာဒေသခံ အန်ဂျီအိုဝန်ထမ်းများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */