တရုတ်-မြန်မာနယ်စပ်တွင် A(H1N1) တုပ်ကွေး စတင် ရောက်ရှိ

Tuesday, December 15, 2009 ·

ပေါက်ပေါက် | တရုတ်-မြန်မာ နယ်စပ် တရုတ်ပြည်၊ ရွှေလီမြို့တွင် ကမ္ဘာ့ လူတုပ်ကွေး ရောဂါ A(H1N1) ပိုး တွေ့ရှိသူ ကျောင်းသားများကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း စတင်တွေ့ရှိခဲ့သဖြင့် ရွှေလီမြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြိုကျောင်းများ အားလုံး ပြီးခဲ့သည့် သောကြာနေ့မှစ၍ ပိတ်ထားခဲ့သည်။

ရွှေလီမြို့နယ် တရုတ်အစိုးရအာဏာပိုင်များက ကျောင်းများအားလုံးကို ပိတ်ခိုင်းခဲ့ပြီး မူကြိုကျောင်းကိုလည်း (၁ဝ) ရက်ကြာ ပိတ်ထားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးရန် အစီစဉ်မှာမူ အထက်အာဏာပိုင်များက တစုံတရာပြောဆိုလာခြင်း မရှိသေး၍ မသိရသေးကြောင်း တရုတ်ကျောင်းဆရာမတဦးက ပြောသည်။

၎င်းက “အလယ်တန်းကျောင်းက ကျောင်းသား (၃) ယောက်မှာ အဲလိုရောဂါပိုးတွေ့တော့ ဒီက ကျောင်းတွေအားလုံး ပိတ်ထား ခိုင်းတာပါ။ ကာကွယ်ဆေးထိုးတာကတော့ ဒီကျောင်းက ကျောင်းသားတွေအတွက် လောလောဆယ် အစီစဉ်မရှိသေးဘူး” ဟု ပြောသည်။

ရွှေလီမြို့၊ ရောဂါ ကာကွယ် ဆေးထိုးသည့် ဌာနတွင်လည်း ကာကွယ်ဆေးထိုးရန် ဆေးလုံလောက်မှုမရှိသဖြင့် လူအများနှင့် ဆက်ဆံနေရသူများကိုသာ အဓိက ကာကွယ်ဆေးထိုးပေးနေသည်ဟု ကလေးမိခင်တဦးက ပြောသည်။

၎င်းက “ကျမ ဒီနေ့ မနက်သွားတော့ ဆေးမရှိဘူးတဲ့။ ဘယ်နေ့ကို လာထိုးရမလဲ ဆိုတာလည်း သူတို့က အဖြေမပေးနိုင်ဘူး။ ဆေး မလုံလောက်လို့ ဆိုပြီး ပြောတယ်။ တက္ကစီသမားတို့၊ ဘတ်စ်ကားဒရိုင်ဘာတို့၊ ပြီးတော့ ဝန်ထမ်းတွေကို အဓိက ဦးစားပေး ထိုးပေးနေတာ” ဟု ပြောသည်။

ရွှေလီမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရသောကြောင့် အဆိုပါရောဂါနှင့် ပတ်သက်၍ ဒေသခံများအကြား ပိုပြီး သတိပြုမိကာ ဂရုစိုက်မှုများလည်း တွေ့လာနေရကြောင်း ရွှေလီဒေသခံတဦးက ပြောသည်။

၎င်းက “အချို့လူတွေကတော့ နှာခေါင်းဖုံး တပ်ပြီး သွားလာတာတွေရှိတယ်။ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှာတော့ တရုတ်၊ မြန်မာနှစ်ဘက်စလုံး စာကပ်ထားတယ်။ ကိုယ်အပူချိန်တက်နေရင်၊ ဖျားနေရင် ကျန်းမာရေးဌာနကို သတင်းပို့ပါ။ ဆေးစစ်မှု ခံယူပါပေါ့။ မြန်မာ ဘက်ခြမ်းက ဂိတ်မှာလည်း ကျန်းမာရေးဌာနက ဆရာမတွေ ရှိနေတယ်။ နည်းနည်းဖျားနာပုံ ပေါက်နေရင်တော့ အပူချိန်တိုင်း စစ်ဆေးမှာပေါ့။ ပြီးတော့ လူတိုင်း စာရွက်မှာ ဖောင်ဖြည့်ရတယ်။ အမည်၊ အသက်၊ မှတ်ပုံတင်နံပတ်၊ ဘယ်ကိုသွားမယ်ပေါ့။ မဖျားပါဘူး ဆိုတာပေါ့။ စာရွက်မှာ ရေးရတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံတဝန်းတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ A(H1N1) ပိုး တွေ့ရှိသူ (၁) သိန်းကျော်ရှိနေပြီး အဆိုပါရောဂါကြောင့် သေဆုံးသူမှာ (၃၂၆) ဦးရှိကြောင်း တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက မကြာသေးခင်က စာရင်း ထုတ်ပြန်ထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */