ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေး အစီအစဉ် ဦးအောင်ရွှေထံ နအဖရဲချုပ် လာရောက် တွေ့ဆုံ

Tuesday, December 15, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ သုံးဦးအား လာရောက်ဂါရ၀ပြုရန် အစီအစဉ်ရှိကြောင်း နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေ နေအိမ်သို့ ယနေ့လာရောက်ပြောဆိုသည်ဟု သိရသည်။

ယနေ့နံနက် (၁၀) နာရီခန့်တွင် ဗိုလ်မှူးချုပ် ခင်ရီက ဦးအောင်ရွှေထံ လာရောက်၍ သဘောထား မေးမြန်းကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဦးအောင်ရွှေက သူ့ဆီကိုလာပြီးတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဒေါ်စုက ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့ (၃) ဦး ကို လာရောက် ဂါရ၀ပြုဖို့ အစီအစဉ်ရှိတယ်ပေါ့။ သက်ဆိုင်ရာ အာဏာပိုင် ဘက်ကတော့ တနေရာတည်းမှာပဲ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုမယ် ဆိုရင် ဘယ်လို သဘောရသလဲလို့ ဦးအောင်ရွှေကို လာပြီးတော့ မေးမြန်းတယ်ပေါ့။ ဦးအောင်ရွှေက ဒါကတော့ ဗုဒ္ဓဘာသာ ထုံးစံအရ ကန်တော့ ခံမယ့် သူဆီကို ကန်တော့မယ့်သူက လာရတာ ဖြစ်ပါတယ်တဲ့။ တယောက်ချင်းစီ ကန်တော့ တာကိုပဲ လက်ခံလိုပါတယ်ပေါ့။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်က သုံးယောက်ကို တနေရာတည်းမှာ စုပြီးတော့ ကန်တော့မယ့် ဟာမျိုး သဘောတူရင်လည်းပဲ ဦးအောင်ရွှေ အနေနဲ့ မငြင်းပါဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာ (၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ရဲချုပ်ခင်ရီက ဦးအောင်ရွှေအား သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒုတိယ အကြိမ် ရေးသား ပေးပို့သော စာတွင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များဖြင့် စုံညီ တွေ့ဆုံ လိုကြောင်းလည်း ထည့်သွင်း ဖော်ပြ တောင်းဆို ခဲ့သည်။

ဦအောင်ရွှေ၏ ပြောကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေး ကိစ္စနှင့် ပတ်သက်၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက် ပြောကြားသော်လည်း မည်သည့် အချိန် မည်သည့် နေရာဆိုသည်ကို မသိရှိ သေးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */