ပိတ်ပင်ထားသည့် စားသုံးဆီများ မြန်မာ ပြည်တွင်း ပြန်လည် တင်သွင်း

Tuesday, December 15, 2009 ·

ရဲရင့် | မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနမှ စားသုံးရန် မသင့်ဟု ဆိုကာ ပိတ်ပင်ထားသည့် စားဆီ (၄) မျိုးအနက် ကျောက်ပုစွန် တကောင် တံဆိပ် စားဆီများကို မြန်မာ ကုန်သည်များက နေ့စဉ်တန်ချိန် ထောင်ချီ၍ မဲဆောက် မြ၀တီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောမှ တဆင့် တရားမ၀င် ပြန်လည် တင်သွင်းလျက်ရှိသည်။

(၁၈) လီတာဝင် အ၀ါရောင် ပလက်စတစ်ပုံး ကျောက်ပုဇွန် တကောင် တံဆိပ် စားဆီများကို နေ့စဉ် ပုံး (၂) သောင်းခန့် မြန်မာ အာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန် တင်သွင်းနေခြင်း ဖြစ်သည်ဟု မြန်မာ ဆီကုန်သည် တဦးက ပြောသည်။

၎င်းက “ဈေးကွက် ၀ယ်လိုအားက များတော့ ဒီလိုနည်းနဲ့ပဲ သွင်းနေ ရတယ်၊ မြ၀တီကနေ အောက်ကို ပေါ်ပေါ်ထင်ထင်တော့ သယ်လို့ မရဘူး။ ဆီပုံးတွေကို အောက်မှာထားပြီး အပေါ်က ခွင့်ပြုကုန်တွေနဲ့ အုပ်ပြီး သယ်ရတာ ဖြစ်တယ်။ လမ်းမှာရှိတဲ့ ဂိတ်တွေ ကိုတော့ အကုန်ခွံ့ရတယ်” ဟု ပြောသည်။

ထိုင်း ဆီတင်ပို့သည့် လုပ်ငန်းခွင်မှ မြန်မာ အလုပ်သမား တဦးက “ဆီကတော့ အရင်ရော၊ အခုရော ပို့တာကတော့ ဒီဆီပါပဲ။ မြန်မာဘက်က ကုန်သည်တွေရဲ့ လိုအပ်ချက် အရ ဆီပုံးမှာ တံဆိပ်တွေ အမျိုးမျိုး ပြောင်းတပ် ပေးရတာတွေတော့ ရှိတယ်” ဟု ပြောသည်။

မဲဆောက်မှ မြ၀တီ ဘက်သို့ ဆီတင်ပို့ရာတွင် ချစ်ကြည်ရေး တံတား၏ တောင်ဘက်ရှိ (၁၆) ဂိတ်၊ သုညဂိတ်၊ ၉၉၉ ဂိတ်၊ (၁၇) ဂိတ်၊ (၁) ဂိတ်၊ (၂) ဂိတ်၊ နောက်တိုး ဂိတ်သစ်များမှ တဆင့် စက်လှေများဖြင့် တင်ပို့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန (FDA) ၏ စစ်ဆေးတွေ့ရှိချက်အရ လွန်ခဲ့သည့် ဇူလိုင် (၂၅) ရက်မှ စတင်ကာ နယ်စပ်မှတဆင့် ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းသည့် စားသုံးဆီ (၄) မျိုးကို စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ ကျန်းမာရေး ၀န်ကြီးဌာနမှ ကြေညာပြီး တင်သွင်းခွင့်ပါ ပိတ်ပင်ခဲ့သည်။

ပိတ်ပင်ခဲ့သည့် (၁၈) လီတာဝင်ဆီပုံးများမှာ ကျောက်ပုစွန် နှစ်ကောင် ကြယ်နီပုံ၊ ကျောက်ပုစွန်တကောင်၊ ရေနဂါးအမှတ်တံဆိပ်နှင့် ငါးကြော်အမှတ်တံဆိပ် ဆီများဖြစ်ပြီး ၎င်းဆီများထဲမှ ကျောက်ပုစွန်တကောင် တံဆိပ်ဆီများကို ယခုလဆန်းမှစတင်ကာ မြန်မာဘက်မှ အများအပြား ၀ယ်ယူခြင်းဖြစ်သည်။

ပိတ်ပင်ထားသည့် ဆီများကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာ ရောဂါ ဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု မြန်မာ ကျန်းမာရေး ၀န်ကြီးဌာနက ရေးသား ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */