ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ်တဦး အကြောင်းမဲ့ ရဲအရိုက်ခံရ

Thursday, November 26, 2009 ·

မင်းနိုင်သူ | ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် အထောက်အကူပြု အဖွဲ့ဝင် ကိုမင်းနိုင်ကို လှည်းကူးမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ် ဝေဖြိုးဦးက အကြောင်းမဲ့ ရိုက်နှက်ခဲ့မှု တရပ် ထောက်ကြံ့မြို့နယ် အတွင်း နိုဝင်ဘာ (၁၉) ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကိုမင်းနိုင်က လှည်းကူး လူငယ် ခေါင်းဆောင်လည်းဖြစ်ပါတယ်။ အဲဒီနေ့က သူက ထောက်ကြံ့ဘက်ကနေ ရန်ကုန်ကိုသွားဖို့ ကားစောင့် နေတုန်းမှာ ရဲတပ်ကြပ် ဝေဖြိုးဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး မင်းက လှည်းကူးက မင်းနိုင်လားလို့မေးတယ်။ သူက ဟုတ်ပါတယ်လို့ ပြန်ဖြေတော့ မင်းတို့ အန်အယ်လ်ဒီကို ငါတို့ ရဲက ရိုက်တယ်ကွာ ဆိုပြီး ဖိနပ်ချွတ်ပြီး နားအုံတွေ၊ မျက်နှာတွေကို ရိုက်တယ် တဲ့ဗျာ” ဟု အန်အယ်လ်ဒီ ဗဟို ပြန်ကြားရေးမှ ဒေါက်တာဝင်းနိုင်က ပြောသည်။

ထိုသို့ ရိုက်နှက်စဉ် ရဲတပ်ကြပ် ဝေဖြိုးဦး၏ ဆိုင်ကယ် နောက်မှ ပါလာသော လှည်းကူးမှ ရှေ့နေ ကိုစိုးမင်းဝင်း ဆိုသူက မလုပ်ရန် တားမြစ် ခဲ့သော်လည်း ရဲတပ်ကြပ် ဝေဖြိုးဦးက လက်မခံဘဲ ဆက်လက် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရိုက်ခံရမှု အတွက် ထောက်ကြံ့ ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ အရိုက်ခံရသူ ကိုမင်းနိုင်ကို အရက်သောက်ထား မထား ဆေးအရင် စစ်ပြီးမှ အမှုဖွင့် ပေးနိုင်မည် ဆိုကာ အင်းစိန် ဆေးရုံသို့ ဆေးစစ်ခိုင်းခဲ့သည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နောက်တော့ အင်းစိန်ဆေးရုံက နားနှာခေါင်းဆေးရုံကို ဆက်လွှဲတယ်။ နားနှာခေါင်းဆေးရုံကျမှ သိလိုက်ရတာက အရိုက်ခံထားရမှုကြောင့် နားစည်ပေါက်သွားတာ။ အတွင်းလူနာအဖြစ်တော့ မတင်ဘူးဗျာ။ ဆေးပေးပြီးပဲ ပြန်လွှတ်လိုက်တယ်” ဟု ပြောသည်။

အဆိုပါ အကြောင်းမဲ့ ရိုက်နှက် ခံရမှုကို ယမန်နေ့ကမှ ထောက်ကြံ့ ရဲစခန်းတွင် အမှုဖွင့်နိုင်ခဲ့ပြီး ထောက်ကြံ့ ရဲစခန်းတွင် စစ်ဆေး မေးမြန်းမှု မပြုဘဲ မှော်ဘီရဲစခန်းသို့ ခေါ်ဆောင်မေးမြန်းခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ (၄) နာရီအထိ စစ်မေးတယ်။ ဒီနေ့ သက်သေတင်ဖို့ ရဲစခန်းက ပြောလိုက်တယ်။ အခင်းဖြစ်တဲ့ နေရာက လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာဖြစ်ခဲ့တာ။ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ အနီးမှာရှိတဲ့ ဆံပင်ညှပ်ဆိုင်က လူတွေကလည်း တွေ့မြင်ခဲ့တယ်။ သူတို့ကို သက်သေ အဖြစ်တင်မယ်။ တင်ထားတဲ့ သက်သေခေါ်ဖို့ကတော့ ရဲဆောင်ရွက်ရမယ့် လုပ်ငန်းတွေဖြစ်သွားပြီ” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အဆိုပါအမှု ကိုင်တွယ် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ထောက်ကြံ့ရဲစခန်းသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */