ဆန်စပါး အထူးပြု ကုမ္ပဏီများ ပြည်ပ ဈေးကွက် ရှာနေရ

Thursday, November 26, 2009 ·

မေကျော် | မြန်မာ့ ထိပ်တန်း ကုမ္ပဏီ (၂၅) ခုကျော်က ဦးဆောင် ဖွဲ့စည်း ထားသည့် ဆန်စပါး အထူးပြု ကုမ္ပဏီများသည် ယခု စပါးပေါ်ချိန်တွင် ငွေလည်ပတ်နိုင်ရေး အတွက် ပြည်ပ ၀ယ်လက်များကို ရှာဖွေ နေရသည်။

စိုက်ပျိုး စရိတ် ထုတ်ချေး ထားသော ဆန်စပါး အထူးပြု ကုမ္ပဏီ များသည် ယခု စပါး ပေါ်ချိန်တွင် စပါးများ စုပုံနေပြီး ပြည်ပ ၀ယ်လက် မရှိသဖြင့် စပါး ထပ်မံဝယ်ယူရေး အတွက် ငွေကြေး အခက်အခဲဖြင့် ကြုံတွေ့ နေရခြင်း ဖြစ်သည်။

“အခုက အိန္ဒိယ ကုမ္ပဏီသုံးခုကို တင်ဒါ တင်ထားပါတယ်။ မြန်မာ ကတော့ ဈေးအနည်းဆုံး နဲ့တော့ တင်ထားတာပဲ။ ရဖို့ များပါတယ်။ တင်ဒါအောင်ရင် အိန္ဒိယက ဆန်တန်ချိန် (၃) သိန်းဝယ်မှာပါ” ဟု ကုန်သည် စက်မှု အသင်း အမှုဆောင်တဦးက ပြောသည်။

အိန္ဒိယ ကုမ္ပဏီ (၃) ခုဖြစ်သော FTC, MMTC, TEC ကုမ္ပဏီတို့က ဆန်တန်ချိန် (၃) သိန်းဝယ်ယူရန် တင်ဒါခေါ်ထားခြင်းကို မြန်မာက ဆန်တတန် အမေရိကန် ဒေါ်လာ (၃၇၅) ဖြင့် တင်ဒါတင်ထားခြင်းဖြစ်သည်။ ယခု တင်ဒါအောင်ပါက ယခုနှစ် စပါး ရာသီ အတွင်း ပထမဆုံး ပြည်ပတင်ပို့ ရောင်းချနိုင်ခြင်းဖြစ်သည်။

ပြည်ပ ဆန်တင်ပို့ခွင့် ပြုမည်ဟု စစ်အစိုးရ ကတိကြောင့် မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ယခုနှစ်ဆန်းပိုင်းတွင် တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးပြီး ပြည်နယ်နှင့်တိုင်း အလိုက် စပါး ပြန်ဝယ်သည့် ဆန်စပါး အထူးပြု ကုမ္ပဏီများ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဆန်စပါး အထူးပြု ကုမ္ပဏီများက ယခု အချိန်ထိ စပါးဝယ်ယူရေးနှင့် တင်ပို့ရေးအတွက် စစ်အစိုးရ စီးပွား ကူးသန်း ၀န်ကြီး ဌာနနှင့် ညှိနှိုင်း နေရဆဲ ဖြစ်ကြောင်း သိရသည်။

ပြည်ပတင်ပို့ခွင့်တင်ဒါ အောင်ပါက ပြည်တွင်းဆန်ဈေးနှုန်း တက်မလာနိုင်သော်လည်း လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အဆင်ပြေလာနိုင်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တဦးက သုံးသပ်သည်။

“ခု ပြည်တွင်း ဆန်ဈေးကကျ။ ပြည်တွင်း ၀ယ်လိုအားက မတက်ဘူးလေ။ နိုင်ငံခြားကိုပို့မှ ဆန်လောကက ငွေလည်တာ။ အခုက ဆန်ဈေး ပြုတ်ကျတယ်ဆိုတာ စပါးအရောင်းအ၀ယ်မှာ ငွေမလည်နိုင်တဲ့အဆင့်ကို ရောက်နေတာ” ဟု ၎င်းက ပြောသည်။

ဆန်စပါး အထူးပြု ကုမ္ပဏီများ အနေဖြင့် စစ်အစိုးရက ပြည်ပ တင်ပို့ခွင့် ပြုမည့် ပမာဏအတိုင်းသာ စပါးဝယ်ယူမည်ဖြစ်ပြီး အကယ်၍ တင်ပို့ခွင့် ပိတ်ပင်ပါက ၀ယ်ယူမှု ရပ်ဆိုင်းမည် ဖြစ်ကြောင်း၊ ယခုနှစ် အဆင်မပြေပါက နောက်နှစ်များတွင် လုပ်ကိုင်မှုကို လျှော့ချမည်ဖြစ်ကြောင်း အဆိုပါဆန်ကုန်သည်က ပြောသည်။

လက်ရှိ ကမ္ဘာ့ ဆန်ပေါက်ဈေး ဆန်တတန်လျှင် ပါကစ္စတန်က အမေရိကန် ဒေါ်လာ (၄၅၀)၊ ဗီယက်နမ်က (၄၇၀)၊ ထိုင်းက (၅၄၀) ဈေးခေါ်နေချိန်တွင် မြန်မာက အမေရိကန်ဒေါ်လာ (၃၇၅) ဖြင့်သာ ရောင်းချနိုင်သည်။

ပြည်ပ တင်ပို့ခြင်းက ပြည်တွင်း ပေါက်ဈေးထက် ပိုရသည် မဆိုနိုင်သော်လည်း ဆန်လောက အတွင်း ငွေလည်ပတ်မှု ဖြစ်လာစေကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ပြည်တွင်း ဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်း ကျဆင်းမှု မသိသာသော်လည်း ဆန်ကြမ်းဈေးနှုန်း သိသိသာသာ ကျဆင်းလာပြီး စပါးရောင်းဝယ်မှုတွင်လည်း ကုန်သည်များအနေဖြင့် လက်ငင်းငွေမချေနိုင် ဖြစ်နေကြောင်း သိရသည်။
စစ်အစိုးရ အဆိုအရ မြန်မာနိုင်ငံက တနှစ်လျှင် ဆန်တန်ချိန် သန်း (၃၀) ထုတ်လုပ်နေကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */