ကိုမင်းကိုနိုင် ကျန်းမာရေး မကောင်း

Thursday, November 26, 2009 ·

မင်းနိုင်သူ | ကျိုင်းတုံ အကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅) နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကျန်းမာရေး မကောင်းဟု မိသားစုမှ ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

“သူက သွေးတိုး၊ နှလုံးရောဂါ အခံလည်း ရှိတယ်။ သူ့အစ်မတွေ ပြီးခဲ့တဲ့ ထောင်ဝင်စာ သွားတွေ့တုန်းက ကျန်းမာရေး မကောင်းဘူး ဆိုတာ သိခဲ့ရတယ်တဲ့။ ကျနော်တို့ သူ့မိဘ အိမ်ဘက် ရောက်တုန်း ၀င်မေးလို့ ပြောပြ လိုက်တာပါ”ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အန်အယ်လ်ဒီ ပါတီမှ ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ဒေါက်တာ သန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ သင်္ဃန်းကျွန်း မြို့နယ် အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အိမ်မှအပြန် ကိုမင်းကိုနိုင်၏ မိဘများထံ ၀င်ရောက် တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေး အခြေအနေကို ပြောပြခြင်း ဖြစ်သည်။

“ထားတဲ့ နေရာက ဝေးလွန်းတော့ မိသားစု တွေကလည်း မကြာမကြာ သွားမတွေ့နိုင် ဖြစ်ကြရတယ်။ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ ကလည်း မကောင်းဘူးဆိုတဲ့ သတင်းတွေလည်း ခဏခဏထွက်နေတယ်။ ဇာဂနာလည်း သိပ်ကျန်းမာရေး မကောင်းဘူး။ နီမိုလှိုင်တို့လည်း မကောင်းဘူး ဆိုတော့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ အများကြီး ရှိနေတယ် ဆိုတာ ထင်ရှားနေတာပေါ့ ” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရ၏ လောင်စာဆီဈေးနှုန်းမြှင့်တင်မှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့မှု အပြီးတွင် အခြားသော ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် နအဖစစ်အစိုးရက ထောင်ဒဏ် (၆၅) နှစ်အထိ အပြစ်ပေးကာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မိသားစုများနှင့်ဝေးရာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်ခဲ့သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ်တွင် ဗကသ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံခဲ့ရပြီး ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ ကျောင်းသား အခွင့်အရေးများ အတွက် အကြမ်း မဖက်နည်းဖြင့် အစဉ်တစိုက် တိုက်ပွဲ ၀င်နေသူ တဦး ဖြစ်သည်။

မြန်မာ ပြည်သူ လူထုကို ကိုယ်စားပြုကာ စစ်အစိုးရကို အကြမ်း မဖက်နည်းဖြင့် တိုက်ပွဲ ၀င်ခဲ့သောကြောင့် နိုင်ငံ တကာမှ ကိုမင်းကိုနိုင်ကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ရာ ဆု (၆) ခု ရရှိခဲ့ပြီး ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */