နယ်ခြားစောင့် တပ်များအား ကြိုဆိုပွဲ ပြုလုပ်

Wednesday, November 18, 2009 ·

ခိုင်လင်း | ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ-ကေ) မှ အသွင်ပြောင်း ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား (၁ဝဝ) ကျော်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့တော်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

နိုဝင်ဘာ (၁၄) ရက်တွင် ရောက်ရှိလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား နံနက် (၉) နာရီတွင် စတင်ကြိုဆိုခဲ့ပြီး ယင်းကြိုဆိုပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းနှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြပြီး နေ့လယ် (၁၁) နာရီတွင် ပြီးဆုံးသွားကြောင်း အဆိုပါပွဲ တက်ရောက် ခဲ့သည့် မြစ်ကြီးနားမှ ပညာရေး ၀န်ထမ်း တဦးက ပြောသည်။

၎င်းက “အန်ဒီအေကေ တပ်ဖွဲ့တွေက အားလုံး (၁၀၀) ကျော် (၂၀၀) လောက်ရှိမယ်။ လက်နက်တော့ မပါဘူး။ ယူနီဖောင်းရယ်၊ ဒိုင်းလိုဟာမျိုးမှာ အစိမ်း၊ အဝါ၊ အနီ၊ အလယ်က ကြယ်နဲ့၊ ရဲ တံဆိပ်လို ဟာမျိုး လက်မောင်းမှာ တပ်ထားတယ်။ ဘယ်ရီဟက် ဆောင်းထားတယ်။ တရုတ် (FAW) ဖောကားတွေနဲ့ လာကြတာ။ အားလုံးကား (၈) စီးရှိတယ်” ဟု ပြောသည်။

အခမ်းအနား အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား FAW အမှတ် တံဆိပ် တရုတ်လုပ် ခြောက်ဘီး ကားများဖြင့် မြစ်ကြီးနား၊ မြို့သစ်ကြီးသို့ သယ်ဆောင် သွားသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

ကချင် တိုင်းရင်းသားများ အကြား အန်ဒီအေကေ အဖွဲ့ အပေါ် မျှော်လင့်ချက် ကုန်ဆုံးကာ စိတ်ပျက် နေကြချိန်တွင် ယခုကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲသည့်အပေါ် ပိုပြီး စိတ်ဆိုးဒေါသဖြစ်နေကြသည်ဟု မြစ်ကြီးနား မြို့ခံ ကချင် အမျိုးသား တဦးက ပြောသည်။

၎င်းက “ပထမ ငြိမ်းချမ်းရေးစယူလိုက်ကတည်းက ပြည်နယ်ရဲ့ သယံဇာတတွေကို ကိုယ်ကျိုးစီးပွားလုပ်ပြီး ကချင် တော်လှန်ရေး အပေါ် သစ္စာဖောက် လိုက်တယ်။ ဒုတိယ အချက်က ခရစ်ယာန်ဖြစ်လျက်နဲ့ ပန်ဝါမှာ ဘုရားတည်တဲ့ကိစ္စနဲ့ ဘာသာရေးအပေါ် သစ္စာဖောက် လိုက်တယ်။ အခုနောက်ဆုံး သွေး၊ ချွေးတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း တခုလုံးကို ကချင်လူထုတွေ အတွက် ဘာမှ မလုပ်ပေးနိုင်သေးဘဲနဲ့ လူရော၊ လက်နက်ရော စစ်အစိုးရကို ထိုးအပ် ပေးလိုက်တယ်။ ဆခုံတိန့်ယိန်းကို အတော်ကို စိတ်နာနေကြပြီ” ဟု ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်း အန်ဒီအေကေ တပ်ဖွဲ့ဝင်များကို မြစ်ကြီးနားမြို့ပေါ်သို့ ခေါ်ယူပြီး ကြိုဆိုပွဲ လုပ်ခြင်းမှာလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကို ၎င်းကဲ့သို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြူဆွယ် ပြခြင်းမျိုး ဖြစ်သည်ဟု အဆိုပါ ကချင် အမျိုးသားက ပြောသည်။

၎င်းက “မပခ တိုင်းမှူးက ကေအိုင်အိုကို ဒီက ဘာသာရေး ခေါင်းဆောင်တွေကဆင့် တဖက်လှည့်နဲ့ စည်းရုံးတာမျိုးတွေလည်း ရှိတယ်။ ဆခုံတိန့်ယိန်းတို့အဖွဲ့ ဒီ မြစ်ကြီးနားကို ခေါ်လာတာလည်း လူထုတွေ လက်ခံကြိုဆိုနေတယ်ဆိုတာမျိုး လုပ်ပြချင်တာ” ဟု ပြောသည်။

အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် တရားဝင် အသွင်ပြောင်းလိုက်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */