ခရီးသည်တင် ရေယာဉ်နှင့် စီဘီတွဲ သင်္ဘော ရင်ဆိုင်တိုက် ခရီးသည် (၃၀) ကျော် ပျောက်ဆုံးနေ

Wednesday, November 18, 2009 ·

မင်းနိုင်သူ | ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ် ရှမ်းငူကျေးရွာအနီး ရေပြင်၌ ပုသိမ်-သက္ကယ်သောင်ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ် နေမျိုးထွန်းကြီးနှင့် ရေနံတင် စီဘီ-တွဲသင်္ဘောတို့ နိုဝင်ဘာ (၁၅) ရက် ညနေ (၈) နာရီခန့်တွင် ရင်ဆိုင် တိုက်မိကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်မြို့ ကျန်းမာရေး ဦးစီးဌာနမှ အရာရှိ တဦးက “မနေ့က ကျနော်တို့ သင်္ဂြိုဟ် လိုက်တာတော့ (၂၈) လောင်းပေါ့။ ပြန်ဆယ် ရလို့ ရတာတော့ (၁၂၀) ကျော်ရှိတယ်။ လူ (၃၀) ကျော်ကတော့ ပျောက်ဆုံး နေဆဲပဲ” ဟု ပြောသည်။

နေမျိုးထွန်းကြီး ခရီးသည်တင် ရေယာဉ်ပေါ်တွင် ခရီးသည် (၁၇၀) ကျော် ပါရှိခဲ့ပြီး အဆိုပါ ရေယာဉ်က ရပ်နား ထားသော ရေနံတင်တွဲ သင်္ဘောကို ၀င်ရောက် တိုက်မိခြင်း ဖြစ်ကာ ပြင်းထန်လှသော အရှိန်ကြောင့် ခရီးသည်တင် ရေယာဉ်မှာ လုံးဝနစ်မြုပ်သွားပြီး စီးနင်း ခရီးသည် (၁၂၀) ကျော်ကိုသာ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည်။

ရေယာဉ် နစ်မြုပ် ဒုက္ခသည်များအား ရှမ်းငူကျေးရွာ မူလတန်းကျောင်းနှင့် ပုသိမ်မြို့တော်ခန်းမတို့တွင် ထားရှိကာ တရက်တာ ကယ်ဆယ်ရေး ဆောင်ရွက် ပေးခဲ့ပြီးနောက် ယနေ့ နေရပ်များသို့ ပြန်လွှတ် လိုက်ပြီ ဖြစ်ကြောင်း အထက်ပါ ကျန်းမာရေး အရာရှိက ပြောသည်။

ရေယာဉ် တိုက်မှုနှင့် စပ်လျဉ်း၍ ပုသိမ် အသည်ကြီး ရဲစခန်း၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနများသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေဆိုကြခြင်းမရှိပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */