မယ်တော်ဆေးခန်း ရှေ့နှစ်အတွက် ရန်ပုံငွေ (၂) ဆတိုးလိုအပ်

Wednesday, November 04, 2009 ·

မေကျော် | ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် စေတနာ့ ၀န်ထမ်း ဖွင့်လှစ်ထားသည့် မယ်တော် ဆေးခန်း အတွက် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အသုံးစရိတ်ကုန်ကျငွေ ယခုနှစ်ထက် နှစ်ဆကျော် ပိုမို လိုအပ်မည်ဟု ဆေးခန်းကို ဦးဆောင် ဖွင့်လှစ်သူ ရေမွန် မက်ဆေးဆေး ဆုရှင် ဒေါက်တာ စင်သီယာမောင်က ပြောကြားသည်။

ယခုနှစ်အတွက် ဆေးခန်း အသုံး စရိတ် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ (၃) သိန်းခွဲခန့် ကုန်ကျသဖြင့် နောက်နှစ် အတွက် ဒေါ်လာ (၇) သိန်းခွဲခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရန်ပုံငွေ ထပ်တိုး လိုအပ်ရခြင်းမှာ ခန့်မှန်း ထားသည်ထက် လူနာ ဦးရေတိုးလာခြင်း၊ ဆေးခန်းက တာဝန်ယူ ဖွင့်လှစ် ထားသောကျောင်းတွင် ရွှေ့ပြောင်း ကလေးငယ် ကျောင်းသားများ ပိုများလာခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မျှော်မှန်းထားသည့် ထောက်ပံ့ အလှုငွေ မရရှိခဲ့လျှင် ကလေးများ အတွက် ရိက္ခာနှင့် အရေးပေါ် လူနာများ အတွက် အခက်အခဲများ ကြုံတွေ့ ရဖွယ်ရှိသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၎င်းက “တကယ်လို့ မရဘူး ဆိုရင်တော့ ကလေးတွေနဲ့ ပတ်သက်ရင် ရိက္ခာပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်လာမယ်။ နောက် ဆရာတွေအနေနဲ့လည်း သူတို့ ပုံမှန်ထောက်ပံ့ကြေးတွေ မရလို့ စာသင်ချိန် လျှော့သွားတာ မျိုးတွေ ဖြစ်လာမယ်။ ကျန်းမာရေး ပိုင်းမှာကတော့ ဆေးဝါးက ပုံမှန်လက်ရှိ ၀င်ငွေနဲ့ ထိန်းထား နိုင်တယ် ဆိုပေမယ့် အရေးပေါ်လာတဲ့ အချိန်မှာ မဲဆောက်ဆေးရုံကိုပို့ဖို့ ထားရမယ့် ရန်ပုံငွေ အတွက် မထား နိုင်တော့ဘူး။ တကယ့် အခြေအနေမှာ မဲဆောက် ဆေးရုံ မပို့နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွား နိုင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများထဲမှ လူနာ သိသိသာသာတိုးလာခြင်း မရှိသော်လည်း မြန်မာ ပြည်တွင်းမှ လာတက်ကြသည့် လူနာ အရေတွက်က ပိုများလားပြီး နှစ်စဉ် လူနာဦးရေ ထက်ဝက်မှာ မြန်မာ ပြည်တွင်းမှ လာရောက်ပြီး ဆေးကုသသူများ ဖြစ်ကြောင်း ယင်းဆေးခန်းစာရင်းအရ သိရသည်။

“တနှစ်ကို လူနာ (၂၀) ရာခိုင်နှုန်းတိုးတာ ပုံမှန်။ နောက် အရေးပေါ် လူနာတွေ အတွက် ရန်ပုံငွေရဲ့ (၂၀) ရာခိုင်နှုန်း ထားရတယ်။ ရွှေ့ပြောင်းကလေးတွေကိုလည်း ရိက္ခာခြောက် ပေါ့နော် ဆန်၊ ဆီ၊ ဆား၊ ပဲ အဲဒါတွေလည်း ပုံမှန် ဖြန့်ဖြူး ပေးနိုင်အောင် လုပ်ရသေးတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

၁၉၈၉ ခု ဖေဖော်ဝါလတွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည့် မယ်တော် ဆေးခန်း အနေဖြင့် အခမဲ့ဆေးဝါး ကုသပေးခြင်း လုပ်ငန်းအပြင် ရွှေ့ပြောင်း ကလေးငယ်များ အတွက် ပညာရေးနှင့် ရိက္ခာ ထောက်ပံ့ပေးမှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက် ပေးနေသည်။

မယ်တော် ဆေးခန်း၏ စာရင်းဇယား အရ ၂၀၀၈ ခုအတွင်း စုစုပေါင်း လူနာ (၈၀,၀၀၀) ကျော်ကို ဆေးဝါးကုသ ပေးခဲ့ပြီး ထိုအထဲမှ လူနာ (၈၀၀) ကျော်ကို အရေးပေါ် လူနာများ အဖြစ် မဲဆောက် ဆေးရုံသို့ လွှဲပြောင်း၍ ကုသ ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရွှေ့ပြောင်း ကလေးငယ် (၂,၀၀၀) ကျော်ကို နေ့စဉ် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ရိက္ခာခြောက်အပြင် ကျောင်းသုံး ပစ္စည်းများ ထောက်ပံ့ ပေးနေပြီး ဆေးခန်းနှင့် သင်တန်းကျောင်းများကို ၀န်ထမ်းအင်အား (၅၀၀) ကျော်ဖြင့် လည်ပတ်နေသည်။

မယ်တော် ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်သည် သူမ၏ စေတနာ့ ဝန်ထမ်း လူမှုအကျိုးပြု ဆောင်ရွက်မှုများ အတွက် ရေမွန် မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း (၁) ဒါဇင်ကျော် ရရှိထားသူဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */