တောင် ဒဂုံမြို့နယ်မှ ကလေးတဦး စစ်သား အဖြစ် စုဆောင်းခံရ

Wednesday, November 04, 2009 ·

မင်းနိုင်သူ | ရန်ကုန်တိုင်း တောင် ဒဂုံမြို့နယ် အတွင်း ပြီးခဲ့သည့် ဇွန်လပိုင်းက ပျောက်ဆုံး သွားခဲ့သည့် သားဖြစ်သူမှာ သထုံမြို့နယ်ရှိ တပ်မ (၄၄) တွင် ကလေး စစ်သား အဖြစ် သွပ်သွင်း ခံထားရကြောင်း ဖခင် ဖြစ်သူက ပြောသည်။

ကလေး စစ်သား အဖြစ် စုဆောင်း ခံရသူ ချစ်ဇော်နိုင် (ခ) ဂျူနိုသည် အသက် (၁၆) နှစ်သာရှိသေးပြီး တောင် ဒဂုံမြို့နယ်တွင် မိဘများနှင့် အတူ နေထိုင်ကာ ရှစ်တန်း အဆင့်ဖြင့် ကျောင်းထွက်ထားသူ တဦး ဖြစ်ကြောင်း သိရသည်။

“ကျနော့်သားက ကျောင်းထွက် ထားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာတွေ ဘာတွေ ရှိတယ်ဗျ။ သူပါသွားတဲ့ နေ့က (၅၄) ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင် ထိုင်ပြီး အပြန် သူ့ကိုခေါ်သွားမယ့် လှိုင်မိုးမင်း ဆိုတဲ့ စစ်သားနဲ့ တွေ့တယ်တဲ့။ ကလေးနဲ့ စကား ပြောကြရာကနေ ကလေးက စိတ်ညစ်တယ်၊ ဘာညာပြောတော့ အဲဒီ စစ်သားက စိတ်ညစ်ရင် သူတို့ တပ်ထဲကို လိုက်လည် ပါလား ဆိုပြီး ခေါ်သွားရာကနေ ပါသွားတော့တာ” ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

ယခုအခါ မောင်ချစ်ဇော်နိုင်သည် သထုံမြို့နယ်ရှိ တပ်မ (၄၄) ၏ တပ်သားသစ် လေ့ကျင့်ရေး သင်တန်း အပတ်စဉ် (၉) တွင် တက်ရောက် နေရကြောင်းနှင့် ၎င်းစစ်သား အဖြစ် သွပ်သွင်း ခံရပုံများကို လွန်ခဲ့သော တလခန့်က မိဘများထံ ပေးပို့သော စာတွင် ထည့်သွင်း ရေးသား ထားမှသာ မိဘများက စစ်တပ်ထဲ ရောက်နေကြောင်း သိရှိခဲ့ကြရခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

၎င်းက “ကျနော် တို့ကလည်း ပျောက်သွားကာစက ရဲစခန်းမှာ လူပျောက်မှု ဖွင့်ဖို့ စဉ်းစားသေးတယ်။ နောက်တော့ စစ်တပ်က ခေါ်သွားရင်တော့ လူပျောက်မှုဖွင့်လည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးထင်လို့ မတိုင်ဘဲ စောင့်ကြည့် နေကြတာ။ ထင်တဲ့ အတိုင်းပဲ သူစစ်တပ်ထဲ ရောက်သွားတာ” ဟု ပြောသည်။

မောင်ချစ်ဇော်နိုင်ကို ခေါ်ဆောင် သွားသည့် လှိုင်မိုးမင်း ဆိုသည့် တပ်မ (၄၄) မှ စစ်သားသည် မိဘများရှိသည့် အိမ်သို့ လွန်ခဲ့သည့် တလခန့်က ရောက်ရှိလာသေးကြောင်း သိရသည်။

“ကျနော် ထင်တာတော့ သူစနည်းလာနာတယ် ထင်တာပဲ။ ကျနော်တို့ ကလေးပျောက်လို့ ဘာများ လုပ်ကြသေးလဲလို့ လာပြန်ကြည့်တဲ့ သဘောနေမှာပေါ့။ သူက ကျနော့်သား လက်ရေးမဟုတ်တဲ့စာကို ကျနော့်သား ရေးထားတာပါ ဆိုပြီး ပြောတယ်။ စာထဲမှာက ကလေးက တပ်ထဲမှာ ပျော်ကြောင်း၊ နေရေး ထိုင်ရေး အဆင်ပြေကြောင်း၊ သူငယ်ချင်းတွေ ကိုလည်း လာလည် စေချင်ကြောင်းတွေ ရေးထားတာဗျ” ဟု ဦးသက်နိုင်က ပြောသည်။

စာတိုက်မှ တဆင့် ပို့သည့် မောင်ချစ်ဇော်နိုင်၏ စာတွင်မူ ယခု ဒီဇင်ဘာ လထဲတွင် သင်တန်း ဆင်းရတော့မည်ဖြစ်ပြီး သင်တန်း မဆင်းမီ ၎င်းအား လာခေါ် စေလိုကြောင်း၊ နေရေး ထိုင်ရေး ဆင်းရဲသည့် အကြောင်းများ ရေးထားသည်ဟု ဖခင်ဖြစ်သူ ဦးသက်နိုင်က ပြောသည်။

၎င်းက “ကလေးကို ကျနော်တို့ ပြန်ခေါ်ချင် ပါတယ်။ ကျနော်တို့ အဲဒီတပ်ကို လိုက်သွားမှာပါ။ အခုထိ ဘယ်လို လုပ်ရမယ် ဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ လိုချင်တာက ကလေးကို ပြန်ခေါ်ချင် တာပါပဲ” ဟု ပြောသည်။

နအဖ စစ်အစိုးရ အနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်းအသီးသီး၏ ဖော်ထုတ်ချက် များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေး စစ်သား ပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ အချိန်ထိ ကလေး စစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။

တပ်မတော်က စုဆောင်းထားသော ကလေး စစ်သားအမှုများမှာ တပ်မတော်မှ ဖွဲ့စည်းထားသည့် ကလေးစစ်သား ပပျောက်ရေး ကော်မတီ၏ ဖော်ထုတ်ချက်များ အရ ပေါ်ပေါက် လာသည် မရှိဘဲ မိဘ ဆွေမျိုးများ၏ တိုင်ကြားချက်များ အရသာ ပေါ်ပေါက် လာလေ့ရှိသည်ဟု ကလေးစစ်သားပပျောက်ရေး အိုင်အယ်လ်အို နှင့် လက်တွဲ ဆောင်ရွက် နေသူများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */