အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်

Wednesday, November 04, 2009 ·

လင်းနိုင်ဦး | အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့် တပ်တွင် တာဝန် ယူကြမည့် အရာရှိ အရာခံ အဆင့်အသီးသီးကို တရားဝင် ရာထူးအပ်နှံသည့် အခမ်းအနားတခု လာမည့် နိုဝင်ဘာ (၈) ရက်နေ၌ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “နိုဝင်ဘာလ (၈) ရက်နေ့မှာ တရားဝင် ရာထူးခန့်အပ်ပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး တက်မယ်လို့တော့ ကြားတယ်။ ဆဒုံးမြို့နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ရာထူးခန့်အပ်ခံရတဲ့ အဲဒီသူတွေဟာ အစိုးရအသိအမှတ်ပြု တရားဝင် ပြန်တမ်းဝင် သူတွေ ဖြစ်လာမှာ ဖြစ်တယ်” ဟု ပြောသည်။

အန်ဒီအေကေ ကချင် တပ်ဖွဲ့သည် မူလတပ်ဖွဲ့မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်းကို ဆက်လက် အကောင်အထည် ဖော်နေဆဲ ဖြစ်ပြီး ဒေသ အတွင်းရှိ ဆဒုံးမြို့နယ် ဝေါ်ချုံးတွင် တပ်ရင်း (၁) ရင်း၊ ဂမ်ခွန်းတွင် တပ်ရင်း (၁) ရင်းနှင့် လုပြည်တွင် တပ်ရင်း (၁) ရင်း ဖွဲ့စည်း နေရာချထားသည်။

ယခုကဲ့သို့ ရာထူးခန့်အပ်ပွဲပြီးပါက အဆင့်အသီးသီးမှ အရာရှိတပ်သားများသည် နေရာဒေသအသီးသီးတွင် ထပ်မံပြီး သင်တန်းများ တက်ကြရဦးမည်ဖြစ်ကာ အရာရှိအဆင့်တို့ကို ဗထူးမြို့၊ တပ်သားများကို မြစ်ကြီးနားမြို့အနီးရှိ ပျဉ်ထောင်၊ အခြား အဆင့်များကို ကရင်ပြည်နယ် သံတောင်တွင် နအဖက စစ်သင်တန်းများ ပေးဦးမည်ဟု သိရပြီး အချို့ကိစ္စများအတွက် အန်ဒီအေကေ ခေါင်းဆောင်ပိုင်းက စိုးရိမ်မှုရှိနေကြောင်း သိရသည်။

အန်ဒီအေကေ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “ဒီ ကချင်လူမျိုး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ကရင်ပြည်နယ် သံတောင်လို နေရာမျိုးကို ခေါ်သွားပြီး သင်တန်းပေးမယ်ဆိုရင် မြန်မာအစိုးရ စစ်တပ်က အမိန့်ပေးတဲ့အတိုင်း နာခံကြရမှာဖြစ်တယ်။ ဒီအခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို ခေါ်သွားပြီး ဥပမာ ကရင်နဲ့ တိုက်ခိုင်းတာမျိုး ရှိလာရင် မတွေးရဲစရာ ကောင်းလောက်တဲ့ အနေအထား ဖြစ်သွားပြီ။ ကချင် နယ်ခြားစောင့်တပ်ဟာ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတာ ခံရတဲ့ အနေအထားမျိုး ရောက်သွားမှာ အထူးစိုးရိမ်မိတယ်။ ဒီလိုမဖြစ်ဖို့ အန်ဒီအေကေ ခေါင်းဆောင်ပိုင်းဟာ နအဖအစိုးရကို ခုကတည်းက ပြောဆို သဘော တူညီချက် ယူထားသင့်တယ်” ဟု ပြောသည်။

ရာထူး အပ်နှံပွဲပြီးနောက် မကြာမီသင်တန်းများ ပေးတော့မည် ဖြစ်သည့် အတွက် သင်တန်း သွားတက်မည့် တပ်ဖွဲ့များ နေရာ၌ လက်ကျန်တပ်ဖွဲ့နှင့်အတူ နယ်ခြားစောင့်တပ်တွင် တာဝန်ကျသည့် နအဖ စစ်တပ်ဖွဲ့ဝင်များ ဒေသတွင်း ဝင်ရောက်လာပြီး လုံခြုံရေးတာဝန် ယူကြမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */