မြနန်းနွယ် ရုပ်တု လက်ထိပ် ခတ်ခံရ

Thursday, November 19, 2009 ·

ကြည်ဝေ | ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ် ရုပ်တုကို ညအချိန်တွင် စစ်အာဏာပိုင်များက လာရောက်ပြီး လက်ထိပ် ခတ်လေ့ ရှိကြောင်း ကြားသိရသည်။

ဗိုလ်တထောင် ဘုရားရှိ နတ်ရုပ်များ ထဲမှ အစိမ်းရောင် ၀တ်စုံ ဆင်မြန်း ထားသော မြနန်းနွယ် ရုပ်တုကို ည ၁၁ နာရီခန့်တွင် လက်ထိပ် လာခတ်ခြင်း ဖြစ်သည်ဟု အဆိုပါဘုရားအနီး နေထိုင်သူတဦးက ပြောသည်။

“ဘုရားက ည ၁၀ နာရီ ပိတ်တယ်၊ ဘုရားပိတ်ပြီးမှ လာပြီးတော့ လက်ထိပ် လာခတ်တာ၊ မနက် ၆ နာရီ တောင် မထိုးသေးဘူး၊ လာဖြုတ် ပေးတယ်၊ ဘယ်သူမှ မမြင်အောင် လာဖြုတ်တယ်လို့ ထင်တာပဲ၊ အဲဒီလို ညညဆို အစ်မတော် မြနန်းနွယ် နတ်ရုပ်ကို လက်ထိပ် လာခတ်တာ ၄ ရက်ရှိပြီ”ဟု ၎င်းက ဆိုသည်။

ဗိုလ်တထောင် ဘုရားရှိ မြနန်းနွယ် ရုပ်တု အပြင်၊ မင်္ဂလာဒုံ လှော်ကားကန် ထိပ်ရှိ ဘုရားစေတီဝင်းအတွင်းမှ မြနန်းနွယ် ရုပ်တုကိုလည်း ဘုရားရှင်ဘက်သို့ လှည့်၍ လက်အုပ် ချီထားသော လက်နှစ်ဘက်ကို ပူးပြီး လက်ထိပ် လာခတ်ကြောင်း လှော်ကား ကန်ဝင်း အတွင်းမှ ၀န်ထမ်း မိသားစုများက ပြောသည်။

“တနေ့က မနက်အစောကြီး ဘုရားဝင်းထဲ ဆွမ်းလာကပ်တော့ မြနန်းနွယ်အရုပ်မှာ အရောင်လဲ့လဲ့နဲ့ ဘာလဲ ဆိုပြီး ကြည့်လိုက်တော့မှ လက်ထိပ်ဆိုတာသိလိုက်တယ်၊ ပထမတော့ ကလေးတွေ နောက်တယ်လို့ ထင် လိုက်သေးတာ၊ လက်ထိပ်ကို ကိုင်ကြည့်တော့ လက်ထိပ်က အကောင်းကြီး ဆိုတော့လေ တခုခုပဲလို့ သိလိုက်တာ”ဟု အထက်ပါ ၀န်ထမ်း မိသားစုဝင်တဦးက ဆိုသည်။

အဆိုပါ ဘုရားဝင်း အတွင်းရှိ မြနန်းနွယ်ရုပ်တုကို ညတွင် လက်ထိပ် ခတ်ထားပြီး နေ့ခင်းပိုင်းတွင် လက်ထိပ် လာဖြုတ် ပေးလေ့ ရှိသည်ကို တွေ့မြင် ရကြောင်းလည်း ဘုရားဝင်း အနီးတွင် နေထိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ မြနန်းနွယ် နတ်ရုပ်တု များကို လက်ထိပ် ခတ်ခြင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အိပ်မက် ဆိုးပေး သောကြောင့် အပြစ်ပေးသည့် အနေနှင့် ဖြစ်သည်ဟု အစ ရှိသဖြင့် ရန်ကုန် မြို့ခံများ ကြားတွင် အမျိုးမျိုးပြောဆို လျက်ရှိကြောင်း သိရသည်။

“ရယ်စရာတော့ကောင်းတယ်၊ ကြားရတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အစ်မတော်မြနန်းနွယ်က အိပ်မက် ဆိုးပေးလို့ ဆိုပြီး မြနန်းနွယ် ရုပ်တုတွေကို လိုက်ပြီးလက်ထိပ်ခတ်တာလို့လည်း ပြောကြတယ်၊ နောက်တမျိုး ကြားရတာက အိမ်မက် ထဲမှာတဲ့ အစိမ်းရောင် ၀တ်ထားတဲ့ ချောမောလှပတဲ့ အမျိုးသမီးတဦးက ဒေါသ တ ကြီးနဲ့ ခပ်စိမ်းစိမ်း ကြည့်လို့တဲ့ ပြောတယ်၊ ပါးစပ်ကလည်းပြောတယ်တဲ့ အဲဒါနဲ့ မြနန်းနွယ် ရုပ်တုကို လာပြီး လက်ထိပ် ခတ်လိုက်တာလို့လည်း ပြောကြတယ်”ဟု ရန်ကုန် မြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့မှ ကုန်သည်ကြီး တဦးကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုကို အစိမ်းရောင် ၀တ်ထားသော အမျိုးသမီးက ဒုက္ခ ပေးလိမ့်မည်ဟု ဗေဒင် ဟောသောကြောင့် ယတြာချေသည့် အနေဖြင့် အစိမ်းရောင် မြနန်းနွယ် ရုပ်တုများအား လိုက်လံပြီး လက်ထိပ်ခတ် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ကြားသိ ရကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစုဝင်တွေကို အစိမ်းရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးက ဒုက္ခပေးလိမ့် မယ်၊ အဲဒီအမျိုးသမီးကြောင့် အရှက်ကွဲမယ်၊အာဏာစွန့်ရမယ်လို့ ဗေဒင်ကဟောလို့ အစိမ်းရောင် အမြဲဝတ် တဲ့ မြနန်းနွယ်ကို ဦးအောင်လက်ထိပ်ခတ်ပြီး ဖမ်းလိုက်တာလို့လည်း ပြောကြတယ်၊ အမျိုးမျိုး ပြောနေကြ တာပဲ၊ ဘယ်ဟာ အမှန်လဲတော့ မသိဘူး”ဟု ယင်း ကုန်သည်ကြီးက ဆိုသည်။

ထို သိုက်နန်းရှင် မြနန်းနွယ်မှာ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လူယောင် ဖန်ဆင်း၍ သွားလာတတ်ကာ ဘုရားတည်၊ ကျောင်းဆောက် စသည့် သာသနာပြု လုပ်ငန်းများကို လုပ်ကိုင်သောကြောင့် ကိုးကွယ်သူ များပြားကြောင်း သိရှိရသည်။

“မြနန်းနွယ်က ဒီအစိုးရခေတ်မှာ ထင်ရှားလာတဲ့ သိုက်နန်းရှင်ပဲ၊ ၁၉၈၉ နောက်ပိုင်းလောက်မှာ မြနန်းနွယ် ဆိုပြီး အစိမ်းရောင် ၀တ်ထားတဲ့ အမျိုးသမီး တယောက် မြန်မာပြည် အနှံ့သွားပြီး ဘုရားတည် နေတယ် ဆိုတဲ့ သတင်းတွေ ပြန့်လာတယ်၊ သိပ်မကြာခင် သူတည်တဲ့ ဘုရားတွေမှာသူ့ ရုပ်တုတွေ ပေါ်လာတာပဲ၊ အစိုးရ ကလည်း ဒါကို သိတယ်၊ မြနန်းနွယ်အိပ်မက်ပေးလို့ဆိုပြီး ဘုရားတွေမှာ သူ့ရုပ်တုတွေ ထည့်တာကို ခွင့်ပြု ပေးခဲ့တယ်၊ ခုတော့ အိပ်မက်ဆိုးပေးလို့ဆိုပြီး ရုပ်တုတွေကို လက်ထိပ် ခတ်တာ”ဟု အစိုးရ အရာရှိကြီး တဦး ကလည်း ပြောဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */