အေးလဲ့ | လာမည့် ၂၀၁၀ -၂၀၁၁ ခုနှစ် ပညာသင်နှစ်မှ စပြီး ပုဂ္ဂလိက အခြေခံ အထက်တန်း ကျောင်းများ တရားဝင် ဖွင့်လှစ်နိုင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူပေါင်းပြီး ပြင်ဆင်မှုများ စတင် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက အခြေခံ ပညာ အထက်တန်း ကျောင်းများ ဖွင့်လှစ်ပါက ပညာရေး ဝန်ကြီးဌာနက လက်ရှိ ကျင့်သုံး နေသော သင်ရိုး ညွှန်းတန်းကိုသာ ကျင့်သုံး ရမည် ဖြစ်ကြောင်း Weekly Eleven သတင်း ဂျာနယ်တွင် ဖော်ပြထားသည်။
အခြေခံ ပညာ အထက်တန်း အဆင့် တက္ကသိုလ်ဝင် စာမေးပွဲကိုမူ ပညာရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ စာစစ် အဖွဲ့ထံ မှတ်ပုံတင်၍ ဝင်ရောက် ဖြေဆို ရမည်ဟု သိရသည်။
မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ လေ့လာနေသူ ကိုမြင့်ဇော်က “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ရရင် ကောင်းပါတယ်။ လူငယ်တွေ နိုင်ငံခြား ထွက်ပြီး ပညာ သင်တာထက် စာရင် ကောင်းတာပေါ့။ ဒါပေမယ့် တကယ့်ပိုက်ဆံရှိ သား သမီးတွေ တက်နိုင်တဲ့ ကျောင်းနဲ့ ဆင်းရဲသားတွေ တက်နိုင်တဲ့ ကျောင်းဆိုတဲ့ ကွာခြားချက်မျိုး ဖြစ်လာ နိုင်တယ်၊ ဒါဟာ ရေရှည်အနာဂတ်ကို ထိခိုက်နိုင်တယ်” ဟု ပြောသည်။
အစိုးရ အထက်တန်း ကျောင်းသူ ကျောင်းသားများ (ဓာတ်ပုံ - ဧရာဝတီ) |
အခြေခံ ပညာ အထက်တန်း အဆင့် တက္ကသိုလ်ဝင် စာမေးပွဲကိုမူ ပညာရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ စာစစ် အဖွဲ့ထံ မှတ်ပုံတင်၍ ဝင်ရောက် ဖြေဆို ရမည်ဟု သိရသည်။
မြန်မာနိုင်ငံ ပညာရေးဆိုင်ရာ လေ့လာနေသူ ကိုမြင့်ဇော်က “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ရရင် ကောင်းပါတယ်။ လူငယ်တွေ နိုင်ငံခြား ထွက်ပြီး ပညာ သင်တာထက် စာရင် ကောင်းတာပေါ့။ ဒါပေမယ့် တကယ့်ပိုက်ဆံရှိ သား သမီးတွေ တက်နိုင်တဲ့ ကျောင်းနဲ့ ဆင်းရဲသားတွေ တက်နိုင်တဲ့ ကျောင်းဆိုတဲ့ ကွာခြားချက်မျိုး ဖြစ်လာ နိုင်တယ်၊ ဒါဟာ ရေရှည်အနာဂတ်ကို ထိခိုက်နိုင်တယ်” ဟု ပြောသည်။
ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် အတွက် မြေနေရာ၊ အဆောက်အဦး၊ သင်ကြား ပို့ချမည့် ဆရာ၊ ဆရာမများ၊ သင်ထောက်ကူ ပစ္စည်းများ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် လိုအပ်သည့် ရင်းနှီး မြှုပ်နှံရမည့် ငွေကြေးကို ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဟု သိရသည်။
လက်ရှိ နာမည်ကြီးနေသော ရန်ကုန်ရှိ ACA၊ ပြင်ဦးလွင်ရှိ စာပန်းအိမ်နှင့် နေပြည်တော်မှ စိုးစံ စသည့် ပုဂ္ဂလိက ပညာရေး လုပ်ငန်းတို့က အထက်တန်းကျောင်း ဖွင့်ရန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း ကြားသိရသည်။ သို့သော် အထက်ပါ အကြောင်းရင်းနှင့် ပတ်သက်ပြီး အဆိုပါ ပုဂ္ဂလိက ကျောင်းများကို ဆက်သွယ် မေးမြန်း၍ မရခဲ့ပေ။
ဖွင့်လှစ်ထားခဲ့ပြီးသော ဘော်ဒါဆောင်များမှာ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်အရ မဟုတ်ဘဲ စီးပွားကူးသန်း ဝန်ကြီးဌာန (သို့မဟုတ်) စည်ပင်သာယာ လိုင်စင်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အခြေခံပညာရေး ဦးစီး ဌာနမှ သိရသည်။
မန္တလေးမြို့ရှိ “နေသူရိန်” ဘော်ဒါဆောင်တွင် တက်ရောက်ပညာသင်ကြားနေသည့် ၁၀ တန်း ကျောင်းသား တဦး၏ မိခင်က “ တနှစ်ကို ကျပ် သိန်း ၂၀ လောက် ကုန်တယ်၊ နှစ်ခါခွဲပေးရတယ်။ ပထမတခါက ၁၀ သိန်း နောက်ပိုင်း ၉ သိန်း ခုတော့ ကြေသွားပြီပေါ့။ ဒါပေမယ့်လည်း သူ့အတွက် မုန့်ဖိုးနဲ့၊ တခြားလိုအပ်တာနဲ့ဆို အနည်းဆုံး တလ၊ တလကို ၁ သိန်းလောက်တော့ ပြန်လိုက်ရတယ်” ဟု ပြောသည်။
တက္ကသိုလ် မြန်မာစာ ကထိကဟောင်း စာရေးဆရာမ ဒေါ်မေငြိမ်းက “ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ရတာက အခွင့်အလမ်းကောင်း တခုပါပဲ။ ပုဂ္ဂလိကကျောင်း ပေါ်လာခြင်းဖြင့် အင်္ဂလိပ်စာအပြင် တခြား သင်ကြားနည်း စနစ်တွေပါ တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘုန်းတော်ကြီးသင်၊ ပညာသင်ကျောင်းများ စသည့် စေတနာ အလှူရှင်များ၏ အထောက်အပံ့များဖြင့် ပညာသင်ကျောင်းများလည်း ဖွင့်လှစ်ထားလျက်ရှိရာ ဘုန်းတော်ကြီး ပညာသင် ကျောင်း ဖွင့်ထားသည့် ဆရာတော်တပါးက “ လွတ်လွတ်လပ်လပ် ခွင့်ပြုရင် ကြိုဆိုပါတယ်။ အဲဒီလို မဟုတ်ဘဲ အကန့်အသတ်နဲ့ ခွင့်ပြုမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုတွေ ပိုများလာနိုင်တယ်။ ဥပမာ အိန္ဒိယ နိုင်ငံမှာ အစိုးရနဲ့ ပုဂ္ဂလိက ကြားက ပညာရေးစနစ်ကို နမူနာယူရမယ်” ဟု ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် လူနည်းစုဖြစ်သည့် ချမ်းသာသော အသိုင်းအဝန်းမှ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက် သင်ကြား နိုင်သည့် နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက် ထားသော ILBC ၊ YIEC အစ ရှိသည့် ပုဂ္ဂလိက ကျောင်းပေါင်း ၂၉ ကျောင်းရှိကြောင်း သိရသည်။
သို့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အနှံ့တွင် အထက်တန်း ပညာသင် ကျောင်းသူ၊ ကျောင်းသား များအတွက် ဘော်ဒါဆောင် အများအပြား အပြိုင်အဆိုင် ထွက်ပေါ်လာကာ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းကြီးထွားခဲ့သည်။
မြန်မာ နိုင်ငံတွင် အလွတ် ပညာသင် ကျောင်းအနေနှင့် ကိုလိုနီခေတ်မှ ၁၉၆၄ ခုနှစ်အထိ အောင်မြင်မှုကြီးမား ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။
source by : ဧရာဝတီ

0 comments:
Post a Comment