ကြွက်ကြောင့် လပွတ္တာ လယ်သမားများ အခက်ကြုံရ

Thursday, November 19, 2009 ·

ဟိန်းဇော် | လပွတ္တာခရိုင် အတွင်းရှိ ကျေးရွာများတွင် ကြွက်များ များပြားလာပြီး စပါးခင်းများကို ၀င်ရောက် ဖျက်ဆီး နေသဖြင့် လယ်ယာလုပ်ကိုင် သူများ စားဝတ်နေရေး အခက်ကြုံ နေရကြောင်း ဒေသခံများက ပြောကြသည်။

“မနှစ်က မုန်တိုင်းကြောင့် လယ်စိုက်လို့ မရဘူး။ ဒီနှစ်ကျတော့ အေးအေး ဆေးဆေး လယ်စိုက်မယ် တွေးထားတာ ကြွက်က ဒုက္ခ ပေးပြန်ပြီ။ စပါးတွေ စသီးပြီး နို့ရည်ဆမ်းတဲ့ အချိန်မှာ ကြွက်တွေ ၀င်ကိုက်တော့ ပျက်ပြီပေါ့ဗျာ” ဟု လပွတ္တာ ခရိုင် ကညင်ကုန်း ကျေးရွာမှ လယ်ယာ လုပ်ကိုင်သူ ဦးသောင်းဌေးက ပြောသည်။

အဆိုပါ ကြွက်များသောင်းကျန်းမှုကြောင့် လယ်ယာလုပ်ကိုင်သူများမှာ ငွေကြေးများစွာ ဆုံးရှုံးနေရသည်ဟု သူက ဆိုသည်။

လယ်ကြွက် များသည် အရွယ်အစား အားဖြင့် သာမန်ထက် ပိုမို ကြီးနေကာ နာဂစ် ဆိုင်ကလုန်း တိုက်ခိုက်ပြီး တနှစ်ကျော်အကြာတွင် ပိုမိုများပြားလာကာ စိုက်ခင်းများကို အန္တရာယ်ပြုလာကြောင်း လပွတ္တာခရိုင်တွင် ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသော NGO ၀န်ထမ်းတဦးက ပြောသည်။

“ဧက ၆၀ စိုက်တဲ့သူဆို စပါးရိတ်ချိန်မှာ ဧက ၃၀ လောက်ပဲ ရတော့တယ်၊ ကျန်တာ ကြွက်ကိုက်လို့ ပျက်စီးသွားတာ၊ ကျန်တဲ့ စပါးအတွက်တောင် မအိပ်မနေ စောင့်ရှောက်ကြရတာ၊ ကြွက်နှိမ်နင်းရေးတွေ သိပ်မထိရောက်ဘူး” ဟု ၎င်းက ဆိုသည်။

လပွတ္တာ ခရိုင်အတွင်းတွင် ပြန်လည်ထူထောင်ရေး လုပ်ကိုင်သော အဖွဲ့အစည်းများနှင့် ရွာလူကြီးများ ပူးပေါင်းကာ ကြွက်နှိမ်နင်းရေး လုပ်ငန်းစဉ်တရပ်အဖြစ် လူတဦးလျှင် တနေ့ ကြွက်မြီး ၅ချောင်း၊ ၇ ချောင်း ရှာခိုင်းပြီး ကြွက်မြီး မရှာနိုင်သူများကို ဒဏ်ရိုက်သည့် စနစ် ကျင့်သုံးကြကြောင်း လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူ ဦးမြမောင်က ပြောသည်။

“ပြောရရင် ကြွက်တွေသတ်ပြီး ယူလာခဲ့လို့ မပြောဘဲ ကြွက်မြီးတွေ ယူခဲ့ခိုင်းတာ။ အစောပိုင်းတော့ လိုက်ရှာသတ် အမြီးဖြတ်ကြတာပေါ့၊ နောက်ပိုင်းကျတော့ ဖမ်းလို့မရတော့ဘူး။ အမြီး ၅ ချောင်းမပေးနိုင်ရင် ဒဏ်က အရိုက်ခံ ရမှာဆိုတော့ အမြီးအတုတွေ လုပ်ပြီး သွားအပ်တယ်။ ကြွက်ဒုက္ခပေးရတဲ့ အထဲ ဒဏ်ငွေကြောင့် စိတ်ပျက် ရတယ်” ဟု သူက ဆက်ပြောသည်။

ဧရာဝတီတိုင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံကာကွယ်ရေးဌာန အနေဖြင့်လည်း ကြွက်များကို ကာကွယ်နိုင်နင်းနိုင်ရန် နည်းလမ်းများ ညွှန်ကြားထားသော်လည်း ထိရောက်စွာ မနှိမ်နင်းနိုင်ကြောင်း ဦးသောင်းဌေးက ပြောသည်။

“လယ်လုပ်ဖို့ ပိုက်ဆံတွေက အတိုးနဲ့ ယူပြီး လုပ်ကြရတာ၊ အမြတ်ကောင်းကောင်း မရတဲ့အပြင် ရှုံးတဲ့သူက ရှုံးနေတော့ စားဝတ်နေရေး အရမ်းခက်ခဲနေတယ်၊ လာလှူတဲ့သူတွေလည်း မရှိတော့ဘူး။ အဲဒီလို မရှိလည်း ကိုယ့်အလုပ်ကိုယ် လုပ်နိုင်ရင် အဆင်ပြေတာပေါ့ဗျာ” ဟု ကြားကုန်းလေး ကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */