ဗိုလ်ချုပ်မှူးကြီး နာဂစ်ဒေသသို့ ဒုတိယအကြိမ် သွားရောက်

Wednesday, November 04, 2009 ·

ရန်ပိုင် | စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြီးခဲ့သည့် တနလာင်္နေ့က နာဂစ်မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်သို့ သွားရောက် ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ယခု ခရီးစဉ်တွင် ဖျာပုံ မြို့နယ်နှင့် ဘိုကလေး မြို့နယ်များတွင် ပြုလုပ်နေသည့် မုန်တိုင်းဒဏ် ကာကွယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို ကြည့်ရှုခဲ့ကြောင်း၊ တည်ဆောက် နေသည့် Cyclone Shelter အဆောက်အဦး ၂၀ကို မတ်လ ထက် နောက်မကျစေဘဲ အပြီးသတ်ရန်၊ ၎င်းအဆောက်အဦး များကို သာမန် အချိန်တွင် စာသင်ခန်းများ အဖြစ် အကျိုး ရှိရှိ အသုံးချရန် ဗိုလ်ချုပ်မှူးကြီးက ညွန်ကြား ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD ) ၏ လေဘေး ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကမူ နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်ပြီး ပြည့်စုံမှု မရှိသေးကြောင်း၊ ပျက်စီးဆုံးရှုံးမှုကြီးမားသည့်အတွက် ပုံမှန် အခြေအနေသို့ ရောက်ရှိရန် အကူအညီများ ဆက်လက် လိုအပ်နေသေးကြောင်း၊ နိုင်ငံတကာတွင်လည်း တခြားသော သဘာဝ ဘေးအန္တရာယ်များ ကျရောက် နေသောကြောင့် မြန်မာနိုင်ငံ အတွက် အလှူရှင်များကို ပိုမိုလှုံ့ဆော်သင့်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။

မကြာသေးခင်က အဆိုပါ နာဂစ်မုန်တိုင်းသင့်ဒေသမှ ပြန်လာသော NLD ၏ HIV/AIDS အကူအညီပေးရေးအဖွဲ့မှ ကိုရာဇာ က လည်း သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး ပေါ်ပေါက်လာနိုင်သောကြောင့် ဒေသတွင်း လူထု လုံခြုံ ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းမှာကောင်းသော်လည်း နိုင်ငံတကာ အကူအညီနှင့် ပညာရှင် များ အကူအညီမပါဘဲ ပြုလုပ်၍မရနိုင်ကြောင်း ပြောသည်။

“မြစ်ဝကျွန်းပေါ်က အကြီးကြီးပဲ၊ လူဦးရေ ကလည်း များတယ်၊ အဲ့ဒါကိုမှ အလုံး၂၀ ပဲ ဆောက်တယ် ဆိုတော့ စစ်တပ် အတွက် ပဲလား မသိဘူး”ဟု ၎င်းက ဆိုသည်။

ဆောက်လုပ်နေသည့် Cyclone Shelter တလုံးလျှင် လူဦးရေ ၅၀၀ သာ ဆန့်သည်ဟုသိရပြီး ဒေသတွင်းကျေးရွာ တရွာ လျှင် လူဦးရေ ထောင်ဂဏန်းရှိသည်ဟု သိရသည်။

လက်ရှိ အခြေအနေမှာ ဒေသနေ ပြည်သူ များအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စီးပွားရေးပြန်လည်နာလန် ထူလာရန် ပိုမို ပြုလုပ် သင့်သည် ဟုလည်း ကိုရာဇာက ပြောသည်။

“ငါးဖမ်းတဲ့ ကိရိယာတွေ မရှိတဲ့လူက မရှိသေးဘူး၊ အိမ်ပြန် မဆောက်နိုင်တဲ့ သူတွေ၊ ကျွဲနွား မရှိတဲ့သူတွေ များတယ်၊မျှော်လင့် ချက်မဲ့ သလိုမျိုး ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသသို့သွားရောက်ညွန်ကြားနေသော်လည်း အကူအညီပေးရေး လုပ်ကိုင် နေသူများကို ဖမ်းဆီး၍ ထောင်ဒဏ် အသီးသီး ချမှတ် အပြစ်ပေးမှုများ ရှိနေခဲ့သည်။

မကြာသေးမီကလည်း အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်သည့် လင်းလက်ကြယ်အဖွဲ့နှင့် ပတ်သက်သည်ဆိုပြီး ပြည်တွင်း သတင်းထောက်များကို ဖမ်းဆီးခဲ့သေးသည်။

အဆိုပါ အဖွဲ့သည် လူရွင်တော် ကိုဇာဂနာ တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ၎င်းနှင့် အားကစား ဂျာနယ် သတင်းထောက် ကိုဇော်သက်ထွေး တို့အား စစ်အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားသည်။

ဗိုလ်ချုပ်မှူးကြီး၏ ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး၊ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး နှစ်ပတ်အကြာတွင် ပထမဆုံး အကြိမ် သွားရောက်ခဲ့သည်။

နာဂစ်ဆိုင် ကလုန်း မုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလတွင် တိုက်ခတ်ခဲ့ပြီး ဒေသခံ ပြည်သူ ၁၄၀၀၀၀ ကျော် သေကြေ ပျောက်ဆုံး၍ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀ ဘီလျံ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */