ရန်ကုန်တွင် ဆိုင်ကယ် လုံးဝ စီးနင်းခွင့် မပြုကြောင်း အမိန့် ထုတ်ပြန်

Thursday, November 26, 2009 ·

မျိုးချစ်သူ | ရန်ကုန်တွင် ယခုလ နောက်ဆုံးပတ်မှ စ၍ ဆိုင်ကယ် များကို လုံးဝ စီးနင်းခွင့် မပြုတော့ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (တယက) က နိုဝင်ဘာ (၂၃) ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။

စီးနင်းခွင့် မပြုကြောင်းကို ရန်ကုန်တိုင်း အတွင်းရှိ အစိုးရ ဌာနဆိုင်ရာများသို့ ယင်းနေ့ ရက်စွဲဖြင့် အသီးသီး ပေးဝေ ထားကြောင်း တယက မှ တာဝန်ရှိသူ တဦးက ခေတ်ပြိုင်သို့ ပြောသည်။

“စာတွေ ပေးထားတယ်။ ပေးထားပါလျက်နဲ့ စီးနင်းတယ်ဆိုရင်တော့ ဆိုင်ကယ်ကို သိမ်းမယ်၊ လူကို ဥပဒေအရ အရေးယူမယ်၊ ထောင်ဒဏ်ထိ ကျခံရမယ်။ လောလောဆယ်တော့ ထောင်ဒဏ် ဘယ်လောက်လဲဆိုတာ ပြောဖို့ စောပါသေးတယ်” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးမှ ရဲအရာထမ်းတဦးကလည်း “ကျနော်တို့ဆီကို စာဝင်လာတယ်၊ ဒီအမိန့်ကို သိရှိပါတယ်ဆိုတာကိုတော့ ဆိုင်ကယ်စီးတဲ့ ၀န်ထမ်းတွေအားလုံး လက်မှတ်ထိုးရတယ်။ လိုက်နာပါ့မယ်လို့တော့ မဟုတ်ဘူး၊ သိရှိပါတယ်ဆိုတာကို လက်မှတ်ထိုးရတာပါ” ဟု ရှင်းပြသည်။

အဆိုပါအမိန့်တွင် မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ လုံးဝ မစီးနင်းရဟု ပါရှိကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့တွင် စစ်တပ်စီးဆိုင်ကယ်ကို စစ်ရောင်ပြောင်းကာ ရဲနှင့်ဌာနဆိုင်ရာတို့ စီးနင်းမည့် ဆိုင်ကယ်များကို သုံးဘီးကားရောင် (လိမ္မော်) အဖြစ် ပြီးခဲ့သည့် သြဂုတ်လအတွင်းက သတ်မှတ် စီးနင်းခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ စီးနင်းခွင့် မပြုကြောင်း အမိန့်စာတွင် ဆိုင်ကယ် (၂၀၈) စီးကိုသာ စီးနင်းခွင့်ပြုထားသည်ဟု ဌာန ဆိုင်ရာ အသီးသီးသို့ ပေးပို့သော အသိပေး အကြောင်းကြားစာတွင် ပါရှိကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး၏ ပြောပြချက်အရ မူလက ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် စစ်တပ်၊ ရဲနှင့် ဝန်ထမ်း အချို့ကို ဆိုင်ကယ် စီးနင်းခွင့်ပြုထားခဲ့သည်မှာ စုစုပေါင်း အစီးရေ (၈ဝဝ) ကျော် ရှိကြောင်း၊ သို့သော် နားလည်မှုဖြင့် စီးနင်းနေသော ဆိုင်ကယ် စီးရေမှာ (၃,ဝဝဝ) ကျော်ရှိကြောင်း၊ ဆိုင်ကယ် အများဆုံးအသုံးပြုသူတို့မှာ ရဲ၊ မယက၊ ရယက၊ ကြံ့ဖွံ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့ ဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */