ဧရာဝတီတိုင်းတွင် သင်္ဘောမှောက်၊ အသေအပျောက် များပြား

Tuesday, November 17, 2009 ·

အောင်သက်ဝိုင်း | ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရှမ်းဂူကျေးရွာ အနီးရှိ င၀န်မြစ်တွင် ယမန်နေ့ညက ပုဂ္ဂလိက ခရီးသည်တင် သင်္ဘောကြီး တစီး နစ်မြုပ်သွားရာ ခရီးသည် အလောင်း ၄၀ ခန့် ဆယ်ယူရရှိပြီး၊ အများအပြား ပျောက်ဆုံး နေကြောင်း ပုသိမ်မြို့ အခြေစိုက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာန အရာရှိတဦးက ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ထိုဒေသမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆက်လက် လုပ်ကိုင်နေသည်ဟု သိရသည်။

“ပျောက်နေတဲ့သူတွေက သေသွားပြီလား၊ ဒါမှမဟုတ် ရေစီးနဲ့ မျောပြီး အခြားကမ်းတွေ တင်နေသလား ဆိုတာ ရေရေ ရာရာ မသိရသေးဘူး” ဟု ပုသိမ်မြို့ မီးသတ်တပ်ဖွဲ့ဝင် တဦးက ယနေ့ ညနေပိုင်း အခြေအနေများကို ဧရာဝတီသို့ ပြောပြသည်။

နစ်မြုပ်သွားသည့် သင်္ဘောမှာ နေမျိုးထွန်း ဟု အမည်ပေးထားသည့် ရေယာဉ်အမှတ် ၈၄၁၃၊ သစ်သား တထပ်သင်္ဘော ဖြစ်ကြောင်း၊ ယမန်နေ့ ည ၇ နာရီက ခရီးသည် ၁၇၆ ဦးကို တင်ဆောင်ပြီး ပုသိမ်မြို့မှ သက်ကယ်သောင် ကျေးရွာသို့ ဦးတည် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် ပုံမှန် ပြေးဆွဲနေသော အဆိုပါ သင်္ဘောသည် ရှမ်းဂူကျေးရွာ အနီးရှိ မြစ်ပြင်ကျယ်တွင် ဓနအမည်ရှိ ဒီဇယ်ဆီတင် သင်္ဘောတွဲနှင့် တိုက်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သင်္ဘောက ချက်ချင်း မြုပ်သွားတာ။ ခရီးသည် တွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံး ပျောက်နေတယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည့် ရှမ်းဂူကျေးရွာသား တဦးက ရှင်းပြသည်။

ယခုအခါ အာဏာပိုင်တို့က သင်္ဘော ပိုင်ရှင်ကို အမှုဖွင့် အရေးယူထားပြီး ရေယာဉ် နစ်မြုပ်ရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်း စစ်ဆေးနေသည်ဟု ဧရာဝတီတိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်းသည် ယမန်နှစ်က တိုက်ခိုက် ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */