နိုင်ငံတကာ သံဃာများက မြန်မာ ဒုက္ခသည်များအတွက် အလှူခံ

Tuesday, November 17, 2009 ·

ရန်ပိုင် | နယ်စပ် ဒေသမှ ဒုက္ခသည်များ အတွက် ရည်ရွယ်သည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတခုကို ယနေ့နံနက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပရာ နိုင်ငံတကာမှ သံဃာ အပါး၂၀၀ ခန့် ပါဝင်ခဲ့ ကြသည်။


အလှူခံပွဲအပြီး ချင်းမိုင်တက္ကသိုလ်တွင် ဆွမ်းဘုဉ်းပေးနေသော သံဃာများ (ဓာတ်ပုံ - MLC)
ဒုက္ခသည်များ အတွက် ပထမဆုံး အကြိမ် ပြုလုပ်သော အလှူပွဲတွင် ပါဝင်သည့် သံဃာ အများစုမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဂျပန်၊ သီရိလင်္ကာ၊ မြန်မာ နိုင်ငံတို့မှ သံဃာ တချို့လည်း ပါဝင်သည်။ အလှူပွဲတွင် တက္ကသိုလ် ကျောင်းသားများ၊ ချင်းမိုင်မြို့ရောက် မြန်မာပြည်သား အလုပ်သမားများ ကလည်း ပါဝင် ကူညီကြသည်။

သံဃာများသည် နံနက် ၆နာရီခန့်မှ စတင်၍ ၀ပ်ဆွန်ထော့ ဘုန်းကြီးကျောင်း နှင့် ချင်းမိုင် တက္ကသိုလ် အထိ လမ်းတလျှောက်တွင် အလှူခံကြခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံက ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီဖို့ အတွက် ချင်းမိုင်မှာ နေတဲ့ မြန်မာ နိုင်ငံသား အသိုင်း အ၀န်းကို တတ်နိုင် သမျှ ဒီအလှူကို သိအောင်၊ ပါဝင်လာအောင် လှုံဆော် ခဲ့ပါတယ်” ဟု Friends Of Burma (ထိုင်း မြန်မာ မိတ်ဆွေများအဖွဲ့) မှ မြန်မာ ကျောင်းသား တဦးက ဧရာဝတီသို့ ပြောသည်။

သံဃာများ အလှူခံ၍ ရရှိသည့် ဆေးဝါးနှင့် ပစ္စည်းများကို ဒုက္ခသည် စခန်းများသို့ သာမက နာဂစ် မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများသို့လည်း ပေးပို့မည်ဟု သိရသည်။

အလှူပစ္စည်းများတွင် ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး စသည့် ဆေးဝါးပစ္စည်း အများစု ပါဝင်ကြောင်း သိရသည်။

အလှူခံ သံဃာများထဲတွင် သာသနာ့ ဥသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် မှ ဦးသြဘာသလည်း ပါဝင်သည်။ မြန်မာနိုင်ငံသား ဒုက္ခသည်များ အတွက် နိုင်ငံတကာမှ ဗုဒ္ဓဘာသာ သံဃာတော်များ ယခုကဲ့သို့ ပါဝင် ဆောင်ရွက် သဖြင့် ၀မ်းမြောက်ကြောင်း ဦးသြဘာသက ဧရာဝတီသို့ မိန့်ကြားသည်။

မြို့သူ မြို့သားများက ကိုယ်ချင်းစာစိတ်၊ စာနာစိတ် အပြည့်ဖြင့် သဒ္ဒါတရား ထက်သန်စွာ လှူဒါန်းကြသည် ဟု ချင်းမိုင်မြို့ရှိ ကူညီ ကယ်ဆယ်ရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသည့် မြန်မာ လူငယ် တဦးက ပြောသည်။

ဒုက္ခသည်များ အတွက် ရည်ရွယ်သည့် အလှူပွဲ ကို International Network of Engaged Buddhist (အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓ ဘာသာဝင်များ စေ့စပ် ညှိနှိုင်းရေး အဖွဲ့) က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် ဒုက္ခသည် စခန်းပေါင်း ၉ ခု ရှိနေသည်။ ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယား ပြည်နယ် အနီးတွင် စခန်း ၂ ခု၊ ရှမ်းပြည်နယ် အနီးတွင် ၁ ခု တည်ရှိသည်။ ဒုက္ခသည် စုစုပေါင်း တသိန်း သုံးသောင်းကျော် ရှိနေသည်ဟု ပြီးခဲ့သည့်လ အတွင်း ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း (TBBC) ၏ အချက်အလက်များ အရ သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */