မူးယစ်ဆေး ရောင်းဝယ်မှုကြောင့် ကျပ်ငွေဈေး တက်တာလား

Tuesday, November 17, 2009 ·

ပြည်တွင်း တရားမ၀င် ငွေလဲဈေးကွက်တွင် မြန်မာငွေတန်ဖိုး အဆမတန်ထိုးတက်နေပြီး ထိုသို့ ထိုးတက်နေရခြင်း၏ အကြောင်းရင်းများတွင် ဘိန်းနှင့် စိတ်ကြွဆေးဝါး ရောင်းချခြင်းမှ ရရှိသော အမေရိကန်ဒေါ်လာ ပမာဏ အများအပြား ဈေးကွက်တွင်း ၀င်ရောက်လာခြင်းသည်လည်း အချက်တချက်ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

ပွင့်လင်းရာသီအစ ဆောင်းဦးရာသီအချိန်သည် တရုတ် - မြန်မာနယ်စပ်ဒေသတွင် ဘိန်းရိတ်သိမ်းချိန်ဖြစ်ပြီး ဘိန်းနှင့် အတူ စိတ်ကြွဆေး အရောင်းအ၀ယ် မြင့်တက်လျက် ရှိကြောင်း၊ ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေ တန်ဖိုး မြင့်မားပြောင်းလဲလာမှုသည် ရန်ကုန်အခြေစိုက် ငွေလဲဈေးကွက်မှ စတင်ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ တရုတ် - မြန်မာ နယ်စပ်အခြေစိုက် ငွေလဲဈေးကွက်မှ စတင်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း နယ်စပ်ဒေသနှင့် ဆက်စပ် မှုရှိသော စီးပွားရေး သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

“တဒေါ်လာ ၉၉၀ ကျပ်ပဲရှိတယ်။ အခုဖြစ်တဲ့ငွေဈေးက ရန်ကုန်ဈေးကွက် အခြေအနေပေါ်မူတည်ပြီး ဖြစ်တာ မဟုတ်ဘူး။ တရုတ် - မြန်မာနယ်စပ်မှာ ဖြစ်တဲ့ ယွမ်၊ ဒေါ်လာနဲ့ ကျပ်ငွေ လဲနှုန်းတွေပေါ် မူတည်ပြီး ရန်ကုန်ဈေးကွက်မှာ ငွေဈေး အတက်အကျ လာဖြစ်တာ” ဟု ရန်ကုန်အခြေစိုက် တရားမဝင် ငွေလဲလှယ်ရေး လုပ်ကိုင်သူ တဦးက ပြောသည်။

၅၀၀၀ တန်ငွေစက္ကူသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၁၂၀၀ ကျပ်ထိရှိခဲ့ရာ ထိုအချိန်က ဒေါ်လာ ၀ယ်ယူစုဆောင်းသူ များပြားခဲ့ကြောင်း၊ သို့ရာတွင် ယခု ရန်ကုန် ငွေလဲဈေးကွက်တွင် မြန်မာငွေ တန်ဖိုးမြင့်မားချိန်၌ ဒေါ်လာဝယ်ယူမှု နည်းပါးပြီး အလုပ်မဖြစ်လှဘဲ ဈေးကွက် အေး နေကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

“၅၀၀၀ တန်စထုတ်တဲ့အချိန် အောက်တိုဘာလထဲမှာ ဒေါ်လာဝယ်သူများတယ်။ ဒါပေမယ့် ၀ယ်တဲ့သူ များသလောက် ဈေးကွက်မှာ ဒေါ်လာက ပြတ်မသွားဘူး။ ၀ယ်ရင်ဝယ်သလောက် ဒေါ်လာ စီးဆင်းမှုရှိတော့ နောက်ဆုံးဒေါ်လာဝယ်အား ကျတဲ့အချိန်မှာ မြန်မာငွေ တန်ဖိုး စတက်တယ်” ဟု ငွေလဲဈေးကွက်နှင့် နီးစပ်သည့် မန္တလေးသား စီးပွားရေးသမားတဦးက ဆိုသည်။

ဘိန်းနှင့်စိတ်ကြွဆေးဝါးများမှ ရရှိသောဒေါ်လာများကြောင့် မြန်မာငွေတန်ဖိုးမြင့်တက်သည်ဆိုသော အချက်မှာ
မှန်ကန်မှု ရှိနိုင်သည်ဟု ပြည်တွင်းစီးပွားရေး သုတေသီတဦးက သုံးသပ်သည်။

“ကမ္ဘာမှာ ဒေါ်လာတန်ဖိုးကျလို့ ဒီမှာလည်းဒေါ်လာတန်ဖိုး ကျတယ်လို့ လူပြိန်းတွေး တွေးလို့ ရပေမယ့် ဒီမှာက အမေရိကန်ဒေါ်လာ အခြေပြုထားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေမရှိဘူး။ အဲဒီယူဆချက်က လွဲနေတယ်လို့ ထင်တယ်။ ဘိန်းနဲ့ စိတ်ကြွဆေးကရတဲ့ ဒေါ်လာတွေကြောင့် မြန်မာငွေတန်ဖိုး တက်တယ်ဆိုတဲ့ အချက်က ဖြစ်နိုင်ခြေများတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီမျှသည်ဟုဆိုသော FEC ခေါ် နိုင်ငံခြားငွေလက်မှတ် သည်လည်း ရောင်းချင်သူသာများပြီး ၀ယ်သူမရှိဘဲ FEC တဒေါ်လာလျှင် ၉၈၅ ကျပ် ခန့်မျှဖြင့် အရောင်းအ၀ယ် ဖြစ်နေသည်ဟုလည်း သတင်းရရှိသည်။

ယခုလက်ရှိ အနေအထားအရ ကမ္ဘာ့ရွှေဈေး အလွန်ထိုးတက်သော်လည်း မြန်မာငွေဈေး တက်နေသဖြင့် မြန်မာပြည်တွင်း တွင် ရွှေဈေးမတက်ဘဲ ဈေးကျနေသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သော ရွှေ သန့်စင်ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

“နိုဝင်ဘာ ၁၅ ရက်မှာ ကမ္ဘာ့ရွှေက တအောင်စ ၁၁၁၈ ဒေါ်လာ (ကျပ် ၁၁ သိန်းကျော်)။ ဒီက ရွှေဈေးက သန့်စင်ပြီးသား အခေါက်ရွှေ တကျပ်သားကိုမှ ၅ သိန်း ၉ သောင်းပဲ ရှိတယ်” ဟု မန္တလေးမြို့ ရွှေဆိုင် ပိုင်ရှင် တဦးက ပြောသည်။

မြန်မာငွေ တန်ဖိုး မြင့်တက် လာရခြင်းမှာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း အဆင်ပြေစေမည့် အရိပ်အရောင်များ တွေ့မြင်လာရခြင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့ အကြား ထင်သာ မြင်သာရှိသော နိုင်ငံရေးအရ ဆက်ဆံမှုများ ရှိလာခြင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သော နိုင်ငံရေး ကမ်းလှမ်းချက် များကြောင့် နိုင်ငံရေး အခြေအနေ အကောင်းဘက်သို့ ဦးတည် နေသည်ဆိုသော ယူဆချက်များ ရှိလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဝေဖန် သုံးသပ်သည်။

ထို့ပြင် အစိုးရတွင် သဘာဝဓာတ်ငွေ့နှင့် သဘာဝ သယံဇာတရောင်းချရာမှ အမေရိကန်ဒေါ်လာ ဘီလီယံချီ၍ ရရှိနေခြင်းကလည်း မြန်မာငွေတန်ဖိုးမြင့်မားစေသော အချက်တချက်ဖြစ်သည်ဟု စီးပွားရေး ပညာရှင်အချို့က ထောက်ပြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */