ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲ ကာလ အတွက် လျာထား

Thursday, November 19, 2009 ·

ရဲရင့် | မြန်မာငွေ ကျပ် (၅) ထောင်တန်များ ပြည်တွင်း ဈေးကွက် တို့တွင် သုံးစွဲ လည်ပတ်မှု မရှိသလောက် ရှားပါး ရခြင်းမှာ မြန်မာ စစ်အစိုးရက ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချရန် လာမည့် ရွေးကောက်ပွဲ ကာလတွင်မှ အလုံးအရင်းဖြင့် ထုတ်ဝေရန် ရှိသည်ဟု မြန်မာ့ စီးပွားရေးဘဏ်မှ တိုင်းအဆင့် အရာရှိ တဦးက ပြောသည်။

၎င်းက “ကျပ် (၅) ထောင်တန် သုံးစွဲလည်ပတ်မှု မရှိသလောက် ဖြစ်နေတာကို ဗဟိုဘဏ်က အရာရှိတွေ ဆီကနေ တဆင့် သိရတာက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကျရင် သူ့တို့ကို ထောက်ခံတဲ့ အဖွဲ့တွေကို မဲဆွယ်တဲ့အချိန်ကြရင် အလုံးအရင်းနဲ့ ထုတ်သုံးမှာ ဖြစ်တဲ့ အတွက် ဒီအရွက်ကြီးတွေကို လက်ရှိမှာ ဟန်ပြလောက်ပဲ ထုတ်ပေးတာ” ဟု ပြောသည်။

ဘဏ်များတွင် ကျပ်သိန်း (၁၀၀) ထုတ်ယူပါက (၅) ထောင်တန်ကို (၅) မှ (၁၀) ရာခိုင်နှုန်း အထိသာ ထုတ်ပေးပြီး ကထိန်ပွဲတွင် ပဒေသာပင် သီးရန် အတွက်ပင် လဲလှယ်ခွင့်မပြုကြောင်း အဆိုပါအရာရှိက ပြောသည်။

ဘားအံ မြို့မ ဈေးကြီးမှ ဆိုင်ပိုင်ရှင် တဦးက “ဘားအံမှာလည်း (၅) ထောင်တန်က မရှိသလောက်ဘဲ။ တောဘက်ကလူတွေဆိုရင် အထူးအဆန်းလို လိုက်ကြည့် ကြတယ်။ ဘဏ်မှာလည်းမရှိဘူး၊ (၁၀) သိန်းလောက်သွားထုတ်မှ (၂) ရွက်လောက်ပါတာ။ လူတွေက မသုံးရဲတာ မဟုတ်ဘူး၊ ရှိကိုမရှိတာ” ဟု ပြောသည်။

ကရင်ပြည်နယ်မှ ပြည်နယ်အဆင့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးက လာမည့်ရွေးကောက်ပွဲအတွက် လိုအပ်သည့် ငွေကြေးကဏ္ဍကို နိုင်ငံတော်မှ ကူညီရန်အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်တို့တွင်လည်း (၅) ထောင်တန်များ မရှိသလောက်ပင် ဖြစ်သည်ဟု ဒေသခံကုန်သည်တဦးက ပြောသည်။

မြ၀တီတဖက်ကမ်း မဲဆောက်တွင် ယနေ့မြန်မာငွေဈေးမှာ ကျပ် (၁၀၀) လျှင် ထိုင်းငွေ (၃.၄၁) ဘတ် ဖြစ်ပြီး (၂) နှစ်တာ ကာလ အတွင်း အမြင့်မားဆုံး ဖြစ်သည်။ ယခင် နှစ်ဆန်းပိုင်းက မြန်မာ ငွေဈေးမှာ ကျပ် (၁၀၀) လျှင် (၂.၅၀) ဘတ်ဖြစ်သည်။

ယခုကဲ့သို့ မြန်မာ ငွေဈေး အဆမတန် မြင့်တက် လာခြင်းသည် မြန်မာ့ စီးပွားရေး တိုးတက်မြင့်မားလာခြင်းမဟုတ်ဘဲ ပုံမှန်အားဖြင့် နိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံတွင် ဘိန်းထွက်သည့် ကာလဖြစ်သောကြောင့် ဘိန်းကုန်သည်များသည် ဘိန်းစိုက်တောင်သူ များကို ဘိန်းဖိုးငွေရှင်းရန်အတွက် သန်းပေါင်းများစွာ လိုအပ်သည့် မြန်မာငွေများကို လိုက်လံဝယ်ယူမှုများကြောင့် ဖြစ်သည်ဟု လေ့လာ သူများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */