လယ်မြေသိမ်း၊ လူဖမ်း၊ သီးနှံသိမ်းရုံမက လယ်ထွန်စက်ပါ သိမ်းရန် ဒေသခံအာဏာပိုင်များ ကြံစည်နေ

Thursday, November 19, 2009 ·

အောင်ထက် | စစ်အစိုးရ အာဏာပိုင်များက အောင်လံ မြို့နယ် အတွင်းရှိ ပဲတီစိမ်း စိုက်သူ အချို့၏ လယ်မြေများကို သိမ်းယူခဲ့ပြီး ပိုင်ရှင်များကို အရေးယူ ဖမ်းဆီးကာ ပဲတီစိမ်း များကိုပါ သိမ်းယူ ခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

အသိမ်းခံ ရသည့် လယ်မြေများမှာ အောင်လံမြို့နယ် အတွင်းရှိ စမ်းကလေး ကျေးရွာသား (၁၂) ဦးပိုင် ဧက (၂၀၀) ခန့်ရှိ အမည်ပေါက် ပြေစာရှိသော ဦးပိုင် လယ်မြေများ ဖြစ်သည်။

အဆိုပါ လယ်မြေများအား စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် အပူပိုင်းဒေသ စိမ်းလမ်း စိုပြည်ရေး စိမ်း/စို စီမံချက် အရ သစ်တောပိုင်မြေ အဖြစ် သိမ်းဆည်းခဲ့သည်။

ထိုသို့ သိမ်းယူခဲ့သော လယ်မြေများကို သက်ဆိုင်ရာ သစ်တော အရာရှိများနှင့် အဆင်ပြေသူ ရွာသားများအား တဧက မည်မျှ အခွန်ပေးဆောင်ရမည်ဟုဆိုကာ သီးထောက်ခနှင့် ယူကလစ်ပင်များ စိုက်ပျိုးစေခဲ့သည်ဟု စမ်းကလေးရွာသား တဦးက ပြောသည်။

၎င်းက “အဲလိုအခြေအနေကို လယ်ယာမြေ အသိမ်းခံရတဲ့ ကိုမြင့်သိန်းနဲ့ တခြား မြေပိုင်ရှင်တွေက အိုယ်အယ်လ်အိုကို တိုင်တော့ အိုင်အယ်လ်အိုနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပြီး လယ်မြေတွေပြန်ပေးခဲ့တယ်။ ဒါပေမယ့် ကြံအထွက်တိုး စီမံကိန်းအရ ကြံစိုက်ပျိုးဖို့ လုပ်ကိုင်ခွင့်ပြန်ပေးတာဆိုပြီး ညွှန်ကြားချက်မှာပါတယ်” ဟု ပြောသည်။

စမ်းကလေးကျေးရွာ စိုက်ခင်းမြေများမှာ ကျောက်စရစ်ရော သဲမြေ ဖြစ်သောကြောင့် ကြံစိုက်ပျိုး၍ မဖြစ်ထွန်းနိုင်ကြောင်း ဒေသခံများက တင်ပြခဲ့သော်လည်း သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သိရသည်။

သို့သော် မြေပိုင်ရှင်ဒေသခံများက ပဲတီစိမ်းများကိုသာ စိုက်ပျိုးခဲ့သဖြင့် အောင်လံမြို့နယ် မယက၊ မြေစာရင်း၊ ကြံလုပ်ငန်း၊ သစ်တောဦးစီးဌာနတို့မှ အာဏာပိုင်များ ပူးပေါင်းကာ မြေနင်းမှုအပါအ၀င် လိမ်လည်မှုများဖြင့် ပုဒ်မဖွင့် တရားစွဲဆိုခဲ့သည်။

ကိုမြင့်သိန်းအပါအ၀င် တောင်သူ (၁၂) ဦးအား ၂၀၀၉ စက်တင်ဘာတွင် ထောင်ဒဏ် (၂) နှစ်စီဖြင့် သရက်အကျဉ်းထောင်သို့ ပို့လိုက်ပြီး ၎င်းတို့ယာခင်းမှ ထွက်ရှိသော ပဲတီစိမ်းများကို မြို့နယ်အဆင့်အာဏာပိုင်အချို့က ပြီးခဲ့သည့် အောက်တိုဘာ လကုန်ခန့်က သိမ်းယူလိုက်ကြကြောင်း ကိုမြင့်သိန်း၏ သားချင်းတဦးက ပြောသည်။

၎င်းက “ဘိုးဘွားစဉ်ဆက် လုပ်ကိုင် စားသောက် လာတဲ့ ဦးပိုင်မြေတွေ အသိမ်းခံခဲ့ရတယ်။ အဲဒီမြေကထွက်တဲ့ ပဲတီစိမ်းကို ထပ်သိမ်းတယ်။ အခု လယ်ထွန်စက်ပါ သိမ်းမယ်လုပ်နေလို့ တနေရာ ပို့ထားရတယ်” ဟု ပြောသည်။

အဆိုပါအမှုအား တရားဥပဒေဘောင်အတွင်းမှ လိုက်ပါဆောင်ရွက်ပေးသူ မကွေးမြို့မှ ရှေ့နေ ဦးဖိုးဖြူလည်း အရေးယူခံရကြောင်း သံရွာသားတဦးက ပြောသည်။

စမ်းကလေး ကျေးရွာသည် မကွေးတိုင်း၊ အောင်လံမြို့ အရှေ့ဘက် (၂) မိုင်ခန့် အကွာ၊ တံဘိုးရွာ၊ ပတ်မရွာ၊ သံရွာတို့နှင့် မနီးမဝေးတွင် တည်ရှိပြီး ၂၀၀၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲ ကာလ၌ ရွာလုံးကျွတ် ဆန္ဒမဲမပေးခဲ့သော ကျေးရွာကြီး ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */