အခွန်ဦးစီးဌာန လာဘ်စားငွေ တနှစ် ကျပ်ဘီလီယံ (၂ဝဝ) ကျော်ရှိ

Thursday, November 19, 2009 ·

NEJ | ဘဏ္ဍာ အခွန် ဝန်ကြီးဌာန လက်အောက် ပြည်တွင်း အခွန်ဦးစီးဌာန တခုတည်း၏ တနှစ် လာဘ်စားမှု ပမာဏမှာ ကျပ်ငွေ ဘီလီယံ (၂ဝဝ) ကျော်ရှိကြောင်း အမည် မဖော်လိုသည့် မြို့နယ် အခွန်ဦးစီး အရာရှိဟောင်း တဦးက ထုတ်ဖော် ပြောဆိုသည်။

၎င်းက “ကျနော်တို့ ပြည်တွင်း အခွန်ဦးစီး ဌာန အနေနဲ့ ပြည်သူတွေ ဆီကနေ တနှစ် လာဘ်ငွေ ဘယ်လောက် ယူတယ် ဆိုတာ တိတိကျကျ တွက်ထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်သက်တမ်းတလျှောက် လာဘ်ငွေယူတဲ့ ပုံစံ အမျိုးအစားအလိုက် တွက်ချက်ကြည့်တော့ တနှစ်ကို ကျပ်ငွေ ဘီလီယံ (၂ဝဝ) ကျော်လောက်ရှိမယ်” ဟု ပြောသည်။

၎င်းတို့ ဌာနအနေဖြင့် အခွန်ထမ်းပြည်သူများထံမှ လာဘ်ငွေ ရယူပုံ (၃) မျိုးရှိကြောင်း၊ တမျိုးက အခွန်ထမ်းမည့် ဝင်ငွေ၊ ဖွင့်လှစ် ထားသည့်ဆိုင်၊ အိမ် သို့မဟုတ် ကားအရောင်းအဝယ် စသည်တို့ကို ရုံးတွင် လုံးဝ စာရင်းမပေါက်စေဘဲ ရာခိုင်နှုန်းပြည့် လာဘ်ငွေ ယူသည့်နည်း၊ အခွန်ထမ်း ကိစ္စအတွက် လာဘ်ငွေကို ပမာဏများများနှင့် အဓိကထား ရယူပြီး အစိုးရ အခွန်ထဲသို့ ပမာဏ နည်းနည်းခန့်သာ စာရင်းတင်သွင်းသည့်နည်း၊ အခွန်ကို အဓိကထား ကောက်ခံသော်လည်း အခွန်နှုန်းထား သက်သာစေရန်နှင့် လုပ်ငန်းလွယ်ကူချောမွေ့စေရန် အခွန်ပမာဏ၏ ရာခိုင်နှုန်းအချို့ကို လာဘ်ငွေယူသည့်နည်း စသည်တို့ဖြစ်ကြောင်း ရှင်းပြသည်။

ယခုကဲ့သို့ လာဘ်စားမှု ပုံစံ အမျိုးမျိုးကို တွက်ချက် ကြည့်လိုက်သည့် အခါ အစိုးရ ဘဏ္ဍာ ထဲသို့ တရားဝင် အခွန်ငွေ အဖြစ် ရောက်ရှိသွားသည့် ငွေပမာဏ၏ အနည်းဆုံး လေးပုံတပုံခန့် ရှိကြောင်း အဆိုပါအခွန်မှူးက ရှင်းပြသည်။

၎င်းက ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ထီနှင့် တံဆိပ်ခေါင်းခွန် စသည့်အခွန် (၅) မျိုးမှ ဝင်ငွေရရှိနေခြင်းဖြစ်ပြီး အဆိုပါ အခွန်(၅) မျိုးထဲတွင် ပြည်သူများထံမှ တိုက်ရိုက်ကောက်ခံပြီး အဓိက လာဘ်စားသည့် အခွန် (၂) မျိုးမှာ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဖြစ်ကြောင်း၊ အဆိုပါ (၂) မျိုးပေါင်းမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က အခွန် ကျပ် ဘီလီယံ (၈ဝဝ) ကျော် ရရှိခဲ့သည့်အတွက် အခွန်မှူးများသည် ပြီးခဲ့သည့်တနှစ်အတွင်း လာဘ်ငွေ ကျပ် ဘီလီယံ (၂ဝဝ) ကျော် ရရှိခဲ့ကြောင်း သုံးသပ်ပြသည်။

လတ်တလော စားသောက်ဆိုင်လုပ်ငန်းတို့အပေါ် ကုန်သွယ်ခွန် (၁ဝ) ရာခိုင်နှုန်း အခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး လသာ တရုတ်တန်းမှ စားသောက်ဆိုင်ပိုင်ရှင်တဦးက “ကျနော့်ကို မြို့နယ် အခွန်ဦးစီးမှူးက ခေါ်တွေ့တယ်။ သက်သက်ညှာညှာဆိုရင် တလ တရားဝင် အစိုးရကို အခွန် (၄) သိန်းဆောင်ရမယ်၊ သူ့ကို (၁) သိန်းပေးရမယ်။ အစိုးရကို (၂) သိန်းပဲ ဆောင်ချင်ရင် သူ့ကို တလ (၂) သိန်းပေးရမယ် ကြိုက်ရာရွေး ဆိုပြီး ပြောလာတယ်။ ကျနော်ကတော့ ရေရှည် အခွန်သက်သာအောင် အစိုးရကို တလ (၂) သိန်းသွင်းပြီး သူ့ကို တလ (၂) သိန်းလာဘ်ပေးတဲ့ လမ်းကိုပဲ ရွေးလိုက်ရတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးကမူ မြန်မာနိုင်ငံတွင် လာဘ်ငွေယူမှုသည် ပြည်တွင်းအခွန်ဌာနတခုတည်း မဟုတ်ဘဲ ကျန်ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းအားလုံး ပါဝင်ကြောင်း ပြောသည်။

၎င်းက “ကုန်ကုန်ပြောရရင် သန့်ရှင်းဖို့သင့်တဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတောင် လာဘ်ပေးလာဘ်ယူ မကင်းဘူး။ အစိုးရဝန်ထမ်းတွေ လာဘ်ငွေယူတဲ့ ပမာဏ ဘယ်လောက် များပြားမယ် မပြောနိုင်ပေမယ့် ဌာနဆိုင်ရာ အသီးသီး၊ ဝန်ထမ်းအသီးသီး လာဘ်စားနေကြတာမို့ အလွန်များပြားတဲ့ ပမာဏဖြစ်မှာပဲ” ဟု ပြောသည်။

ယခုကဲ့သို့ လာဘ်ငွေများစွာရသည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ မြို့နယ်ဦးစီးဌာနမှူးနှင့် အထက်အဆင့် အရာရှိအားလုံးကို စစ်ဗိုလ်များဖြင့် ပြောင်းလဲခန့်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်တွင် ထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency international) ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဂတိ လိုက်စားမှု အများဆုံး နိုင်ငံစာရင်း၌ နံပါတ် (၃) နေရာတွင် ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */