ဒီဇင်ဘာတွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် UWSA ကို စစ်အစိုးရ သတိပေး

Tuesday, November 17, 2009 ·

ရန်ပိုင် | စစ်အစိုးရက ဝပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာ နောက်ဆုံး ထား၍ အကြောင်း ပြန်ရမည် ဖြစ်ကြောင်း သတိပေး ပြောဆို လိုက်သည်ဟု UWSA နှင့် နီးစပ်သူ တဦးကပြောသည်။

စစ်အစိုးရ နှင့် UWSA တို့ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ပြီးခဲ့သည့် စနေနေ့ က တွေ့ဆုံ ဆွေးနွေးခဲ့ရာ မပြီးပြတ်သေးသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို အထူးအလေးပေး ဆွေးနွေး ခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီတခါတော့ နယ်ခြားစောင့်တပ် ကိစ္စကို အပြတ် ဆွေးနွေးတာပဲ၊ ဒါပေမယ့် တဘက်နဲ့ တဘက် တင်းမာမှုတော့ နည်းနည်း ရှိတယ်။ တခြား အဖွဲ့တွေ လက်ခံကုန်ပြီ၊ ၀တပ်ဖွဲ့ပဲ ကျန်တော့တယ်လို့ပြောတယ်” ဟု UWSA နှင့် နီးစပ်သူ တဦးကပြောသည်။

ထိုဆွေးနွေးပွဲတွင် စစ်အစိုးရက အချက်သုံးချက် တင်ပြ ဆွေးနွေးခဲ့ပြီး ၀နယ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်နေခြင်း၊ UWSA အတွက် လက်နက်များ ထုတ်လုပ် နေခြင်း၊ စစ်သား စုဆောင်း နေခြင်း တို့ကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း၊ ထို့အပြင် UWSA အဖွဲ့က မူလ တောင်းဆိုထားသည့် ၀ပြည်နယ် ဖွဲ့စည်းရေးသည်လည်း ၂၀၀၈ ခုနှစ် မေလက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဖြစ် နိုင်တော့ဟု ငြင်းဆို ခဲ့ကြောင်း သူကဆက်ပြောသည်။

UWSA အဖွဲ့ကလည်း မူးယစ်ဆေးဝါး အမြစ်ပြတ်ရန် လုပ်ဆောင် နေကြောင်း၊ လက်နက် စက်ရုံနှင့် ပတ်သက် ၍လည်း လူအင်အား နှစ်သောင်းကျော် ရှိသည့် တပ်ဖွဲ့ တခု အတွက် မရှိမဖြစ် လိုအပ်သည့် စက်ရုံ ဖြစ်ကြောင်း အကြောင်းပြ ငြင်းဆိုခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် တို့ပါဝင်ပြီး၊ UWSA ခေါင်းဆောင်ပိုင်းမှ ဒုဥက္ကဋ္ဌ ရှောက်ညီလျံ၊ ကျောက်ယုံကွမ်း၊ ဒုတိယစစ်ဦးစီးချုပ် အိုက်လွန်းနှင့် နိုင်ငံခြားရေး ဆက်သွယ် ရေး ဌာနမှူး အိုက်ကောတို့ တက်ရောက်ကြောင်း သိရသည်။

စစ်အစိုးရသည် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) အဖွဲ့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ SSA – N အဖွဲ့အနေဖြင့် နယ်ခြား စောင့်တပ်ဖွဲ့ဝင် စာရင်းကို စစ်အစိုးရအား ပေးအပ်ခဲ့သော်လည်း လူအရေအတွက် မပြည့်သည့်အတွက် စစ်အစိုးရက လက်မခံခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစာမှ ဦးစိန်ကြည်က ပြောသည်။

မကြာသေးမီ ကလည်း ကိုးကန့် တပ်ဖွဲ့များက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့ပြီး ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကယား ပြည်နယ် အထူးဒေသ ၂ (ကလလတ) အဖွဲ့တို့က နယ်ခြားစောင့်တပ် ရာထူး အပ်နှင်းခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */