ဖျက်ဆီး ပိတ်ပင် ခံထားရသည့် ရှမ်းယဉ်ကျေးမှု အကြောင်း စာအုပ် ထုတ်ဝေ

Wednesday, November 18, 2009 ·

မေကျော် | မြန်မာ စစ်အစိုးရက ရှမ်းပြည်နယ် အတွင်း ဖျက်ဆီး ထားသည့် ဟော်နန်းများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး တားမြစ်ထားသော မြင်ကွင်းများအမည်ရှိ စာအုပ်ကို ထုတ်ဝေလိုက်သည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) က အဆိုပါ စာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ပြီး စစ်အစိုးရက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်း ဒေသ (၃) ခုကိုသာ လည်ပတ်ခွင့် ပြုထားကြောင်း၊ အဆိုပါဒေသ (၃) ခုကိုလည်း ရှမ်းရိုးရာ ဟန်ပန် ပျောက်အောင် ပြင်ဆင် လိုက်ကြောင်း ထောက်ပြ ရေးသား ထားသည်။

“စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်တာတွေလည်း ရှိတယ်။ အခုကတော့ ဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့၊ ယဉ်ကျေးမှုနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေလည်း ဖိနှိပ်မှုရှိတယ်ဆိုတာကို ခရီးသွား သူတွေတင် မကဘူး အများ သိအောင် ဒီစာအုပ်ကို ထုတ်ဝေတာ ဖြစ်ပါတယ်” ဟု SWAN ၏ ပညာရေးဆိုင်ရာ အစီအစဉ်တာဝန်ခံ နန်းမွန်ကိန်းက ပြောသည်။

မြန်မာ၊ ရှမ်း၊ ထိုင်းနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် ထုတ်ဝေထားသည့် ယင်းစာအုပ်တွင် လူသိနည်းလှသည့် စစ်အစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ် ချိုးနှိမ်မှုများကို ဖော်ထုတ်ထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုအမွေ ကျိန်းတုံ (ကျိုင်းတုံ) ဟော်နန်းကို ဖြိုချပြီး ဟိုတယ်ပြုလုပ်ထားခြင်း၊ ဆီပေါ့ (သီပေါ) ဟော်နန်းကို ပြုပြင်ထိန်းသိမ်းခြင်းမရှိဘဲ စွန့်ပစ်ထားခြင်း၊ ယောင်ဟွေ (ညောင်ရွှေ) ဟော်နန်းကို ဗုဒ္ဓ၀င်ပြတိုက်အဖြစ် ပြောင်းလိုက်ခြင်း၊ ဆဲန်ဝီ (သိန္နီ) ဟော်နန်းကိုလည်း စစ်တပ်က ၁၉၆၂ ခုနှစ်က သိမ်းပိုက်ပြီး စစ်စခန်း ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ယခုအခါ အပျက်အစီးများစွာ ဖြစ်ပေါ်နေခြင်းတို့ကို ထောက်ပြထားသည်။

ထို့အပြင် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန်အတွက် ၁၉၅၉ ခုနှစ်၊ ဧပြီ (၂၉) ရက်တွင် ရှမ်းစော်ဘွားအားလုံးက စော်ဘွားအာဏာကို စွန့်လွှတ်ခဲ့ကြောင်း၊ သို့သော် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ခွင့်မရခဲ့ဘဲ ဟော်နန်းများအပါဝင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကိုပါ စစ်အစိုးရက စနစ်တကျ ဖျက်ဆီးလာခဲ့ခြင်းဖြစ်ကြောင်းလည်း ရေးသားထားသည်။

ရှမ်းဘာသာ စကားအရ လားသျှိုမှာ လင်းယုန်ငှက်များစွာနေထိုင်သော တောင်နှင့် မျက်နှာချင်းဆိုင်မြို့ဟု အဓိပ္ပာယ် ရသော်လည်း စစ်အစိုးရက လားရှိုးမြို့၊ လားပြပွဲဟု အဓိပ္ပာယ်ဖြင့် အစားထိုးပြောင်းလဲခဲ့ပြီး ယင်းနည်းတူ ပြောင်းလဲထားသည့် မြို့များ ရှိနေသည်ဟု SWAN ၏ စစ်တမ်းက ထောက်ပြထားသည်။

စစ်အစိုးရ စနစ်တကျ ဖျက်ဆီးထားသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်မှသာ ပြန်လည်ထိန်းသိမ်း ဖော်ထုတ်နိုင်မည်ဟု ဆိုသည်။

“စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် မှာပေါ့နော်၊ တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူ ညီမျှမှု ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းမှသာ အစဉ်အဆက် ဖြစ်လာခဲ့တဲ့ သမိုင်းအမွေတွေကို ပြန်လည် တည်ဆောက် နိုင်မှာပါ” ဟု နန်းမိုကိန်းက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */