ငွေစက္ကူ အကြွေ တိုးမလာဘဲ ပိုမိုရှားပါး

Thursday, November 05, 2009 ·

အောင်ကျော်မိုး | နအဖ စစ်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ငွေစက္ကူ အကြွေ အဟောင်းများကို အသစ်ဖြင့် လဲလှယ်ပေးနေသော်လည်း ငွေစက္ကူ အကြွေတိုးမလာဘဲ တနေ့တခြား ပိုမို ရှားပါး လာနေသဖြင့် ပြည်သူများ ငွေလှည့်လည် သုံးစွဲရာတွင် အဆင်မပြေ ဖြစ်နေကြသည်။

ပြည်သူများ အသုံးပြုနေသည့် ငွေစက္ကူ များမှာလည်း တနေ့တခြား ပိုမိုဟောင်းနွမ်း စုတ်ပြတ် လာနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြည်သူ တရပ်လုံး လိုအပ်နေသည်မှာ ငွေစက္ကူ အကြွေများ ဖြစ်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး သုံးသပ်ချက် ဆောင်းပါးများ ရေးနေသူ စာရေး ဆရာ တဦးက ပြောသည်။

၎င်းက “အစိုးရ အနေနဲ့ ငွေစက္ကူ အရွက်ကြီးတွေကို အရွက်သေးတွေနဲ့ လဲပေးဖို့ လိုအပ်တယ်။ ခု လုပ်နေတာက ငွေစက္ကူအကြွေ အဟောင်းတွေကို တန်ဖိုးတူ ငွေစက္ကူ တွေနဲ့သာ အကန့်အသတ် ထားပြီး လဲပေး နေတာမို့ လှည့်လည် သုံးစွဲနေတဲ့ ငွေစက္ကူအကြွေ ပမာဏ လုံးဝ တိုးမလာတာ ဖြစ်တယ်။ လုံးလုံး သုံးမရတော့လို့ ပြည်သူတွေ ကိုယ့်ဘာသာကိုယ် စွန့်ပစ် လိုက်ရတဲ့ ငွေစက္ကူတွေလည်း ရှိနေတာမို့ တနေ့တခြား လျော့နည်း လာနေလို့ နေရာတိုင်းမှာ ငွေစက္ကူအကြွေ ပြဿနာ တက်နေတာ ဖြစ်တယ်” ဟု ရှင်းပြသည်။


ပန်းဆိုးတန်း မြန်မာ့ စီးပွားရေး ဘဏ်ခွဲတွင် ငွေစက္ကူ အကြွေ အဟောင်းများကို အသစ်နှင့် လဲပေးသည့် ကောင်တာ တခု ဖွင့်လှစ် ထားရှိသော်လည်း လာရောက် လဲလှယ်သူ မရှိသလောက် ဖြစ်ကြောင်း မဟာဗန္ဓုလ လမ်းပေါ်တွင် D form အတွက် ၀န်ဆောင်မှုပေးနေသူတဦးက ပြောသည်။

“ကျနော် ဒီဖောင် အတွက် ငွေသွင်းတဲ့ကိစ္စ လုပ်ဖို့ ပန်းဆိုးတန်း မြန်မာ့ စီးပွားရေး ဘဏ်ခွဲကို နေ့တိုင်း ရောက်တယ်။ ကျနော် ရောက်တိုင်း ဘယ်သူမှ ငွေလာလဲတာ မတွေ့ရဘူး။ များသောအားဖြင့် ကောင်တာမှာ ထိုင်နေတဲ့ ဝန်ထမ်းတောင် မတွေ့ရဘူး။ လူတွေက အဟောင်းနဲ့ အသစ်လောက်ကိုတော့ အချိန်ကုန် ငွေကုန်ခံပြီး ဘာကြောင့် လာလဲကြမှာလဲ။ အချင်းချင်း ငွေအကြွေစက္ကူတွေ ဘယ်လောက် ဟောင်းဟောင်း စုတ်စုတ် လက်ခံ သုံးနေကြတာပဲ” ဟု ၎င်းက ပြောသည်။

(၃၂) ကားလိုင်းမှ ကားစပယ်ယာ တဦးကလည်း ၎င်းတို့ကို ပြည်သူများက ကားခပေးသည့် ငွေအကြွေများမှာ အဟောင်းအနွမ်း၊ အစုတ်အပြဲတို့သာ ဖြစ်ပြီး မည်သူမှလည်း ယူရန် ငြင်းခြင်း မရှိကြောင်း၊ ငွေစက္ကူ အသစ်များဖြင့် အစိုးရက လဲပေးနေသည်ကို ကြားသော်လည်း ငွေစက္ကူအသစ်များကို မမြင်ရကြောင်း၊ ငွေစက္ကူ အရွက်ကြီးကို အရွက်သေး ပြန်အမ်းသည့်ကိစ္စမှာမူ နေ့စဉ် အခက်အခဲ ဖြစ်ပြီး ခရီးသွား ပြည်သူများနှင့် အမြဲတမ်း ပြဿနာ ဖြစ်ကြောင်း ပြောသည်။

ကုန်စုံဆိုင် တို့တွင် ဈေးဝယ်တိုင်း အကြွေ မရှိ၍ ကော်ဖီမစ်၊ သကြားလုံး ပြန်အမ်းမှုမျိုး ရှိနေဆဲ ဖြစ်ကြောင်း လသာမြို့နယ်မှ အိမ်ရှင်မ တဦးက ပြောသည်။

မရမ်းကုန်း လမ်းဆုံတွင် နေသူ ကျောင်းသူ တဦးက လိုင်းကားပေါ်တွင် ငွေစက္ကူ အကြွေ မရှိ၍ ခရီးသည်ကို စီးကရက် ပြန်အမ်းသည့် ကားစပယ်ယာနှင့်လည်း ကြုံဖူးကြောင်း ပြောသည်။

နအဖ စစ်အစိုးရသည် ၁၉၉၆- ၉၇ ခုနှစ် အထိ ကျပ် ငွေစက္ကူ (၁၉၉) ဘီလီယံကျော် ရိုက်ထုတ် သုံးစွဲခဲ့ပြီး နောက်ပိုင်း နှစ်များမှစ၍ ယနေ့အချိန်ထိ မည်မျှရိုက်ထုတ်သုံးစွဲနေသည်ဆိုခြင်းကို ထုတ်ပြန်ခြင်းမရှိတော့ပေ။

မကြာသေးခင်ကလည်း ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူ အသစ်များ ရိုက်နှိပ် ထုတ်ဝေ ခဲ့သော်လည်း ပြည်သူများ သုံးစွဲနေသည့် ကျပ် (၁ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ၊ ၂ဝဝ) တန် ငွေစက္ကူ အကြွေတို့မှာမူ ရှားပါးမြဲ ရှားပါးလျက် ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */