ပါတီရုံးခွဲများ ပြန်ဖွင့် နိုင်ရေး ကိစ္စ အန်အယ်လ်ဒီနှင့် တိုင်းရွေးကောက်ပွဲ ကော်မရှင် တွေ့ဆုံ

Thursday, November 05, 2009 ·

မင်းနိုင်သူ | ရန်ကုန်တိုင်း အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ကို တိုင်းရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ (၂) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

တာမွေ မြို့နယ်ရှိ အန်အယ်လ်ဒီ ပါတီ၏ ရန်ကုန်တိုင်းရုံးကို ပြင်ဆင်ခွင့်နှင့် ပြန်လည် အသုံးပြုခွင့်ပေးရန် တိုင်းစည်းရုံးရေး အဖွဲ့က လွန်ခဲ့သော လဆန်းပိုင်းတွင် တိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ စာတင် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ခေါ်ယူ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“တိုင်းစည်းရုံးရေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းနဲ့ အဖွဲ့ကို ခေါ်တွေ့တာပါ။ တိုင်းစည်း အဖွဲ့ တင်ထားတဲ့စာကို သူတို့ လက်ခံ ရရှိတဲ့ အကြောင်းနဲ့ ဆက်လက် ဆောင်ရွက် ပေးသွားနိုင်ဖို့ အထက်ကို သူတို့ တင်ပြထားပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦး နှစ်ဖက်လုံး ပြေပြေ လည်လည် ပြောဆို ဆွေးနွေး နိုင်ခဲ့ကြပါတယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

အန်အယ်လ်ဒီ ပါတီသည် ဦးစွာ အနေဖြင့် ရန်ကုန်တိုင်းရုံး ပြန်လည်အသုံးပြုခွင့်ရရေးအတွက် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ စာတင်ခဲ့ခြင်းဖြစ်ပြီး ပြေလည်မှုရရှိပါက အခြားပြည်နယ်နှင့် တိုင်းရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ပါတီ ထောက်ခံ သူတို့အား ၂၀၀၃ ခု မေ (၃၁) ရက်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် အနီး၌ စစ်အစိုးရ ထောက်ခံသူများက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် အန်အယ်လ်ဒီ ပါတီရုံးခွဲ အသီးသီးလည်း ပိတ်ပင် ခံခဲ့ရသည်။

ပိတ်ပင် ခံထားရသည့် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ဖွင့်လှစ်ခွင့် ရရေး အန်အယ်လ်ဒီ၏ ဆောင်ရွက်မှုကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးက ပထမ အကြိမ် အသိအမှတ် ပြုလာခဲ့ခြင်း ဖြစ်သဖြင့် အစိုးရအနေဖြင့် ပျော့ပျောင်းသည့် အသွင် လက္ခဏာ ဆောင်လာသည်ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

၎င်းက “ပါတီရုံးခွဲတွေ ပြန်ဖွင့်ခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတော့ မပြောနိုင်သေးဘူးပေါ့လေ။ ဒါပေမယ့် သူတို့ အခုလို အရေးတယူ ခေါ်တွေ့တယ်ဆိုတာတော့ ကောင်းတဲ့လက္ခဏာတခုပေါ့။ နောက်တခုက သူတို့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောထားပြီး ကျနော်တို့ တရားဝင်ပါတီရုံးခွဲတွေက ပိတ်ခံထားရပြီး မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အစည်းတွေက ရုံးတွေ ဖွင့်နေတာကို ကျနော်တို့ ထောက်ပြတာတွေရှိတယ်။ ဒီအပေါ်မှာလည်း သူတို့ အာရုံထားလာတဲ့ သဘောရှိပါတယ်” ဟု ပြောသည်။

အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှလွဲ၍ ကျန်ပါတီရုံးခွဲများကို (၆) နှစ်ကျော်ကြာ ပိတ်ပင်ထားခဲ့ပြီး ယခုအခါ တိုင်းပါတီရုံးခန်းပြန်လည် အသုံးပြုခွင့်အတွက် ပထမအကြိမ် ခေါ်ယူဆွေးနွေးလာခြင်းမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေခိုက် အစိုးရက ပျော့ပျောင်းသည့်လက္ခဏာ ပြသလိုခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာဝင်းနိုင်က သုံးသပ်ပြောဆိုသည်။

အန်အယ်လ်ဒီ ပါတီရုံးခွဲများ အနေဖြင့် (၆) နှစ်ကျော်ကြာ အပိတ်ပင် ခံထားရသဖြင့် အဆောက်အဦ ပျက်စီး ယိုယွင်းမှုများ ရှိနေသည့် အပြင် ရုံးတွင်းကျန်ရှိခဲ့သည့် စာရွက်စာတမ်း ပျက်စီးမှုများလည်း ရှိနိုင်ကြောင်း ဒေါက်တာ ၀င်းနိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီ ပါတီအား စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိဘဲ ပါတီဝင် အများစုမှာ ဖမ်းဆီး နှိပ်ကွပ်မှုများ ခံနေရပြီး ပါတီ ခေါင်းဆောင် (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာလည်း နေအိမ် အကျယ်ချုပ် ကျခံနေကြရဆဲ ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */