မသမာနည်းဖြင့် တတိယ နိုင်ငံ မသွားနိုင်ရန် ဒုက္ခသည်များကို စိစစ်မည်

Wednesday, November 04, 2009 ·

ရဲရင့် | တတိယ နိုင်ငံများသို့ မရိုးသားသော နည်းလမ်းများဖြင့် သွားရောက် အခြေချ သူများထဲတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်း (၉) ခုအနက် မယ်လဒုက္ခသည်စခန်းမှ ထွက်ခွာသူများမှာ (၉၅) ရာခိုင်နှုန်းရှိသဖြင့် ယခု လလယ်မှ စတင်ကာ ယူအန်အိပ်ခ်ျစီအာမှ စိစစ်မှုများ ပြုလုပ်မည်ဖြစ်သည်။

မယ်လစခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “တတိယနိုင်ငံကို မရိုးမသားနဲ့ ထွက်တာ မယ်လစခန်းက (၉၅) ရာခိုင်နှုန်းရှိတယ်လို့် ယူအန်ကပြောတယ်။ ဒါကြောင့် ဒီလကစပြီး နှစ်ကုန်တဲ့အထိ စိစစ်မှုတွေလုပ်မှာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ၏ ဒေသ ဆိုင်ရာ ဒု-တာဝန်ခံ သည် လွန်ခဲ့သည့်လက မယ်လစခန်းသို့ရောက်ရှိလာစဉ် စခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဆိုပါ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မရိုးသားသည့် နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာရာတွင် ပွဲစားများမှတဆင့်ငွေပေးပြီး ဓာတ်ပုံအစားထိုးကာ ဒုက္ခသည်အစစ်အမှန် မဟုတ်သူများဖြစ်သည့် လူသစ်များကို သွားခွင့်ပြုခြင်းဖြစ်သည်ဟု စခန်းတွင် သီတင်းသုံးသည့် ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

အဆိုပါ ကိစ္စရပ်များတွင် မိမိတို့ တစုံတရာ ပါဝင် ပတ်သက်ခြင်း မရှိဟု မယ်လစခန်း၏ တာဝန်ရှိသူများက ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာ ဒုက္ခသည် စခန်း (၉) ခုတွင် တတိယ နိုင်ငံများသို့ ထွက်ခွာသူများထဲတွင် မယ်လစခန်းမှ အများဆုံး ဖြစ်ပြီး ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှ ယနေ့အထိ (၁၇,၀၀၀) ခန့် ရှိပြီ ဖြစ်သည်။

တတိယ နိုင်ငံသို့ ထွက်ခွာခွင့် ရရှိရန် မယ်လစခန်းမှ ယူအန်အိပ်ခ်ျစီအာသို့ လျှောက်ထားသူများမှာ လက်ရှိစာရင်းများအရ (၇) ထောင်ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ လျှောက်ထားသူ လူဦးရေ (၇) ထောင်ကို ယူအန် အိပ်ခ်ျစီအာမှ ကွင်းဆင်း၍ ဒုက္ခသည် အစစ်အမှန်များ ဟုတ်မဟုတ် စိစစ်သွားမည်ဟု သိရသည်။

ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုခြင်းကို ယူအန် အိပ်ခ်ျစီအာနှင့် ထိုင်းပြည်ထဲရေး ဌာန၏ အဆုံးအဖြတ်တွင်သာ မူတည်ပြီး အသိအမှတ် မပြုခံရသူများ အနေဖြင့် ပြန်လည် ပို့ဆောင်ခြင်း ခံရနိုင်သည်ဟု ထိုင်းဝန်ထမ်း တဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်းဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်လာမို၊ မယ်လာအူးနှင့် ကရင်နီ ဒုက္ခသည် စခန်း
(၂) ခု အပါအ၀င် စခန်း (၉) ခုရှိပြီး လက်ရှိဒုက္ခသည် (၁၃၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */