တမူးတွင် ပစ်ခတ်မှုဖြစ်ပွား

Thursday, November 19, 2009 ·

ဇာနည်မာန် | အိန္ဒိယ - မြန်မာ နယ်စပ်မြို့ တမြို့ ဖြစ်သော စစ်ကိုင်းတိုင်း တမူးမြို့ အနောက်ပိုင်း နမ့်ဖူလွန် ရပ်ကွက်ရှိ ကသည်းလူမျိုးများ နေထိုင်သည့် အိမ်တအိမ်ကို အမည် မသိသူများက လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တမူးမြို့ကို ဖြတ်သန်းသွားသော အာရှလမ်းမကြီးဘေးရှိ အဆိုပါ နေအိမ်ကို နိုဝင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက် တစုံတရာ မရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။

“အဝေးကနေ လှမ်းပစ်တာ။ အိမ်ကိုတော့ မထိဘူး။ အိမ်နဲ့ အိမ်နားက အမှတ် (၉) စာသင်ကျောင်းကြားက မြက်ခင်းမှာကျတာ။ အသံက တော်တော်ပြင်းတယ်။ တမြို့လုံး ဟိန်းသွားတာ။ တဘက် မိုးရေးကနေတောင် ကြားရတယ်တဲ့။ ဘယ်သူက ဘယ်လိုပစ်တယ်ဆိုတာ ခုထိ မသိကြဘူး” ဟု တမူးမြို့ခံတဦးက ပြောသည်။

မည်သူ ပစ်ခတ်သွားသည်ကို မသိရသေးသကဲ့သို့ မည်သည့်လက်နက်ဖြင့် ပစ်ခတ်သည်ကိုလည်း မသိရှိရသေးဘဲ ထိုအကြောင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းများကို ဖုံးကွယ်ထားသည်ဟု တမူးမြို့ခံများက ဆိုကြသည်။

ဧရာဝတီမှ တမူးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ပစ်ခတ်မှုဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း၊ ထိခိုက်မှုမရှိကြောင်းသာ ဖြေကြားခဲ့ပြီး အသေးစိတ်ဖြေဆိုရန်ကိုမူ ငြင်းဆိုခဲ့သည်။

ယခင် အပတ်ကလည်း တမူးမြို့ မြို့မရပ်ကွက်အတွင်းရှိ ကသည်းလူမျိုးများနေအိမ်တအိမ်ကို လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံခဲ့ရဖူးသည်။ ထိုဖြစ်ရပ်များကြောင့် တမူးဒေသနေ ပြည်သူများမှာ မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟု မြို့ခံတဦးကဆိုသည်။

“မြို့ပေါ်မှာ အခုလိုတွေဖြစ်တော့ စိတ်ဆိုးကြတယ်။ ကြိုက်လည်း မကြိုက်ဘူးပေါ့။ ရပ်ကွက်တွေထဲမှာ ဒီလို လာဖြစ်နေတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှာ၊ သေကြေမှာ ကြောက်နေကြတယ်” ဟု ၎င်းကပြောသည်။

ယခု ဖြစ်ရပ်များကြောင့် တမူးမြို့နေ ကသည်းလူမျိုးများမှာ ညစဉ်ညတိုင်း မိမိတို့ နေအိမ်ခြံဝန်းအတွင်း ကင်းစောင့်နေ ကြရပြီး နယ်မြေခံ စစ်တပ်ကလည်း လုံခြုံရေး အထူးတိုးမြှင့်ထားသည်ဟု ဒေသခံများက ဆိုကြသည်။

“အရင်ကဆို စစ်တပ်က ညနေမှ လုံခြုံရေးထွက်တာ။ အခုတော့ နေ့လည်ကတည်းက ထွက်လာတယ်။ နယ်စပ် အသွားအလာ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ထူးထူးခြားခြား စစ်တာဆေးတာ၊ ပိတ်ဆို့တာ၊ ထိခိုက်တာ မရှိသေးဘူး” ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တမူးမြို့ မြို့သစ်ရပ်ရှိ မဏိပူ ကသည်းလူမျိုးတဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး လူတဦး သေဆုံးခဲ့သေးသည်။

ထိုစဉ်ကတည်းက တမူးမြို့ပေါ်တွင် လက်နက်များ ကိုင်ဆောင်ခြင်းကို အာဏာပိုင်များက တားမြစ်ထားသော်လည်း တိတ်တဆိတ် လက်နက်ကိုင်ဆောင်ခြင်းများ ရှိနေဆဲဖြစ်သည်ဟု ဒေသခံများကဆိုသည်။

အိန္ဒိယ ခွဲထွက်ရေးသူပုန်များဖြစ်သည့် ကသည်းလူမျိုးများမှာ အိန္ဒိယ - မြန်မာ နယ်စပ် ၀န်းကျင် ဒေသများတွင် နေထိုင် ကျက်စားလျက် ရှိပြီး မြန်မာအစိုးရက ၎င်းတို့ကို တမူးမြို့နှင့် ကလေးမြို့ပေါ်တွင် နေထိုင်ခိုလှုံခွင့် ပေးထားသည်။

တချို့သော ကသည်း လူမျိုးများမှာ မြန်မာနိုင်ငံသား မှတ်ပုံတင် ရရှိထားကြပြီး မန္တလေးမြို့အထိ ခြေဆန့် နေထိုင်ခြင်းများ ရှိသည်။

အဆိုပါ ကသည်း လူမျိုးများသည် နေအိမ် များတွင် လက်နက် ခဲယမ်းများ ထားရှိခြင်း၊ လက်နက် ကိုင်ဆောင်ခြင်းများ ရှိပြီး မကြာခဏ ဆိုသလို နယ်စပ် ဒေသရှိ တခြားသော အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့တို့နှင့် ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ နေအိမ်တွင် ထားရှိသော လက်နက် ခဲယမ်းများ ပေါက်ကွဲခြင်းကြောင့် မီးလောင်မှု၊ ထိခိုက်ဒဏ်ရာရမှုများလည်း ဖြစ်လေ့ရှိသည်။

မြန်မာ စစ်အစိုးရကမူ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အခါတိုင်း အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း ငြင်းဆိုလေ့ ရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */