ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး အမေရိကန် မျှော်လင့်

Saturday, November 21, 2009 ·

သန်းထိုက်ဦး | ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ဆုံခွင့်ရရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လမ်းစတခုအဖြစ် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့တွင် ပြောကြားလိုက်သည်။


ယမန်နေ့က သတင်းထောက်များကို ပြန်လည် ဖြေကြားနေသော အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ
အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဦးတည်မည့် တွေ့ ဆုံဆွေးနွေးမှုကို မျှော်လင့်ရကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က သတင်းထောက်များကို ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီး ဆီကို ရေးလိုက်တဲ့ စာနဲ့ ပတ်သက်လို့ ကျနော်တို့ သတိပြု မိပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေး မှုတွေ အတွက် လမ်းစ တခုဖြစ်ပြီး သူ (ဒေါ်အောင်ဆန်းစုကြည်) ပြန်လည် လွတ်မြောက် လာရေးကို ဦးတည်သွားဖို့ ကိုလည်း ကျနော်တို့ မျှော်လင့် မိပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ရေးသားပေးပို့ သောစာတွင်ပါရှိသည့် အဆိုပါ တောင်းဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က နိုင်ဝင်ဘာ ၁၇ ရက် ကြေညာချက်တွင် ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့ဆုံခွင့် ရရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံတောင်းဆိုလိုက်ခြင်းသည် မြန်မာ နိုင်ငံ အကျိုး စီးပွား အတွက် ကောင်းမွန်သည့်ခြေလှမ်းတခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

မြန်မာ့ ရေးရာ အာဆီယံ အမတ်များ(AIPMC) အဖွဲ့မှ Roshan Jasonက“ဒေါ်အောင်ဆန်းစုကြည်က စေ့စပ် ညှိနှိုင်း ဆွေးနွေးဖို့ စတင် ကမ်းလှမ်းချက်ဟာ မြန်မာ လူမျိုးတွေ အကျိုး စီးပွားနဲ့ ဒီမိုကရေစီရေး အတွက် ပျော့ပြောင်းတဲ့ သူမ သဘောထားကို ပြသလိုက်တာပါ” ဟု မကြာသေးမီက ဧရာဝတီသို့ ပြောဆို ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံပေးပို့ ထားသော ပထမစာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေးအတွက် အနောက် နိုင်ငံသံတမန် ၃ ဦးနှင့် တွေ့ဆုံခွင့် ပြုရန်၊ NLD သဘောထားကိုလည်း ညှိနှိုင်း ရယူခွင့် ပြုရန် တောင်းဆို ခဲ့သည်။

ယင်းတောင်းဆိုမှုနှင့် ပတ်သက်၍ စစ်အစိုးရက အနောက် နိုင်ငံ သံအမတ် ၃ ဦးနှင့် တွေ့ဆုံ ခွင့်ပြုခဲ့သည်။ NLD သဘောထားကို ညှိနှိုင်းရေးနှင့် ပတ်သက်၍မူ ယခုချိန်ထိ တစုံတရာ တုံ့ပြန်ခြင်း မရှိသကဲ့သို့ တွေ့ဆုံ ဆွေးနွေး သည့် အကြောင်းအရာနှင့် ပတ်သက်၍ ၂ ဘက်စလုံးက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော် အီယန် ကယ်လီက မြန်မာနိုင်ငံ အတွက် အကျိုးရှိ စေမည့် ကိစ္စနှင့် ပတ်သက်ပြီး တောင်းဆိုမှု အပေါ် စစ်အစိုးရ အနေဖြင့် တုံ့ပြန်ရန် မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည် ပေးစာနှင့် ပတ်သက်၍ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့က ယမန်နေ့ရက်စွဲဖြင့် ၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်၍ ကြိုဆို လိုက်ကြသည်။

NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ CEC များတွေ့ဆုံခွင့် ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းခွင့် ရရေး တောင်းဆိုချက် များသည် အပြုသဘော ဆောင်သော တောင်းဆိုချက်ဖြစ် ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရက ထုတ်ပြန် ခဲ့သော ဓာတ်ပုံ အထောက်အထားများ အရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */