မြ၀တီ စီးပွားရေးဇုန် ညွှန်ကြားရေးမှူး လာဘ်စားမှုဖြင့် ခုံရုံးဖွဲ့စစ်ဆေး ခံနေရ

Saturday, November 21, 2009 ·

ဘစောတင် | ကရင် ပြည်နယ် မြ၀တီ စီးပွားရေး အထူးဇုန်မှ ညွှန်ကြားရေးမှူး ဦးအောင်စိုးသိန်းကို ပြည်ပမှ တရားမ၀င် သွင်းလာသော မြေတူး ကားများနှင့် ပတ်သက်ပြီး အာဏာပိုင်များက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်၍ ခုံရုံးဖွဲ့  စစ်ဆေးမှု ပြုလုပ် နေကြောင်း သတင်း ရရှိသည်။

ယခု လဆန်းပိုင်းက မြ၀တီမှ တဆင့် ထိုင်း နိုင်ငံဘက်မှ တင်သွင်းလာသော တစီးလျှင် ကျပ် သိန်း ၁၃၀၀ ၀န်း ကျင် ကာလ တန်ဖိုးရှိ မြေတူးကားနှစ်စီးအား ဘားအံမြို့အနီး နောင်းလုံ တောင်ကြား သံလွင်မြစ်ကူး တံတား တွင် ဖမ်းဆီး ရမိသည့် အတွက် ယခုကဲ့သို့ ဦးအောင်စိုးသိန်းကို စစ်ဆေးနေခြင်း ဖြစ်သည်ဟု အာဏာပိုင်များ နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

“ထိုင်းနိုင်ငံကတဆင့် ခိုးဝင်လာတဲ့ ဒီမြေတူးကားနှစ်စီးကို ကရင်ပြည်နယ် ပြည်နယ် ဒုစရိုက်နှိမ်နင်း ရေးအဖွဲ့  က ဖမ်းဆီး လိုက်ရာ ကနေပြီး ပြဿနာ စတက်လာတာ၊ တကယ်တော့ ဒီမြေတူး ကားတွေကို ရန်ကုန်က လူ ကြီးသားသမီးတွေပိုင်တဲ့ ကုမ္ပဏီတွေမှာ သုံးဖို့ ခိုးသွင်းတာ၊ ဒါကြောင့် ဒီညွှန်မှူးက တစီးကို ကျပ် ၅ သိန်း စီ ယူပြီး ခွင့်ပြုခဲ့တယ်၊ လမ်းမှာ အစစ်အဆေးရှိရင် အထူးဇုန်မှာ အသုံး မလိုတော့လို့ ရန်ကုန်ကို ပြန်ပို့ တာလို့ ပြောခိုင်းတယ်၊ ဒါကြောင့် အခု သူ့ ကိုအရင်စစ်နေတာ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီး ခံထားရသော မြေတူးကားများနှင့် ပတ်သက်ပြီး ကရင် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်မြင့် ကို မြ၀တီမြို့ခံတဦးက တိုင်ကြားမှုရှိသည့် အတွက် ရဲမှူးကြီး ကျော်မြင့်က ပြည်နယ် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့  မှ ဒုရဲမှူး ၀င်းနိုင် နှင့် ဒုရဲမှူး ၀င်းမြင့်တို့ အား ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယခုဖြစ်ပွားသော အမှုတွင် စစ်တပ်အရာရှိကြီးများလည်း ပါဝင်ပတ်သက်နေကြောင်း ဘားအံခရိုင် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲ အရာရှိ တဦးက ပြောသည်။

“ဒါပေမယ့် အခုဟာက ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြည်ထဲရေးဝန်ကြီးဆီကို တင်လိုက်တော့ မဖမ်းလို့ မရတော့ ဘူး၊ ၀န်ကြီးကလည်း လက်တဆုံးနှိုက်ကွာလို့မှတ်ချက်ပေးထားတယ်၊ ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး မီးခိုး ကြွက်လျှောက် ဖြစ်ဦးမယ်”ဟု အထက်ပါ ရဲ အရာရှိက ဆိုသည်။

အဆိုပါ မြေတူးကားများကို နံပါတ်ပြားအတုများတပ်ဆင်ကာ မောင်းနှင်လာခဲ့ခြင်းဖြစ်သည်ဟုလည်း သိရ သည်။

မြေတူးကားတစီးပေါ်တွင် တွေ့ ရှိရသော ကားနံပါတ်မှာ ၉ခ/ ၇၅၁၆ ဖြစ်၍ Soon- Tin ၀၆၇၂၂၂၈၁ ဟု လည်း ရေးသားဖော်ပြထားပြီး ကား၂ စီးစလုံး CATERPILLAR အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ယခုအမှုတွင် ရဲဝန်ထမ်းအဆင့်ဆင့်နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများလည်း ပါဝင်ပတ်သက် နေသော ကြောင့် ဆက်လက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များနှင့် နီးစပ်သူက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */