မန္တလေးမြို့တွင် လမ်းဘေး အိပ်စက်သူ ပိုများလာ

Thursday, November 19, 2009 ·

ခိုင်လင်း | မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ် အတွင်း လမ်းဘေး ပလက်ဖောင်းနှင့် တိုက်ဘေးများတွင် ညဘက်ပိုင်း၌ လာရောက် အိပ်သူ အိမ်ယာမဲ့များ ပိုမိုများပြားလာနေသည်။

အိမ်ယာ မြေမဲ့များနှင့် မြို့တွင်း ကြုံရာကျပန်း အလုပ်လုပ် သူများသည် မန္တလေး ဈေးချို ဝန်းကျင် အနီးတွင် အများဆုံး လာရောက် ညအိပ်ကြပြီး ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးတို့တွင် ဧည့်စာရင်း တိုင်ကြားရသည်ဟု မန္တလေးမြို့ခံ တဦးက ပြောသည်။

၎င်းက “အဲဒီနေရာကို ချမ်းအေးသာစံ အလယ်လို့ ခေါ်တာပေါ့။ အဲလိုအိပ်တာကို (၂၉) လမ်းလောက်ကနေ စတွေ့ရပြီ၊ ဈေးချိုနီးလာလေ သူတို့ကို များများတွေ့ရလေပဲ။ လမ်းဘေးပလက်ဖောင်းပေါ်တို့၊ ဗန်ဒံပင်အောက်၊ တိုက်ဘေးတို့မှာ တွေ့ရတယ်။ ည (၁ဝ) နာရီ နောက်ပိုင်း အဲဒီဘက်သွားရင် လမ်းဘေးမှာ ခြင်ထောင်တွေထောင်ပြီး တန်းစီအိပ်နေကြတာ။ နေ့ခင်း ဘက်ဆို ထွက် အလုပ် လုပ်တယ်၊ အချို့က ဘူးခွံကောက်၊ အချို့က ကျပန်းပေါ့၊ အချို့က တောင်းရမ်းစားသောက်တယ်၊ အချို့က ကားဖုံသုတ်တယ်၊ အခြေမဲ့ အနေမဲ့ တွေပေါ့။ အရေအတွက် ကတော့ ခန့်မှန်းရ ခက်တယ်။ အနည်ဆုံး ရာပိုင်းလောက် ရှိမှာပဲ။ အဲဒါတွေက အခု ဧည့်စာရင်းတိုင် နေရတယ်” ဟု ပြောသည်။

အဆိုပါ လာအိပ် သူများတွင် မိသားစုများ အလိုက် အများဆုံး တွေ့ရကြောင်း၊ အချို့မှာ နယ်ဘက်ပိုင်းမှ မန္တလေးတွင် အလုပ်ရှာရန် တက်လာကြသူ လူလတ်ပိုင်းများပင် ရှိကြောင်း အဆိုပါ မန္တလေးမြို့ခံက ပြောသည်။

၎င်းက “အချို့က မုံရွာနယ် အနောက်ဘက်ကတို့ ပါလာတယ်၊ နယ်အစုံကပဲ။ ဟိုမှာက အလုပ်အကိုင် မရှိလို့ မန္တလေးကို အလုပ် လာရှာကြတာ။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အုတ်သယ်မယ်၊ တောက်တိုမည်ရ လုပ်မယ်၊ ကျပန်း လာလုပ်ကြတဲ့ သူတွေ။ ဘုန်းကြီးကျောင်းတွေမှာ၊ ကွက်သစ်တွေမှာ နေပြီး ဒီမြို့ထဲကို အလုပ်လာလုပ်ဖို့ ဆိုတာကလည်း သွားလိုက်၊ ပြန်လိုက်နဲ့ ကားခတွေ ကုန်မယ်၊ အလုပ်ဆင်းဖို့ အချိန် နောက်ကျ တာတွေ ရှိမယ်၊ ဒါကြောင့် မြို့ထဲမှာ ဖြစ်သလို တွေ့တဲ့နေရာ ရှာအိပ်ရတယ်။ ဈေးချို တဝိုက်၊ မန္တလေး ဘူတာကြီး တဝိုက် အဲလိုနေရာတွေမှာ အိပ်ကြတယ်” ဟု ပြောသည်။

ယခုနှစ် အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မိုးခေါင်ကာ စိုက်ပျိုးရေ မရရှိ၍ လယ်ယာ လုပ်ငန်းတွင် အချိန် နောက်ကျမှ စိုက်ပျိုး ခဲ့ရသကဲ့သို့ စီးပွားရေး ကျပ်တည်းမှုများကြောင့် ဒေသခံ တောင်သူ အများစုမှာ မန္တလေးနှင့် အိမ်နီးချင်း နယ်စပ်များသို့ ထွက်ကာ အလုပ်အကိုင် သစ်များ ရှာဖွေ လုပ်ကိုင် လာကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */