တရုတ် နိုင်ငံဘက် ကူးမည့်သူများ ကျန်းမာရေး ဌာနကို အခငွေကြေးပေးရ

Thursday, November 19, 2009 ·

ပေါက်ပေါက် | မကြာသေးမီ ရက်ပိုင်းမှ စ၍ တရုတ်-မြန်မာ နယ်စပ် ဝင်ထွက်ပေါက်တခုဖြစ်သည့် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းတွင် တာဝန်ကျသည့် ကျန်းမာရေး ဌာနက တရုတ် နိုင်ငံဘက်သို့ နယ်စပ် ဖြတ်ကျော်မည့် သူများအား အခကြေးငွေယူကာ ကျန်းမာရေး ထောက်ခံချက်များ ထုတ်ပေးနေသည်။

ကန်ပိုက်တီး နယ်စပ် ဂိတ်တွင်ရှိနေသည့် ကျန်းမာရေး ဝန်ထမ်းများက တစုံတရာ ကျန်းမာရေး ဆေးစစ်မှု လုပ်မပေးဘဲ ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက်ဖြတ်ပိုင်းကို လူတဦးလျှင် တရုတ်ငွေ (၂) ယွမ် (မြန်မာငွေ ကျပ်သုံးရာ နီးပါး) ဖြင့် ထုတ်ပေး နေသည်ဟု လက်မှတ် လုပ်ခဲ့ရသူ မြစ်ကြီးနား မြို့သားက ပြောသည်။

၎င်းက “နပ်စ့်မလေးတွေက လုပ်ပေးတာ။ ဘာမှ စစ်တာ ဆေးတာ မရှိဘူး။ နယ်စပ် ဖြတ်မယ် ဆိုရင် လဝကမှာ စာအုပ်လုပ်၊ ကျန်းမာရေး ဌာမှာ အဲဒီလက်မှတ် သွားယူရတယ်။ ပြီးတော့ အဲဒီ လက်မှတ်က တရုတ်ကလည်း ဘာမှ အရေးတယူ ကြည့်တာမျိုး၊ အသိအမှတ် ပြုတာမျိုး မရှိဘူး။ သူတို့က နယ်စပ်ဖြတ်ကျော် စာအုပ်ကိုသာ ကြည့်တာ။ ပြီးတော့ တရုတ်ကို အဝင်တံဆိပ် ထုပေး လိုက်တာပဲ။ တခါတလေ မသင်္ကာတဲ့သူကို အဖျားတိုင်းတာတော့ ဟိုတလောတုန်းက ရှိခဲ့ဖူးတယ်၊ လူတိုင်းကို မဟုတ်ဘူး” ဟု ပြောသည်။

တရုတ် ပြည်ဘက်တွင် အသုံး မဝင်သည့် အဆိုပါ ကျန်းမာရေး လက်မှတ်များ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းက အခကြေးငွေယူပြီး ထုတ်ပေးနေခြင်းသည် ခေါင်းစဉ် တမျိုးတပ်ကာ ငွေကောက်ခြင်း သက်သက် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းသည် ကချင် ပြည်နယ်၊ ဆဒုံး မြို့နယ်ခွဲ၊ ကန်ပိုက်တီး ကျေးရွာတွင် ရှိပြီး ယခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည်။

နယ်စပ် ဖြတ်ကျော်သည့် စာအုပ်များ လုပ်ရာတွင် စာအုပ်တအုပ် တရုတ်ငွေ (၅ဝ) ယွမ် ပေးဆောင်ကြရပြီး ယခု ကျန်းမာရေး လက်မှတ်ခ ပေးဆောင်ရခြင်းနည်းတူ မြန်မာကျပ်ငွေ လက်မခံဘဲ တရုတ်ငွေဖြင့်သာ ကောက်ခံ နေသည်။

တရုတ် နိုင်ငံဘက်ကမူ မြန်မာ နိုင်ငံသားများ နယ်စပ် ဖြတ်ကျော် သွားလာမှု အတွက် မည်သည့် ငွေကြေးမျှ ကောက်ခံခြင်း မပြုပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */