တရုတ် ကြက်သွန်နီကြောင့် ဈေးပြန်အေးလာ

Wednesday, November 04, 2009 ·

မဇ္ဈိမ | နယူးဒေလီ။ ။ တရုတ်ပြည်မှ ကြက်သွန်နီ တင်သွင်းလာမှုကြောင့် မြန်မာ့ ဈေးကွက် အတွင်း ကြက်သွန်နီ ဈေးနှုန်း အနည်းငယ် ကျဆင်း လာနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံး အပတ် အတွင်း တရုတ်နိုင်ငံမှ ကြက်သွန်နီ စုစုပေါင်း တန်ချိန် ၂၀ တင်သွင်းလာမှုကြောင့် အောက်တိုဘာလ နောက်ဆုံးပတ် အတွင်း ရှယ်တပိသာ ကျပ် ၁၄၀၀ မှ ယခုအခါ တပိသာ ကျပ် ၁၂၅၀ သို့ ကျသွားသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းမှ စတင်ကာ ကြက်သွန်နီ ဈေးနှုန်း တရှိန်ထိုး ဈေးနှုန်း မြှင့်တက်လာခဲ့ရာ၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကြက်သွန်နီ တပိဿာဈေးနှုန်း ကျပ် ၁၈၀၀ ရှိခဲ့သည်။

ကြက်သွန်နီဈေးနှုန်းများ ဈေးကွက် အတွင်း အဆမတန် မြှင့်တက် လာရခြင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ ကြက်သွန်နီ စိုက်ခင်းများအတွင်း ရေကြီးမှု များ ဖြစ်ပေါ်ခဲ့သည့်အတွက် စိုက်ခင်းများပျက်စီးခြင်း၊ ကြက်သွန် ပေါ်ချိန် တလ နောက်ကျ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပွဲရုံများအဆိုအရ သိရသည်။

“ပြီးခဲ့တဲ့လလောက်က ကျောက်ဆည်ဘက်မှာ နည်းနည်း ရေကြီးလို့ မိုးကြက်သွန်က အနောက်ကို တလလောက် နောက်ဆုတ် သွားတာလေ။ အဲဒါကြောင့် ကြက်သွန်အသစ် ပေါ်တဲ့အချိန်ဟ သွားတော့ လက်ကျန်နဲ့ နည်းနည်းလေး လိုသွားတာ။ ပစ္စည်းပျက်တော့ အခုလိုဈေးတွေ တက်ကုန်တာပေါ့” ဟု ဘုရင့်နောင်ပွဲရုံရှိ ကျော်စိန် ပွဲရုံပိုင်ရှင်က ပြောသည်။

ကြက်သွန်နီ ရှားပါးပြီး ဈေးနှုန်း မြှင့်တက်လာသည့် အတွက် မြန်မာ အိမ်နီးချင်း နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ယခုနှစ်၊ စက်တင်ဘာလ လဆန်းပိုင်း တွင်လည်း တန်ချိန် ၁၂၀ မှာယူ တင်သွင်းခဲ့ရကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံမှ ကြက်သွန်နီ မှာယူတင်သွင်းမှုသည် ပထမဦးဆုံးအကြိမ် ဖြစ်ပြီး၊ တန်ချိန်စုစုပေါင်း ၂၂၃ မှာယူ တင်သွင်းသွားမည် ဖြစ်သည့်အပြင်၊ ရောင်းဈေး တပိဿာကို အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၀၀ အဖြစ်၊ သတ်မှတ်ကာ ဈေးနှုန်းထိန်းသိမ်း ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ကိုးကား၍ အပတ်စဉ်ထုတ် The Voice ဂျာနယ်က ဖော်ပြထားသည်။

ယခုလို တရုတ်ပြည်မှ မှာယူတင်သွင်းသည့် ကြက်သွန်နီများမှာ အခွံပါးလွာပြီး၊ တလုံးတွင် အလေးချိန် ၃၀ သားမှ ၄၀ သားအထိ ရှိကာ တာရှည်အထားမခံကြောင်း ပွဲရုံများက ပြောသည်။

“အထားမခံဘူး၊ သူက ၁ပတ် ၂ ပတ် ဆိုရင် ပုပ်ကော၊ မြန်မြန်ဖြန့်ရတယ်။ လက်လီရောင်းဖို့ သိပ်မလွယ်ဘူး။ အိမ်ရှင်မတွေကတော့ သိပ်မကြိုက် ဘူးပေါ့ဗျာ” ဟု ဘုရင့်နောင် ပွဲရုံ တာဝန်ခံ တဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ အိမ်ရှင်မ တဦးကလည်း “ကြက်သွန်တွေက အလုံးကြီးတော့ တခါချက်ရင် တဝက် လှီးလိုက်၊ တဆိတ်လောက် လှီးလိုက် နဲ့ သိပ်အဆင်မပြေပါဘူး။ တလုံးတလုံးကို တော်တော်ကြီးတာကိုး။ မိသားစုနဲတဲ့ အိမ်ဆိုရင် ပိုတောင် ဆိုးသေးတယ်” ဟု ပြောသည်။

တရုတ် နိုင်ငံထွက် ကြက်သွန်နီ များကို မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တဆင့် မူဆယ်- မန္တလေး- ရန်ကုန် လမ်းကြောင်း အတိုင်း တင်သွင်းနေခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ကြက်သွန်နီ အများဆုံး ထွက်ရှိသည့် ဒေသမှာ မန္တလေးတိုင်း ဖြစ်ပြီး၊ မိုးကြက်သွန်စိုက် ဧက စုစုပေါင်း ၇၀၈၃ ရှိပြီး၊ ဆောင်း စိုက်ဧက ၆၂၂၈၈၁ ရှိကြောင်း အစိုးရ တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

(ချယ်ရီမှ သတင်း ပေးပို့သည်။ နန်းဒေဝီ တည်းဖြတ်သည်။)

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */