ရဲက ဖမ်းသွားသော ကဗျာဆရာ ခန့်မင်းထက် ပျောက်ဆုံးနေ

Wednesday, November 04, 2009 ·

နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်မြို့ရှိ အလင်္ကာ ဝတ်ရည် ဂျာနယ်တိုက်မှ ဒီဇိုင်း ဆရာနှင့် ကဗျာဆရာ ခန့်မင်းထက်ကို ရဲက ဖမ်းဆီးသွား သည်မှာ သီတင်းနှစ်ပတ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုက ပြောသည်။

သာကေတ မြို့နယ်ရှိ သူ၏ နေအိမ်သို့ အထူး ရဲသတင်းတပ်ဖွဲ့ (SB) အဖွဲ့ဝင်များ အောက်တိုဘာ ၂၂ ရက်နေ့က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ဖမ်းဆီးပြီး ၄ ရက်မြောက်နေ့တွင် SB ၄ ဦးသည် နေအိမ်သို့ ထပ်မံ လာရောက်၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ စီဒီချပ်တချို့ ယူဆောင် သွားသလို၊ ကိုခန့်မင်းထက် အလုပ်လုပ်သော ဂျာနယ် တိုက်တွင်လည်း ကွန်ပြူတာ Hard disk ကိုပါ ထိုနေ့မှာပင် သိမ်းဆည်း သွားကြသည်။

“မေးမြန်းစရာ ရှိလို့ဆိုပြီး ခေါ်သွားမယ် ပြောပြီးတော့ ဒီနေ့ထိ ဘယ်မှာရှိမှန်း မသိရတော့ မိသားစုတွေ အားလုံး အလွန် စိတ်ပူနေကြတယ်” ဟု ကိုခန့်မင်းထက်၏ ဖခင်ဖြစ်သူ ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဖမ်းဆီးခြင်း ဖြစ်မည်ဟု မိသားစုဝင်များက ခန့်မှန်းကြသော်လည်း အာဏာပိုင်များက အကျိုးအကြောင်း ပြောပြခြင်း မရှိဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း နာဂစ်ဒဏ်သင့်သူများကို အကူညီပေးနေသော လင်းလက်ကြယ် အဖွဲ့ဝင်များအပါအဝင် ရန်ကုန်ရှိ နိုင်ငံရေး လှုပ်ရှားတက် ကြွသူ ၄၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - AAPP (B) က ပြောသည်။


(ရဲရင့်အောင် တည်းဖြတ်သည်။)

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */