တရုတ် ရေနံ ကုမ္ပဏီ မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စတင် ဖောက်လုပ်

Wednesday, November 04, 2009 ·

ဗီအိုအေ | အရှေ့အလယ်ပိုင်းဒေသက တရုတ်က ၀ယ်ယူတဲ့ ရေနံတွေ၊ မြန်မာ နိုင်ငံ ရွှေသဘာဝ ဓာတ်ငွေ့သိုက်နဲ့ အာဖရိက တိုက်က ၀ယ်ယူတဲ့ တရုတ်ရဲ့ သဘာဝ ဓာတ်ငွေ့တွေကို မြန်မာ နိုင်ငံက တဆင့် ပိုက်လိုင်း သွယ်ပြီး တရုတ် ပြည်ကို တင်ပို့ရေး အတွက် အဲဒီ ပိုက်လိုင်း မြန်မာ နိုင်ငံမှာ တည်ဆောက်ရေး စတင် လိုက်ပြီလို့ အင်္ဂါနေ့က တရုတ်အစိုးရပိုင် National Petroleum Corporation က ကြေညာလိုက်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ ထဲက မြန်မာပိုင် မဒေးကျွန်း ပေါ်မှာ ဒီပိုက်လိုင်း တည်ဆောက်ရေးကို တနင်္လာနေ့က စတင်တာလို့ တရုတ်အရာရှိတွေက ပြောပါတယ်။ ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းပြီး တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ဆက်သွယ်မှာ ဖြစ်ပါတယ်။

ဒီပိုက်လိုင်းကြီးကို ဘယ်အချိန်မှာ စပြီး အသုံးပြုမယ် ဆိုတာကိုတော့ တရုတ် အရာရှိတွေက ပြောဆိုခြင်း မရှိပေမဲ့ တနှစ်ကို ရေနံဆီပေါင်း ၈၄ သန်း ပမာဏကို ဒီပိုက်လိုင်းကြီးကနေ ပို့လွှတ်နိုင်မှာ ဖြစ်တယ်လို့ တရုတ်တွေက ပြောကြားကြပါတယ်။

ဒီပိုက်လိုင်းကြီး တည်ဆောက်ရေးကြောင့် ပိုက်လိုင်းကြီး ဖြတ်သန်းသွားရာ ဒေသခံ လူထုတွေကို အတိဒုက္ခတွေ ရောက်စေမှာ ဖြစ်ပြီး မြန်မာစစ် အစိုးရကတော့ လာမယ့် နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၀၀၀ ကို ရရှိသွားစေမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကန့်ကွက် ပြောကြားနေကြပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */