ရန်ကုန် မီးအတွက် ဂက်စ် ပိုက်လိုင်းသစ် စတင် အကောင်အထည်ဖော်

Tuesday, November 17, 2009 ·

ဝီရ | လာမည့် ၂၀၁၀ ပြည့်နှစ် လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းများအပါအ၀င် ရေပေးဝေမှု အတွက် လျှပ်စစ်မီး အလုံအလောက် ပေးဝေနိုင်ရန် မုတ္တမ ပင်လယ်ပြင်မှ ရန်ကုန်တိုင်းသို့ သဘာဝ ဓာတ်ငွေ့ ဂက်စ် ပိုက်လိုင်း အသစ်ကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။

တရုတ် ကုမ္ပဏီ၏ အကူအညီဖြင့် ယင်းသဘာဝ ဓာတ်ငွေ့များကို ရန်ကုန်မြို့သို့ သွယ်တန်းမည် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မတ်လ ကုန်ပိုင်းတွင် အပြီးသတ် နိုင်မည်ဟု ရန်ကုန်တိုင်း စက်မှုဇုန်များ လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲတွင် သက်ဆိုင်ရာက အသိပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့အား လျှပ်စစ်မီး ပေးရန် ရည်ရွယ် ဖောက်လုပ် ထားသည့် တနင်္သာရီ-ရန်ကုန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည်
မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားနေပြီး ပြုပြင်ရက် ကြန့်ကြာနေခြင်းကြောင့် သက်ဆိုင်ရာမှ ဓာတ်ငွေ့ ပိုက်လိုင်း အသစ် ထပ်မံ သွယ်တန်း နေခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း ကန်ဘောက်မှ သွယ်တန်း ထားသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် လွန်ခဲ့သည့် စက်တင်ဘာ လဆန်းပိုင်း ကတည်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာကျေးရွာနှင့် အနင်းရွာကြားတွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့၌ လျှပ်စစ်မီး ပြတ်တောက် ခဲ့ကာ ရေပေးဝေရေး စနစ်များလည်း မြို့အနှံ့တွင် ပြတ်လပ်ခဲ့သည်။

“ကန်ဘောက်-မြိုင်ကလေး-ရန်ကုန်ကို သွယ်ထားတဲ့ ဂက်စ်ပိုက်လိုင်းက မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်မှာ တလကို အနည်းဆုံး တနေရာ ပေါက်ကွဲယိုထွက်မှုဖြစ်တယ်။ ဒါက မိုင်းနဲ့ ဖောက်ခွဲခံရလို့ ဖြစ်တာရှားတယ်။ ပိုက်လိုင်း ကွာလတီ အရည်အသွေးက မကောင်းတာ။ အပူအအေး ခံနိုင်ရည်လည်း နည်းလို့ ပေါက်တာကို သူပုန်အဖွဲ့တွေ ဖောက်တယ်ဆိုပြီးတော့ ရွာသားတွေကို စောင့်ခိုင်း၊ ပြုပြင်ဖို့ ပိုက်ဆံ ထည့်ခိုင်းတာတို့ စတဲ့ အဓမ္မခိုင်းစေမှုတွေ မြန်မာ စစ်တပ်က အမြဲတမ်း လုပ်ဆောင်နေတယ်” ဟု လူ့အခွင့်အရေး မြှင့်တင်ရေး အဖွဲ့ (မွန်ပြည်) မှ အဆိုပါ ပိုက်လိုင်း အတွက် စာတမ်း ကောက်ခံ ခဲ့သူ တဦးက ပြောသည်။

၂၀၀၉ ခု (၉) လတာကာလတွင် ကန်ဘောက်မှ မြိုင်ကလေး ပိုက်လိုင်း လမ်းပိုင်း အကြား ပေါက်ကွဲမှုဖြစ်စဉ် (၁၀) ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယခု မုတ္တမ ပင်လယ်ကွေ့- ရန်ကုန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသစ်အား ခံနိုင်ရည် မြင့်မားသည့် (၂၄) လက်မ ပတ်လည် အရွယ်အစားရှိ ပိုက်လိုင်းကြီးဖြင့် သွယ်တန်းမည် ဖြစ်ပြီး မည်သည့် ဒေသများသို့ ဖြတ်သန်း သွားမည်ကို အသေးစိတ် ပြောကြားခြင်း မရှိသေးပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */