ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သံတမန် အဖွဲ့ တွေ့ဆုံ

Thursday, November 05, 2009 ·

NEJ | အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာရှယ် တို့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ (၂) နာရီကြာခန့် တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၁) နာရီခွဲကနေ (၁) နာရီခွဲလောက် အထိ အင်းယားလိတ်မှာ တွေ့ခဲ့ကြပြီး ဗဟို အလုပ်အမှု ဆောင်အဖွဲ့နဲ့ (၃:၄၀) နာရီမှာ တွေ့နေပါတယ်” ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာ ၀င်းနိုင်က ပြောသည်။

နေအိမ် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ သတင်း မီဒီယာများအား ၀င်ရောက် ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့သော်လည်း မေးမြန်းခွင့် မပြုခဲ့ကြောင်း သိရသည်။

“ဓာတ်ပုံ ရိုက်ခွင့်ပဲပေးတယ်။ ရိုက်ပြီး ပြန်ရတာပဲ။ သတင်း အချက်အလက် ဘာမှ မရပါဘူး။ အန်တီစုကို တွေ့ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာပါတယ်။ သူ့မျက်နှာက အရမ်း ကျက်သရေ ရှိနေတာပါပဲ” ဟု အင်းယားလိတ်သို့ သွားရောက်ခွင့် ရသည့် ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာ ကမ်ဘဲလ် ဦးဆောင်သည့် သံတမန် အဖွဲ့သည် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံမှုသည် အမေရိကန်နှင့် မြန်မာ အစိုးရ (၂) ခုအကြား (၁၀) စုနှစ် အတွင်း အဆင့်အမြင့်ဆုံး အရာရှိများ တွေ့ဆုံခြင်း ဖြစ်သည်။

တွေ့ဆုံသည့် အကြောင်းအရာများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း မရှိသေး သကဲ့သို့ စစ်အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာများက မစ္စတာ ကမ်ဘဲလ်၏ (၂) ရက်ကြာ ခရီးစဉ် နှင့်စပ်လျဉ်း၍ ယနေ့ အထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခုကဲ့သို့ အဆင့်မြင့် အမေရိကန် သံတမန်များ မြန်မာနိုင်ငံ လာရောက်ခြင်းသည် အမေရိကန် အစိုးရက ပိတ်ဆို့ တားမြစ်မှုများနှင့် အတူ တိုက်ရိုက် ပြောဆို ဆက်ဆံမှုများ ပြုလုပ်သွားမည် ဆိုသည့် မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီသစ် တရပ် ထုတ်ပြန်ပြီး နောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။

မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာရှယ်တို့ အပါအ၀င် အမေရိကန်ကိုယ်စားလှယ် (၄) ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ပြီးနောက် အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံး၌ အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ကော်မတီ ၀င်များနှင့် (၁) နာရီကြာ တွေ့ဆုံ ခဲ့သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

၎င်းက “ဆွေးနွေးပွဲမှာ အဓိကထား ပြောဖြစ် ကြတာကတော့ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင် နိုင်ရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာတွေကို ဆွေးနွေး သွားကြတာပါ” ဟု ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ (၆) ဦးသာ တက်ရောက် နိုင်ခဲ့ပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိပေ။

၂၀၀၈ ခုနှစ်အတွင်း ပြန်လည် လွတ်မြောက် ခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေ တို့သည် စစ်အစိုးရက စီစဉ်ပေးသော သံတမန် တွေ့ဆုံပွဲများတွင် တက်ရောက်ခွင့် ရခြင်း မရှိဘဲ ယခု ပထမ အကြိမ် အဖြစ် နိုင်ငံခြားသံတမန်များနှင့် တရားဝင် တွေ့ဆုံနိုင်ခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */