နအဖ ခေါင်းဆောင် နာဂစ်သင့်ဒေသ ခရီးထွက်ပြန်

Tuesday, November 03, 2009 ·

မဇ္ဈိမ | ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့တွင်လည်း နာဂစ် ဆိုင်ကလုံး ဒဏ်သင့် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့များသို့ သွားရောက်ကြောင်း သိရှိရသည်။

ယခု ခရီးစဉ် အတွင်း ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ညအိပ်မည် ဖြစ်ပြီး၊ ရန်ကုန်သို့ နိုဝင်ဘာလ ၄ ရက်နေ့မှသာ ပြန်ရောက် လာမည်ဟု စစ်ဘက် သတင်းရပ်ကွက်များအရ သိရသည်။ ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း အကြီးအကဲ ဖြစ်သူ နယ်စပ် စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီး သိန်းညွှန့်က စစ်အစိုးရ ခေါင်းဆောင်နှင့် အဖွဲ့ကို ကြိုဆိုရန် စီစဉ်ထားသည်။

ယမန်နေ့ကလည်း နအဖ ခေါင်းဆောင် အပါအဝင် ၃၃ ဦးသော အဖွဲ့သည် ရဟတ်ယာဉ် ၃ စင်းဖြင့် ဘိုကလေးနှင့် ဖျာပုံသို့ နေ့ချင်းပြန် သွား ရောက်ခဲ့သည်။ သူ၏ ခရီးစဉ်ကို အောက်တိုဘာလ ဆန်းပိုင်းတွင် စီစဉ် ခဲ့သော်လည်း ရုတ်တရက် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှသာလျှင် ခရီးစဉ်တွင်း လိုက်ပါရမည့် သူများကို အသိပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး၏ နာဂစ်ဒေသ ခရီးစဉ်များသည် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင် နေသည်။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်၊ အာဆီယံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ဟာဘီယမ်တို့ ပါဝင်သော ၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ယနေ့ ရောက်ရှိလာသည်။

မစ္စတာကမ်းဘဲလ်နှင့် အဖွဲ့သည် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ သိပ္ဗံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့ အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံပြီး နေပြည်တော်တွင် ညအိပ် ရပ်နားမည် ဖြစ်သည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့ နေအိမ်၌ ထိန်းသိမ်း ခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျားလိတ်ဟိုတယ်၌ မနက်ဖြန် နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ညနေတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */