အမေရိကန် ကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ

Tuesday, November 03, 2009 ·

ကိုထွေး | မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁၀း၂၀ နာရီတွင် နေပြည်တော်သို့ ရောက်ရှိသွားကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက ဧရာဝတီကို ပြောသည်။


လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် နှင့် အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်
အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့ ဦးဆောင်ပြီး တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

“ဒီနေ့ တနေ့လုံး သူတို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ပါလိမ့်မယ်၊ မနက်ဖြန်မှာ ရန်ကုန်ကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ပါမယ်” ဟု အမည် မဖော်လိုသူ အမေရိကန် သံရုံး အရာရှိက ဧရာဝတီသို့ ပြောသည်။

ကိုယ်စားလှယ်အဖွဲ့သည် နယူးယောက်တွင် တွေ့ဆုံခဲ့ဖူးသည့် မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်များနှင့် ယနေ့ ထပ်မံ တွေ့ဆုံမည် ဖြစ်ကြောင်း သံရုံး အရာရှိက ဆက်လက် ပြောဆိုသည်။

စက်တင်ဘာလကုန်ပိုင်းက အမေရိကန်၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒသစ် ထွက်ပေါ်လာပြီးနောက် မစ္စတာ ကမ်းဘဲလ်သည် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သေးသည်။ ထိုသို့ တွေ့ကြရာတွင် အရေးယူ ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အင်အားစုများ ပါဝင်နိုင်ရေး တို့နှင့် ပတ်သက်ပြီး ဆွေးနွေးကြကြောင်း သိရသည်။

ယခု မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံရန် အလားအလာ မရှိကြောင်း သုံးသပ်သူများက ဆိုသည်။

ခရီးစဉ် မတိုင်မီ မြန်မာနှင့် အာဆီယံ နိုင်ငံများမှ လူထု အခြေပြု လူမှုအဖွဲ့အစည်း ၅၀ က မစ္စတာ ကမ်းဘဲလ် ထံသို့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့လိုက်သည်။

အိတ်ဖွင့် ပေးစာတွင် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အမေရိကန်၏ ကြိုးပမ်းမှုက တစုံတရာ အထောက်အကူ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများကို တိုက်ခိုက်မှုများ ရပ်ဆိုင်းရေး၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရေး၊ အားလုံးပါဝင် နိုင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရေးတို့ အတွက် စစ်အစိုးရကို ဖိအားပေးရန် တောင်းဆို ထားသည်။

ထိန်းသိမ်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခု အမေရိကန် အစိုးရကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်ကို စောင့်ကြည့် နေသည်ဟု မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */