ဒီကေဘီအေ ထိန်းချုပ် နယ်မြေတွင် ဆေးဝါးရှားပါး

Friday, November 06, 2009 ·

အောင်ကျော်မိုး | တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) ထိန်းချုပ် နယ်မြေတို့တွင် ဆေးရုံများ ဆောက်ထားသော်လည်း ဆေးဝါး မရှိသလောက် ဖြစ်နေသည့် အတွက် ဒေသခံ ပြည်သူများ အတိ ဒုက္ခရောက် နေရကြောင်း ဒီကေဘီအေ ဆေးမှူး တဦးက ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်း အခြေစိုက်ရာ ရွှေကုက္ကို ကျေးရွာတွင် တာဝန်ကျသည့် ဆေးမှူး တဦးက “ကျနော်တို့ဆီမှာ ဆေးရုံဆိုပြီး အုတ်ညှပ်နဲ့တော့ အဆောက်အဦ ကောင်းကောင်း ဆောက်ထားပါရဲ့။ လူနာတွေ အတွက် ဆေးဆိုတာ လုံးဝ မရှိသလောက်လို့ ပြောလို့ရတယ်။ အစိုးရဘက်ကလည်း မထောက်ပံ့ဘူး။ ဒီကေဘီအေ တာဝန် ရှိသူတွေ ကလည်း ငွေရရင် စစ်လက်နက် ပစ္စည်း ဝယ်ဖို့လောက်ပဲ စိတ်ကူးတယ်။ ကိုယ့်တပ်သား မိသားစုတွေ၊ ဒေသခံ ပြည်သူ တွေရဲ့ ကျန်းမာရေး ကိစ္စကိုတော့ လုံးဝ ထည့်မစဉ်းစားဘူး” ဟု ပြောသည်။

ထိုင်းအခြေစိုက် နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များက လည်း အဓိကအားဖြင့် ဒုက္ခသည် စခန်းတို့ကိုသာ ကူညီ ထောက်ပံ့မှု လုပ်ကြကြောင်း၊ ဒီကေဘီအေဘက်က ပြည်သူများကို အကူအညီပေးရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံခြားသား အလှူရှင် တယောက်သာ ရွှေကုက္ကို ဆေးရုံကို ဆေးဝါးများ တကြိမ် လှူဒါန်းဖူးကြောင်း၊ အဆိုပါကိစ္စကို စစ်အစိုးရ တပ်က တာဝန်ရှိသူများ တွေ့သွားပြီး ယင်းဆေးများ မည်သည့် နေရာက ရသလဲ၊ မည်သည့် အဖွဲ့အစည်း မည်သူတို့က လာလှူသလဲ၊ မည်သူက လက်ခံသလဲ စသဖြင့် စစ်ဆေး မေးမြန်းပြီး နောက်ထပ် လက်ခံခြင်း မပြုရန် ပြောဆိုခြိမ်းခြောက်ကြောင်း အဆိုပါဆေးမှူးက ရှင်းပြသည်။

ရွှေကုက္ကို ကျေးရွာသို့ သွားရောက် ခဲ့ဖူးသည့် ထိုင်း အခြေစိုက် အန်ဂျီအို အဖွဲ့ဝင်တဦးက အဆိုပါ ဒေသအာဏာပိုင်များသည် ပြည်သူ့ ကျန်းမာရေး ကိစ္စ ဂရုမစိုက်၍ ဆေးဝါးမလုံလောက်သည်မှာ မှန်ကန်ကြောင်း၊ ၎င်းတို့ထံမှ ပြည်သူများသည် နာမကျန်း ဖြစ်ပါက မြန်မာပြည် ဘက်က ဆေးရုံရှိရာ မြို့ သို့မဟုတ် ထိုင်းဘက် အခြမ်း မဲဆောက်ရှိ မယ်တော် ဆေးခန်းတွင် သွားရောက် ဆေးကုသ ခံကြကြောင်း ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့သည် စစ်အစိုးရ စေခိုင်းသည့် အတိုင်း ကေအန်ယူ တပ်ဖွဲ့နှင့် ကရင် အချင်းချင်းကို တိုက်ခိုက် ရန်မျှသာ စိတ်ဝင်စားကြောင်း၊ ထို့ကြောင့် အကောက်အခွန်နှင့် မှောင်ခိုကုန်သွယ်ရေးတို့မှ ရသည့် ငွေကြေးမှန်သမျှ ကိုယ်ကျိုးရှာခြင်း၊ စစ်လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းတို့ကိုသာ လုပ်ပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို လျစ်လျူ ရှုထားကြောင်း ဒေသခံ ပြည်သူများက ဝေဖန် ပြောဆို နေကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */