ဂျီအက်စ်အမ် ဖုန်းများ ချပေးနေ

Friday, November 06, 2009 ·

မျိုးချစ်သူ | မြန်မာ့ ဆက်သွယ်ရေးတွင် ဂျီအက်စ်အမ် ဖုန်းတလုံးကို ကျပ် (၁၇) သိန်းဖြင့် (၅) ရက်အတွင်း အမည်ပေါက် ၀ယ်ယူနိုင်ကြောင်း ဆက်သွယ်ရေး အရာထမ်း တဦးက ပြောသည်။

ယခင်က ဂျီအက်စ်အမ် တယ်လီဖုန်းများကို လျှောက်လွှာများဖြင့် လျှောက်ကြရပြီး အစိုးရဈေး ကျပ် (၁၅) သိန်း (၅) သောင်း ပေးသွင်းရကာ ဖုန်းကတ်ကို လျှောက်ထားသူကိုယ်တိုင် သွားရောက်ထုတ်ယူရသည်။

“အခုလို (၁၇) သိန်းနဲ့  အမည်ပေါက် ရမယ် ဆိုတဲ့ အတွက် ဘယ်သူကမှ အချိန်ကုန် မခံတော့ဘူး။ ဆက်သွယ်ရေးက လုပ်စားတာပဲဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် ငွေ (၁) သိန်းခွဲပဲ ကွာတာ ဆိုတော့ သူတို့ ဆီမှာပဲ ၀ယ်လိုက်ရုံပဲလေ” ဟု ဂျီအက်စ်အမ် ဖုန်းကတ် ၀ယ်သူ တဦးက ပြောသည်။

ထိုသို့ ဖုန်းအမည်ပေါက် ၀ယ်ယူနိုင်ခြင်းမှာ ဆက်သွယ်ရေး ၀န်ထမ်းများက ခွင်တခု အဖြစ် ငွေရှာသော စီးပွားရေး ဖြစ်သော်လည်း ယခင် နှစ်များကဲ့သို့ ဖုန်းဈေးမမြင့်သည့် အတွက် အဆိုပါ ဂျီအက်စ်အမ်ကတ်များကို ၀ယ်သူများကြောင်း သိရသည်။

ဆက်သွယ်ရေး ၀န်ကြီးဌာနက ၂၀၀၈ ခုနှစ် ထုတ်ပြန်သော စာရင်းဇယားများ အရ မြန်မာနိုင်ငံ အတွင်းတွင် အော်တိုဖုန်းပေါင်း (၁၅၃,၃၄၄) လုံး၊ ဂျီအက်စ်အမ် ဖုန်းပေါင်း (၃၇၅,၈၀၀) လုံးနှင့် စီဒီအမ်အေ ဖုန်းပေါင်း (၂၀၅,၅၀၀) လုံး ရှိနေသည်ဟု သိရပြီး နောက်ဆုံး အတိအကျ စာရင်းများကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ်လတွင် ရန်ကုန်၌ ဂျီအက်စ်အမ် တာဝါတိုင်များကို မြန်မာ့ ဆက်သွယ်ရေးက ဖုန်းလိုင်း မကောင်းသော မြို့နယ် များတွင် စိုက်ထူခဲ့ကြောင်း လှိုင်သာယာ မြို့နယ်ရှိ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ရုံးမှ သိရသည်။

ယင်းသို့ တာဝါတိုင်များ စိုက်ထူသော်လည်း ရန်ကုန် မြို့တွင်းရှိ ကွန်ဒိုကဲ့သို့ အထပ်မြင့် အဆောက်အအုံ ကြီးများတွင် ဖုန်းလိုင်း လုံးဝ မကောင်းကြောင်း၊ တာဝါတိုင် ထောင်ရန် အတွက် ဆက်သွယ်ရေး ဌာနနှင့် အပေးအယူ ပြုလုပ်မှသာ လာရောက် တပ်ဆင် ပေးလေ့ ရှိကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */