မြန်မာ အလုပ်သမားများ အကြောင်း ရုပ်ရှင် ဘန်ကောက်တွင် ပြမည်

Friday, November 13, 2009 ·

အေးလဲ့ | ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ ဖြစ်ရပ်မှန်ကို ထင်ဟပ်မည့် “Colors of Our Hearts” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို

၇ ကြိမ်မြောက် ကမ္ဘာ့ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကို ယခုလ ၆ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Saim Paragon ၌ ကျင်းပလျက်ရှိပြီး ၁၅ ရက်နေ့နောက်ဆုံးဟု သိရသည်။ အထက်ပါ ဇာတ်ကားကို ၁၄ ရက်နေ့တွင် ပြသမည် ဖြစ်ကြောင်းသိရသည်။

ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်သူများသည် သာမန် အလုပ်သမားများ ကိုယ်တိုင်ပင် ဖြစ်ပြီး ထိုင်း နိုင်ငံသားဒါရိုက်တာ Supamok Silarak က ရိုက်ကူးထားခြင်း ဖြစ်သည်။ အခန်းဆက် အပိုင်း ၄ ပိုင်း ပါဝင်ပြီး မွန်၊ ဗမာ၊ မြောက်ပိုင်း ထိုင်းနိုင်ငံသားတို့၏ ဘာသာစကားများဖြင့် ပြောဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။ အဓိက သရုပ်ဆောင် ၄ ဦး ပါဝင်ပြီး ထိုင်းဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြမည် ဖြစ်သည်။

ယင်း ရုပ်ရှင် ဇာတ်ညွှန်းရေးသား၊ ထုတ်လုပ်သူ Th’blay paw က ရွှေ့ပြောင်း အလုပ်သမား တို့၏ ပြောပြချက် ကို အခြေခံရေးသား ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ပြောသည်။ အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံ အစိုးရနှင့် မသက်ဆိုင်သော အဖွဲ့တဖွဲ့ဖြစ်သည့် နယ်စည်းမခြား မိတ်ဆွေများအဖွဲ့က စီစဉ် ရိုက်ကူးခြင်း ဖြစ်သည်။

Th’blay paw က “မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ထိုင်း ပြည်သူ တွေ သိရှိ နားလည်ဖို့နဲ့ သူတို့တွေလည်း လူသားတွေပဲ ဖြစ်တယ်ဆိုတဲ့ အသိတရား ရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။

၎င်း အနေနှင့် မဟာချိုင် ဒေသသို့ သွားရောက် ခဲ့စဉ် ထိုင်းရဲက ဖမ်းဆီမည်ကို စိုးရိမ်ကာ ထွက်ပြေးနေသည့် တရားမဝင် မြန်မာ လုပ်သားများကို တွေ့မြင်ခဲ့ပြီးနောက် လွန်စွာ စိတ်မကောင်း ဖြစ်ခဲ့ရပြီး ယခုကဲ့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ရိုက်ကူးရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း Th’blay paw က ဆက်ပြောသည်။

ဇာတ်လမ်းအရ ချင်းမိုင်မြို့တွင် လိင်ဖျော်ဖြေရေး အတွက် ရောင်းစား ခံခဲ့ရသော “အခါ” တိုင်းရင်းသူ တဦး၏ ဘဝ ဇာတ်ကြောင်း၊ တရားမဝင် မြန်မာ အလုပ်သမားများကို စာသင်ကြား ပို့ချနေသည့် ကျောင်းဆရာ တဦး အကြောင်း၊ အဓမ္မ အလုပ်ခိုင်းစေ ခံခဲ့ရပြီး လုပ်အားခ မရသည့် မဲဆောက်မြို့မှ ကရင် တိုင်းရင်းသူ တယောက် အကြောင်းနှင့် မြန်မာ အလုပ်သမားများကို မဖမ်းရန် ထိုင်းဘုရင်ကို တွေ့ဆုံပြောပြချင်သော မွန် တိုင်းရင်းသား လူငယ် အကြောင်းရိုက်ကူးထားသည့် “Hongsa’s Schoolbag” ဇာတ်ကား ဖြစ်သည်။

၂၀၀၈ ခုနှစ်က “Hongsa’s Schoolbag” ဇာတ်ကားကို ပြသခဲ့ပြီး ဖြစ်ရာ အကောင်းဆုံးဆု ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာ လုပ်သား အများစုနေထိုင်၊ အလုပ်လုပ်ကိုင်ကြသော ဘန်ကောက်မြို့ အနီး စမွတ်စခွန် မြို့နယ်ရှိ မဟာချိုင် ဒေသ၊ ချင်းမိုင်မြို့နှင့် မဲဆောက်မြို့တို့တွင် ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း သိရသည်။

မွန် သရုပ်ဆောင် တဦးဖြစ်သူ Saorochai က “လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး နဲ့ လူသားချင်း စာနာတဲ့ စိတ်ရှိအောင် အခုလို ဇာတ်ကားမျိုး ထုတ်ပေးတာ ကောင်းတယ်လို့ ကျနော် မြင်တယ်” ဟု ဧရာဝတီ သို့ပြောသည်။

ထိုင်း တနိုင်ငံလုံးတွင် မြန်မာ ပြည်သား ရွှေ့ပြောင်း နေထိုင်သူ ၂ သန်းမှ ၄ သန်းအထိရှိကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်ဖော် အလုပ်အကိုင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */