မှောင်ခိုစက်လှေကို နစက ပစ်ခတ်၊ တဦး သေဆုံး

Thursday, November 12, 2009 ·

ငြိမ်းချမ်း | မဇ္ဈိမ (ဒါကာ)။ ။ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခို စက်လှေ ၂ စီးကို မောင်တော မြို့နယ် နယ်စပ်ဒေသ စိစစ်ရေးနှင့် ကွပ်ကဲရေး ဌာနက ယခုလ ၈ ရက်နေ့တွင် ပစ်ခတ် ဖမ်းဆီးရာ လူတဦး သေဆုံး ခဲ့ကြောင်း နှစ်နိုင်ငံ နယ်စပ်သတင်းများက ဆိုသည်။

မာန်အောင်မြို့မှ နွားများ တင်လာသော စက်လှေနှင့် တောင်ကုတ်မြို့မှ ကျွန်းသစ်များ တင်လာသော စက်လှေကို ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုပို့ဆောင်စဉ် ပစ်ခတ်တားဆီးသဖြင့် တောင်ကုတ်မှ စက်လှေလုပ်သား ၃၀ နှစ်အရွယ် ကိုငွေသိမ်း သေဆုံးခဲ့သည်။

“ပစ်တာက မောင်တော မြို့နယ်၊ အလယ် သံကျော် အရောက်မှာ နစက နယ်မြေ ၇ က လှမ်းပစ်တာလေ။ ကျနော်တို့ စက်လှေမှာတော့ ထိခိုက်မှု မရှိဘူး။ တောင်ကုတ်က လှေကတော့ အသေအပျောက် ရှိတယ်။ ဒဏ်ရာတွေ ရသွားတယ်လို့ ကြားတယ်။ အဖမ်းခံ လိုက်ရတယ်” ဟု ပစ်ခတ်ခံရသည့် မာန်အောင်စက်လှေမှ လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

ဒဏ်ရာ ရသွားသူများမှာ တက်မကိုင် ဦးဇော်ဝင်းနိုင်၊ ဦးပြည်သိမ်းနှင့် အခြားတဦးဖြစ်ပြီး၊ သေဆုံးသွားသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာပြင်းထန်သူ တဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်လိုက်ကာ၊ ကျန် ၅ ဦးကို နစက စခန်းတွင် ချုပ်နှောင်ထားသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ မှောင်ခိုလမ်းကြောင်းမှ သစ်နှင့် နွား တင်ပို့သူများသည် ပင်လယ်ပြင်တွင် လုံခြုံရေးယူထားသော ရေတပ်သင်္ဘောများကို လာဘ်ငွေပေးဆောင်ပြီးမှ ထွက်ခွာရလေ့ရှိသည်။
သို့သော် ကုန်ပစ္စည်းများကို သိမ်းဆည်းလေ့ရှိသည့် နစက ၇ က ရပ်ခိုင်းသဖြင့် ရပ်မပေးရာမှ ပစ်ခတ်ခံရကြောင်း မာန်အောင် စက်လှေလုပ်သားတဦးက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်တွင် နေပြည်တော်မှ ဗိုလ်မှူးချုပ်မျိုးသန့် ဦးဆောင်သော ပင်လယ်ပြင် စိုးမိုးရေး အထူးတပ်ဖွဲ့သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်၍ အခြေစိုက်ခဲ့ကြောင်းနှင့် လာဘ်ငွေကောက်ခံနေသည့် စစ်သင်္ဘောများမှာ အဆိုပါ အထူးတပ်ဖွဲ့၏ လက်အောက်ခံဖြစ်ကြောင်း တက္ကနာသို့ ရောက်ရှိလာသူ အခြား စက်လှေလုပ်သားတဦးက ပြောသည်။

ကျွန်းသစ်တတန်လျှင် ကျပ် ၂၀၀၀၀ စီနှင့် နွားတကောင်အတွက် ကျပ် ၅၀၀၀ စီ ပေးရသလို၊ အခြား ပစ္စည်းများ ဖြစ်ပါကလည်း အခွန်အကောက် အမျိုးမျိုးပေးဆောင်ရသည်။ ယခု ပစ်ခတ်ခံရသည့် စက်လှေ ၂ စီးအနက် တစီးသည် နွားကောင်ရေ ၁၀၀ ခန့်နှင့် အခြားတစီးမှာ ကျွန်းသစ်တန်ချိန် ၁၀၀ ခန့် တင်ဆောင်လာသည်ဟု စက်လှေလုပ်သားများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် မြန်မာကျွန်းသစ် တတန်လျှင် တာကာငွေ ၁၄ သိန်း (ကျပ် ၂၁ သိန်း) နှင့် နွားတကောင်လျှင် တာကာငွေ ၂၀၀၀၀ (ကျပ် ၃ သိန်း) မှ ၄၀၀၀၀ (ကျပ် ၆ သိန်း) အထိ ပေါက်ဈေးရှိပြီး၊ မြန်မာဘက်တွင် ကျွန်းသစ်တတန် ကျပ် ၇ သိန်းကျော်၊ နွားတကောင် အနိမ့်ဆုံး ၁ သိန်းမှ ၂ သိန်းခွဲအထိ ပေါက်ဈေး ရှိနေသည်။

ယခုလို ပစ်ခတ်ဖမ်းဆီးခြင်းမျိုး မကြာခဏ ဖြစ်လေ့ရှိသော်လည်း လူသေဆုံးခြင်းမှာ ယခုနှစ်အတွင်း ပထမဆုံး ဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */