ကမ္မ၀ါစာ ကိုင်ဆောင်မှုနှင့် နော်အုန်းလှ အဖွဲ့ကို တရားစွဲ

Thursday, November 12, 2009 ·

ကိုစိုး | စစ်အစိုးရက ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်္ဂါနေ့တိုင်း ၀တ်ပြု ဆုတောင်းသည့် ဒေါ်နော်အုန်းလှ နှင့် အမျိုးသမီး ၃ ဦးကို ကမ္မ၀ါစာ လက်ဝယ် တွေ့ရှိမှုဖြင့် တနင်္လာနေ့တွင် အာဏာပိုင် များက အင်းစိန်ထောင်တွင်း အထူး တရားရုံး၌ တရားစွဲဆို လိုက်ကြောင်း သိရသည်။

အဆိုပါ ဒေါ်နော်အုန်းလှတို့ ၄ ဦးကို ရဲ အထူး သတင်းတပ်ဖွဲ့က ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိသည့်အတွက် နိုင်ငံတော်အား တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးကို ဦးတိုက်လျှောက် ထား၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“အက်စ်ဘီက၊ သူတို့ကိုဖမ်းတုန်းက ကမ္မ၀ါစာ စာရွက်အပိုင်းလေး တွေ့တယ်၊ နော်အုန်းလှ တယောက် တည်းမှာတွေ့တာ၊ ကျန်တဲ့ သူတွေမှာ လုံးဝ မတွေ့ဘူး၊ အဲဒါ ကျန်တဲ့ ၃ ယောက်ပါ အားလုံး ဖမ်းသွား တယ်၊ အခုကျမှ ဦးတိုက်လျှောက်ပြီး တရားစွဲတာ၊ တရားရုံးက တရားသူကြီး ဦးအောင်သိန်းထိုင်တဲ့ အရှေ့ ပိုင်းခရိုင်ရုံး”ဟု ၎င်းက ပြောပြသည်။

ယခု တရားစွဲဆိုခံရသည့် ဒေါ်နော်အုန်းလှနှင့် မစန်းစန်းမြင့်၊ မချိုချိုနှင့် မချိုဝေလွင်တို့ ၄ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က တောင်ဒဂုန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ဆွမ်းကပ်ပြီးပြန်လာရာ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်နော်အုန်းလှတို့ကို ဖမ်းဆီး ခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တစုံတရာ ထုတ်ဖော် ပြောဆိုခြင်းမရှိခဲ့ပေ။

ဒေါ်နော်အုန်းလှသည် တက်ကြွသည့် နိုင်ငံရေးသမားတဦး ဖြစ်ပြီး မကြာခဏ ထိန်းသိမ်းခံရသူတဦး ဖြစ် သည်။

ဒေါ်နော်အုန်းလှတို့၏ အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ဆက်လက်ပြီး“ကျနော်တို့ သဘောပေါက်တာက ဒီ ကမ္မ၀ါစာ ဆိုတာက ဘုရားတရားစာပဲ၊ ဒါလေးကိုင်ဆောင်ထားရုံနဲ့ ဒီလိုဖမ်းစရာ အကြောင်းတော့မရှိဘူး”ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များဖြစ်သော ဒေါ်နော်အုန်းလှတို့ ၄ ဦးသည် ယခုစွဲဆိုထား သော ပုဒ်မ ၅၀၅(ခ)အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်သည်ဟုလည်း ဆိုသည်။

ရန်ကုန်မြို့ရှိ ဓမ္မာစရိယ စာချ သံဃာတော်တပါးကလည်း ယခုကဲ့သို့ ကမ္မ၀ါစာ လက်ဝယ်တွေ့ရှိရုံဖြင့် ဖမ်းဆီးအရေးအယူခြင်းသည် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီလိုကြားရတာ ဦပဉ္ဇင်းတို့ စိတ်မကောင်းဘူး၊ ကမ္မ၀ါစာ ကိုင်ရုံနဲ့ ဖမ်းတယ်ဆိုတာကတော့ ဘာသာရေး ရှုထောင့်က ကြည့်ရင် တကယ့်ကို အစွန်းရောက်သွားပြီ၊ ဘာသာရေး လွတ်လပ်ခွင့် မရှိတာဘဲ၊ ဘာသာရေး လွတ်လပ်ခွင့်အချိုးဖောက်ခံရတာ၊ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ဘုရားပုံတို့၊ ဘုရားစာတို့၊ ဂါထာတို့ ဆောင် တတ်ကြပါတယ်၊ အခုဟာက မလိုလားလို့ တမင်လုပ်တဲ့ သဘောပဲ၊ ဒီလို လုပ်တာ အစိုးရအနေနဲ့လည်း ကမ္ဘာ့အလယ်မှာ သိက္ခာကျပါတယ်”ဟု အထက်ပါ သံဃာတော်က ဆိုသည်။

လက်ရှိ အခြေအနေ အရ ဒေါ်နော်အုန်းလှတို့ ၄ ဦးစလုံးကို အာဏာပိုင်များက အင်းစိန်ထောင်တွင် ဆက်လက် ထားရှိပြီး လာမည့် တနင်္လာနေ့သို့ ရုံးချိန်း ပြန်ချိန်းထားကြောင်း သိရသည်။

ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */