အမေရိကန်-အာဆီယံ ဆက်ဆံရေး မြန်မာကြောင့် အထိခိုက်ခံမည်မဟုတ်

Wednesday, November 11, 2009 ·

အာအက်ဖ်အေ | အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန်-အာဆီယံ ဆက်ဆံရေးအပေါ် ဆက်လက်ပြီးတော့ ပြဿနာအဖြစ်ခံမှာ မဟုတ်တော့ကြောင်း အမေရိကန်သမတ မစ္စတာ အိုဘားမားရဲ့ အာရှဒေသ မူဝါဒ ညွှန်ကြားရေးမှူး မစ္စတာ ဂျက်ဖရီဘေဒါက ပြောကြားလိုက်ပါတယ်။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးတခုတွင် တက်ရောက်သော နိုင်ငံများအား ကိုယ်စားပြုသည့် အလံများ စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား တိုက်ရိုက်ဆက်ဆံမှု မရှိခဲ့တဲ့အတွက်ကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ကြားမှာလည်း ဆက်ဆံရေး ထိခိုက်ခဲ့ရကြောင်း၊ နိုဝင်ဘာ ၁၅ ရက် အခုလာမဲ့ တနင်္ဂနွေနေ့မှာ သမတ အိုဘားမားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ အာဆီယံတဖွဲ့လုံး နဲ့ အမေရိကန် ဆက်ဆံရေး ကိစ္စရပ်တွေကို အဓိက ဦးတည် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

အမေရိကန် သမတဟာ အာဆီယံ တဖွဲ့လုံးနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး၊ စည်းဝေး ခန်းထဲမှာ မြန်မာ ဝန်ကြီးချုပ် ရှိနေတဲ့ အတွက် ဆိုပြီး ကျန်တဲ့အဖွဲ့ဝင် ၉ နိုင်ငံကို ထိခိုက် နစ်နာစေမှာ မဟုတ်ကြောင်း၊ မြန်မာ ဝန်ကြီးချုပ်နဲ့ နှစ်ယောက်တိုက်ရိုက် စကားပြောဖို့ ရည်ရွယ်ချက်လည်း မရှိကြောင်း၊ မစ္စတာ ဂျက်ဖရီဘေဒါက ဆက်လက် ပြောကြား သွားပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */